We the People

 

▪️ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတွေက ခြေဥတွေမှာ
အထက်လွှတ်တော် (အမျိုးသား လွှတ်တော်) နဲ့ အောက်လွှတ် - လွှတ်တော် (ပြည်သူ့လွှတ်တော်) ၂ ရပ်မှာ
ပြည်သူ့လွှတ်တော်ဟာ ပြည်ထောင်စုတခုလုံးက နိုင်ငံသားတွေဟာ လူဦးရေး အခြေပြု မဲဆန္ဒနယ်တွေက ရွေးကောက်ပြီး ဖွဲ့စည်းတယ်
အခြေခံဥပဒေမှာလည်း အချုပ်အခြာအာဏာသည် ပြည်သူက ဆင်းသက်သည်လို့ ပြဒါန်းတယ်။







The Preamble, the Constitution's introductory paragraph, lays out the purposes of the new government: 

We the People of the United States, in Order to form a more perfect Union, establish Justice, insure domestic Tranquility, provide for the common defence, promote the general Welfare, and secure the Blessings of Liberty to ourselves and our Posterity, do ordain and establish this Constitution for the United States of America.

The opening words, "We the People," represented a new thought: the idea that the people and not the states were the source of the government's legitimacy


▪️ NUCC CRPH ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာ
အချုပ်အခြာအာဏာသည် ပြည်နယ် နဲ့ အဲဒီပြည်နယ်က ပြည်သူက ဆင်းသက်သည်လို့ ပြဒါန်းတယ်။
ဒီတော့ ပြည်ထောင်စုတခုလုံးက နိုင်ငံသားတွေဟာ လူဦးရေ အခြေပြု မဲဆန္ဒနယ်တွေက ရွေးကောက်ပြီး ဖွဲ့စည်းတဲ့ ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းရမှာ ဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ ပြည်သူ့လွှတ်တော်ဟာ ပြည်နယ်နဲ့ မသက်ဆိုင်လို့ပဲ။
▪️ NUCC CRPH ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာ
အထက်လွှတ်တော် (အမျိုးသား လွှတ်တော်) မှာလည်း အာဏာမရှိပြန်ဘူး။
အမျိုးသား လွှတ်တော်ဟာ လူမျိုးစု အခြေပြု လွှတ်တော် ဖြစ်တယ်။ ရှမ်းဆိုရင် ဘယ်ပြည်နယ်မှာပဲ နေနေ ရှမ်းလူမျိုး အရေအတွက် အချိုးအစားနဲ့ ရှမ်းအမတ်တွေ တက်ရတယ်။
CRPH ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာ အာဏာသည် ပြည်နယ်အပေါ်မှာပဲ တည်ပြီး လူမျိုးစုအပေါ်မှာ မရှိပြန်ဘူး
ပြည်သူဆိုတာကိုလည်း ပြည်နယ်တွင်းက ပြည်သူ ဖြစ်ရမယ်လို့ limited ကန့်သတ်တယ်။ ဒါဆိုရင် ရှမ်းပြည်နယ်ပြင်ပက ရှမ်းများတဲ့ ဒေသ ( ကချင်ပြည်နယ်) မှာ ရှမ်းအမတ်တွေ မရှိနိုင်တော့ဘူး
▪️ CRPH ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာ
ပြည်နယ်လွှတ်တော်တွေမှာ အာဏာအကုန်လုံး အပ်နှင်းသလို ဖြစ်နေတယ်။
ပြည်နယ်တွင်း ပြည်သူများတွင် အချုပ်အခြာအာဏာ တည်တယ်လို့ ရိုးိရုး ရေးရင် တော်သေးတယ်။ ပြည်နယ် ( မြေကြီး) မှာ အချုပ်အခြာအာဏာတည်တယ်လို့ ရေးတာဟာ အလွန်အန္တရာယ်များတယ်။
ဆိုပါစို့ .. ပြည်ပ / ပြည်တွင်း လက်နက်ကိုင်တစုက ပြည်နယ်ကို တိုက်ချုက် သိမ်းပိုက်လိုက်ပြီ ဆိုရင် ... အဲဒီအဖွဲ့ဟာ အလိုလို အချုပ်အခြာအာဏာ တည်ရှိသွားပါပြီ။
မြေဂရမ်တခုမှာ မြေကွက်ကို ပိုင်ဆိုင်သူအမည်ကို တရားဝင် ရေးထိုးရပါမယ်။ the owner and land itself are owner of the land မြေကွက်ကို မြေပိုင်ရှင်နဲ့ မြေကွက်ကိုယ်တိုင် အတူတူပိုင်သည် လို့ ဆိုရင် အဲဒီမြေကွက်ကို ဘယ်နည်းနဲ့ သိမ်းယူပါစေ အလိုလို ပိုင်ရှင် ဖြစ်သွားပါလိမ့်မယ်။
ဆိုပါစို့ .. ဘင်္ဂလားဒေ့ရှ်က ရခိုင်ကို သိမ်းပြီး ရခိုင်ပြည်နယ်အစိုးရ ဖွဲ့ရင် ဘယ်တရားရုံမှ ငြင်းမရတော့ပါ။ ကုလသမဂ္ဂ ICJ တက်ရှင်းလည်း မရဆော့ပါ။
ဖက်ဒရယ် စနစ်မှာ ပြည်နယ်တွေက ကြွင်းကျန်သော အာဏာကို ဗဟိုအစိုးရထံ လွှဲအပ်ရမှာ ဖြစ်ပေမယ့်၊ ပြည်သူကို အခြေမပြုပဲ မြေကြီးကို အခြေပြုတဲ့ ပုဒ်မဟာ အလွဲကြီး လွဲနေပြီ
▪️ NUCC CRPH ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာ
ပြည်နယ်မှာ အာဏာတည်သည်ဆိုတော့ ပြည်တွင်းစစ်မီး မွှေးထားတာပါပဲ။
၁၀၁ ပါးသော လူမျိုးတွေဟာ အချုပ်အခြာအာဏာရှိဖို့ ပြည်နယ်တခု မဖြစ်မနေ လိုအပ်သွားပါပြီ..
ဖက်ဒရယ်ကိုလည်း လူမျိုးအမည်ပြည်နယ်တွေနဲ့ ဖွဲ့မယ်။ ပြည်နယ်မှာ အာဏာတည်တယ်။ ဒါဆိုရင် လူမျိုးတိုင်း ပြည်နယ်ရလိုမှု နဂိုအခံ မီးပွားလေးကို ဓာတ်ဆီလောင်းချလိုက်တာပါပဲ
▪️ NUCC CRPH ရေးဆွဲတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာမှာ
ပြည်နယ် နဲ့ ပြည်နယ်တွင်း လူထုမှာ အချုပ်အခြာအာဏာတည်သည် လို့ ရေးထားတော့ ပြည်နယ်ကို de jure နည်းနဲ့ သိမ်းပိုက်သူဟာ ခွဲထွက်နိုင်တယ်လို့ ဆိုလိုပါတယ်။
ဒါဟာ ခွဲထွက်ခွင့်လို့ ဒဲ့မရေးပဲ မလိမ့်တပတ်ရေးထားတာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား