ဖက်ဒရယ် ဒီမိုကရေစီ နဲ့ ကွန်ဖက်ဒရယ် ဘာကွာလဲ


အသေးစိပ်တွေက အများကြီး ‌ပြောစရာ ရှိတာပေါ့။ ကောင်းဆိုး/ကြောင်းကျိုး တွေလည်း ပြောစရာ ရှိတာပေါ့။
ဒါပေမယ့် အလွယ်တကူ နားလည်နိုင်အောင်ဆိုရင် ပုံထဲက အတိုင်းပဲ။
ဖက်ဒရယ် ဒီမိုကရေစီဆိုတာက... တနိုင်ငံလုံးရဲ့ ဒီမိုကရေစီ အခြေခံ စနစ်အပေါ်မှာ ဖက်ဒရယ် အုပ်ချုပ်ရေးကို တင်ထားတာ။ ဒါကို ဖက်ဒရယ် ဒီမိုကရေစီလို့ ခေါ်တယ်။
ကွန်ဖက်ဒရယ်ကတော့... မတူတဲ့ နိုင်ငံတွေနဲ့ စုပေါင်းပြီး သဘောတူညီမှုနဲ့ ဗဟိုအစိုးရကို အဏာပေးငှားပြီး ကွန်ဖက်ဒရယ် နိုင်ငံကို တည်ဆောက်ထားတာ။
ကွန်ဖက်ဒရယ်မှာ မတူတဲ့ နိုင်ငံတွေဟာ ဒီမိုကရေစီ ဖြစ်ချင်ဖြစ်မယ်။ အာဏာရှင် ဖြစ်ချင် ဖြစ်မယ်။ လူမျိုးစုဝါဒီ ဖြစ်ချင်ဖြစ်မယ်။ ဘာသာရေး နိုင်ငံဖြစ်ချင်ဖြစ်မယ်။ သို့သော် အဲဒါက ကွန်ဖက်ဒရယ်အတွက် အရေးမကြီးဘူး။
အဓိက အချက်က အဲဒီ တစ်နိုင်ငံခြင်းစီကနေ ကွန်ဖက်ဒရယ် နိုင်ငံမှာ ပါဝင်ပါ့မယ်ဆိုပြီး ပူးပေါင်းမှုပဲ။ တည်ဆောက်ပုံအရ အဲဒီလို တည်ဆောက်တာကြောင့် အချိန်မရွေးလည်း သူ့သဘောအရ ကွန်ဖက်ဒရယ်ကနေ ထွက်သွားချင်လည်း ရတယ်။
ဘေးတိုက် နိုင်ငံတွေနဲ့လည်း အုပ်ချုပ်ရေး အာဏာဆက်စပ်မှု လုံးဝ မရှိဘူး။ ဗဟို အစိုးရကို အာဏာ ခဏ ပေးငှားထားတဲ့ စနစ်။
အဓိက ကွာခြားချက်ကတော့... ဖက်ဒရယ် ဒီမိုကရေစီ မှာ ပြည်သူ့ ဒီမိုကရေစီ ရှိတယ်။ ဒီမိုကရေစီဟာ အဓိက အကျဆုံး မဖြစ်မနေ လိုအပ်တဲ့ အခြေခံ သဘောတရား ဖြစ်တယ်။
ကွန်ဖက်ဒရယ်မှာ ပြည်သူ့ဒီမိုကရေစီဟာ ရှိချင် ရှိမယ်။ မရှိချင်လည်း ရလည်း။ ပြည်သူ့ဆီကနေ လာတဲ့ ဒီမိုကရေစီရွေးချယ်မှုဟာ ကွန်ဖက်ဒရယ်မှာ အရေးပါမနေတော့ဘူး။ ဒီမိုကရေစီ မရှိလည်း ကွန်ဖက်ဒရယ် တည်ဆောက်လို့ရတယ်။ ပြည်သူက မဖြစ်မနေ အရေးပါတဲ့ နေရာမှာ ရှိမနေတော့ဘူး။ အာဏာရှိသူတွေက ဆုံးဖြတ်တာကို ပြည်သူက နာခံရမယ့် သဘော။
အခု ပြောနေကြတဲ့ နိုင်ငံရေး ဆွေးနွေးမှု အများစုက... ပုံ (၁) ရဲ့ ဖက်ဒရယ် ဒီမိုကရေစီလို့ ပြောပြီး၊ ပုံ (၂) ရဲ့ ကွန်ဖက်ဒရယ်ကို တည်ဆောက်ချင်နေကြတာလို့ မြင်တယ်။
ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်... ဘယ်ပုံစံ သွားရမယ် မပြောပါဘူး။ ကောင်းမယ် ထင်တာ လုပ်ပါ။
သို့သော်... ဖက်ဒရယ်ခေါင်းချိတ်ပြီး၊ ကွန်ဖက်ဒရယ် အသားကို ရောင်းနေလို့တော့ မရဘူးလေ နော်။
တိတိကျကျ ပြောရောင်းဖို့ပါ။
ကိုထိုက်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား