နိုင်ငံရေး လိုတိုရှင်း

နိုင်ငံရေး  လိုတိုရှင်း  


 ▪️ မဲစာရင်း ဆိုတာ -

☝️ မအလက  မဲစာရင်း လို့ "လုံးချပြောရင်  ပြည်သူကို အချဉ်ဖမ်းပြီး လိမ်တာပဲ။ ဘယ်မဲစာရင်းလဲလို့ သေသေချာချာ နားထောင်ကြည့်ရင် ပုံစံ (ကို အကြောင်းပြတယ်။



☝️ ပုံစံ (ဆိုတာ မဲပေးခွင့်ရှိသူ စာရင်း ဖြစ်ပြီး လဝက+ထွေအုပ်+ရပ်ကျေးက ပြုစုတာ ဖြစ်တယ်။လဝက ဆိုတာ ဘင်္ဂလီပြဿနာကြီး ဖြန်တီးတဲ့ လာဘ်စား၊ ပျင်းထူး၊ အသုံးမကျဆုံး ခြတောင်ပို့ကြီးဖြစ်တယ်။ နိုင်ငံတကာမှာ လဝကစာရင်း နဲ့ပဲ မဲပေးကြတယ်။ မြန်မာပြည်မှာ  ပုံစံ (ဖရိုဖရဲ စာရင်းကို ရပ်ကွက်ရုံးမှာ ကပ်ပြီး ပြည်သူကို မှန်မမှန် စစ်ခိုင်းတယ်။ မပါရင် မှားရင် ပုံစံ(နဲ့လျှောက်လွှာတင်ခိုင်းတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်  ခဏခဏ စစ်ခိုင်းတယ်။ ပြည်သူ့လစာစားတဲ့ ကောင်းတွေ ညံဖျင်းတာကို ပြည်သူမှာ အလုပ်ပို လုပ်ခိုင်းတယ်။ 



 


 မအလ စကစ အပြစ်ရှာနေတာ အဲဒီ ပုံစံ (ပဲ ဖြစ်နယ်။ ပုံစံ(စာရင်း နဲ့  မဲထည့်သူစာရင်းဟာ မိုးနဲ့ မြေလို ကွာတယ်။  လူဦးရေစာရင်းနဲ့ ဆိုရင် ပိုတောင်ကွာသေးတယ်။  ပုံစံ(စာရင်းဟာ ဦးလှသိန်း လက်ထက်မှ မဟုတ်ဘူး၊ဦးတင်အေးလက်ထက်မှာလည်း မှားတာပဲ။  မအလဟာ ဦးတင်အေး လက်ထက်  similar case ကို သိပြီးသား လက်ခံပြီးသား recognized  and  accepted  ဖြစ်တဲ့ အတွက် ပုံစံ(ကြောင့် ဆိုတဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှုမရှိဘူး။


☝️ မဲထည့်ပြီးရင်တောင် ပယ်မဲ ရှိသေးတယ်။ ဇကာတင် ကျန်ရစ်တဲ့ ခိုင်လုံမဲ သာလျှင်  ရွေးကောက်ပွဲရလာဒ် တရားဝင်တယ်။ ခိုင်လုံမဲ စာရင်းကို ပါတီကိုယ်စားပြု မဲရုံကိုယ်စားလှယ်တွေက ပုံစံ (၁၆) မှာလက်မှတ်ထိုးရတယ်။ မအလဟာ ပုံစံ (၁၆ကို ငြင်းဆန်လို့ မရဘူး။ အဲဒါ အမှန်တရားပဲ။ ကြံဖွတ် မဲရုံကိုယ်စားလှယ်တွေပါ လက်မှထိုးတာဖြစ်တယ်။ မဲရုံ နံရံမှာ ကပ်ပြီး အများပြည်သူ ကြေညာ ရတယ်။မဲရုံ တွေက ပုံစံ (၁၆တွေကို မြို့နယ်ရုံးက စုပြီး ပုံစံ(၁၉လုပ်ရတယ်။ ပုံစံ (၁၉က စာရင်းချုပ်။   မအလဟာ တရားဝင် ရွေးကောက်ပွဲ ရလာဒ် ပုံစံ (၁၆ကို ငြင်းဆန်နေတာ ဖြစ်တယ်။ မဲစာရင်းကြောင့် ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ invalid reason ဖြစ်တယ်။


☝️ မဲစာရင်း ကိစ္စ အဝဝသည် UEC ရဲ့ ဆောင်ရွက်ချက် နဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်။ စစ်တပ် ပါဝင်ခွင့် မရှိဘူး။ ဒါကြောင့် မအလ မဲစာရင်း ငြင်ခုံနေတာ တရားမဝင်ဘူး။ 


▪️ ရွေးကောက်ပွဲ မသမာမှု ဆိုတာ -


☝️  ၂၀၀၈ ခြေဥမှာ ရွေးကောက်ပွဲ မသမာမှု ရှိရင်  စစ်တပ် ဝင်ရောက် စွက်ဖက်စရာ မလိုပဲ၊  မဲမသမာမှု စစ်ဆေးတဲ့ လုပ်ငန်းစဉ် ရှိပြီး ဖြစ်တယ်။  စွပ်စွဲချက် တွေကို UEC ကို တင်ရတယ်  ခုံရုံးနဲ့ စစ်တယ်။ UEC က အမိန့်ချတယ်။ ပုဒ်မ ၄၀၂ အရ  UEC ဆုံးဖြတ်ချက်ဟာ အတည်ပဲ။  စစ်ဆေးကာလမှာ  မဲနိုင် ကိုယ်စားလှယ်က လွှတ်တော် တက်နေရတယ်။ စွပ်စွဲချက် မှန်ကန်မှ ဒုတိယ မဲအများဆုံးကလွှတ်တော် ကိုယ်စားလှယ် ဖြစ်တယ်။ စစ်ဆေးကာလ   က  နှစ်အထိကြာတယ်။ တင်အေးလက်ထက်ကလည်း ဒီလိုကြာတာ ပဲ။ကြံဖွတ်ဟာ စွပ်စွဲချက် ၁၀၀၀ ကျော် ဦးလှသိန်း UEC ကို တင်တယ်။  UEC က ခုံရုံးတွေ ဖွဲ့တယ်။ ဆင့်ခေါ်တယ်။ UEC ကို အမှုစစ်ခွင့် မပေးပဲ မအလက အာဏာလုတာ ဖြစ်တယ်။ ဒါကြောင့် မအလဟာ ဥပဒေပါ မဲမသာမှု စစ်ဆေးရေး လုပ်ငန်းစဉ်ကို ဖျက်ဆီးတာဖြစ်တယ်။ စစ်တပ်က စစ်ဆေးတယ် ဆိုတာ  ဥပဒေမဲ့  လုပ်ရပ်ဖြစ်တယ်။






☝️  စိုးမောင်နဲ့    ဇော်ဝိတ် က  နိုင်ငံတော်သမတနဲ့ ဦးလှသိန်း ပါ ၁၅ ဦး ကို  ရွေးကောက်ပွဲ မသမာမှု ဆိုပြီး စွပ်စွဲတဲ့ အမှုကို စစ်ဆေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အာဏာပိုင်မေးစာချွန်တော်အမိန့်ထုတ်ရန် အမှုတင်တယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမှုကို တလခြား ရွေ့ဆိုင်းလိုက်တယ်။  မအလဟာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စာချွန်တော် ထုတ်သင့် မထုတ်သင့် ဆုံးဖြတ်တာ မလုပ်ရသေးခင် အာဏာလုတာ ဖြစ်တယ်။ တရားစီရင်ရေးကို ဖျက်စီးတာ အာဏာလုတာ ဖြစ်တယ်။


☝️ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ သိန်းစိန်ခန့် တရားသူကြီးချုပ် စစ်ဥပဒေချုပ် ဟောင်းထွန်းထွန်းဦး +   တရားသူကြီး  ပါး + NLD သမ္မတ ခန့် တရားသူကြီး  ပါးရှိတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို အသက် ၇၀ မပြည့်ခင် နိုင်ငံတော်သမ္မတတောင် ဖြုတ်ခွင့်မရှိဘူး။ လွှတ်တော်က စွဲချက်တင် စစ်ဆေးပြီးမှ သမ္မတက ဖြုတ်ရတယ်။  မအလ အာဏာလုပြီး NLD သမ္မတ ခန့် တရားသူကြီး ၄ ပါးကို ဖြုတ်ပစ်လိုက်တယ်။ တရားစီရင်ရေးကို ဖျက်စီးပြီးနိုင်ငံတော်သမ္မတကို အမှုဆင် လုပ်ကြံနေတာ ဖြစ်တယ်။



☝️ ဒါကြောင့် UEC ရဲ့ တရားစီရင်ခွင့်ရော၊ တရားလွှတ်တော်ချုပ်ရဲ့ တရားစီရင်ခွင့်ရော  ပြီးဆုံးတဲ့အထိ မစောင့်ပဲ၊ မအလဟာ သူ အလိမ်ပေါ်မှာ စိုးလို့ အမြန် အာဏာလုနာ ဖြစ်တယ်။ 



▪️ ၂၀၀၈ ခြေဥရဲ့  မင်းမဲ့ စရိုက် =   ပုဒ်မ  ( စ )


☝️ မအလ ဟာ  ဝါဒဖြန့်တဲ့အခါ မဲစာရင်းနဲ့ ပုဒ်မ  ( စ )  ကို ရှေ့တန်းတင်ပေမယ့်  ကြေညာချက်မှာ မရေးရဲတာကို ကြည့်ရင် ဥပဒေမဲ့ စွပ်စွဲချက်တွေ ဆိုတာ သိနိုင်တယ်။ ပုဒ်မ ၆ ( စ ) " နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး  " လို့  ဘာမှ တိတိကျကျ မရှိတဲ့ အချက်ကို တပ်တွင်းဝါဒဖြန့်တာမှာ သုံးတယ်။ 

အခုလို အဏာလုတာဟာ ပုဒ်မ  ၆ ( စ )  ကြောင့် ဆိုရင်   ပါတီတွေက၂၀၀၈ ခြေဥထဲက ကျန်ပုဒ်မတွေကို ဘယ်လောက်ပဲ လိုက်နာပါစေ၊ ကာချုပ် တယောက် စိတ်ထင်တိုင်း အာဏာလုခွင့် ရှိသလို ဖြစ်နေတယ်။ အမျိုးသား နိုင်ငံရေး ဆိုတာ ဘာလဲ တိတိကျကျ မရှိ။ဦးဆောင်သည် ဆိုတာ ကာချုပ် ခိုင်းတာဖို့လား။ တိတိပပ ပြဒါန်းထားတဲ့ UEC လုပ်ပိုင်ခွင့် နဲ့တရားစီရင်ရေး ပုဒ်မတွေကို မလိုက်နာပဲ၊ ဝါးတားတား ရေးထားတဲ့ ပုဒ်မ (ကို  ကြိမ်စကြာလို သုံးမယ် ဆိုတဲ့ သဘောဟာ ၂၀၀၈ ခြေဥရဲ့  မင်းမဲ့ စရိုက်ကို ပြသနေတာပဲ။  


☝️မအလ ပြောသလို ပုဒ်မ (နဲ့  အိပ်မက်မကောင်းတိုင်း အာဏာလုခွင့် ရှိတယ် ဆိုရင် ပိုပြီး  priority မြင့်တဲ့ ပုဒ်မ ()  "အချုပ်အခြာအာဏာ သည် နိုင်ငံသားများမှ ဆင်းသက်သည် " ဆိုတာကိုဆန့်ကျင်နေတာပဲ


☝️ ဒါပေမယ့် မအလဟာ အဲဒီ ပုဒ်မ (ကို ဘယ်တော့မှ ကြေညာချက်ထဲ မရေးရဲဘူး။ လိမ်ညာဝါဒဖြန့်ရုံသက်သက်ပဲ။ 



▪️ တရားမဝင်ဘူး ဆိုတာ -


☝️ ၂၀၂၁ ဖေဖော်ဝါရီ  ရက် မှာ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်လို့  (တနည်းအဲ့ဒီ ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်လို့ တရားမဝင်ဘူး။ 


☝️ ၂၀၂၁ မတ်လ ၃၁ မှာ ပြည်ထောင်စုလွှတ်တော် (CRPH) က ၂၀၀၈ ခြေဥကို ဖျက်သိမ်းလိုက်လို့  စကစ ဟာ တရားမဝင်ဘူး။   ပြည်ထောင်စုလွှတ်တော် (CRPH) က တရားဝင်ပြီး ၂၀၀၈ ခြေဥကဖျက်သိမ်းဖို့ အာဏာရှိတာ  ဘာကြောင့်လဲ နောက်မှရေးမယ်။


▪️ တရားမဝင် စကစ ဆိုတာ -  


၂၀၀၈ အခြေခံဥပဒေ ပုဒ်  ၄၁၀ အရ  နိုင်ငံတော်သမ္မတကပဲ အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိတယ်။ ပုဒ်မ ၄၁၈ အရ နိုင်ငံတော် သမ္မတကပဲ ကာချုပ်ကို အာဏာ  ရပ် လွှဲအပ်ရမယ် လို့ ပါရှိတယ်။  


(နိုင်ငံတော် သမ္မတက သူသဘောမတူပဲ မအလက အာဏာလုထားတယ် လို​့ ထုတ်ဖော်ခြင်း (ဒုသမ္မတ မြင့်ဆွေက ယာယီသမ္မတ အာဏာနဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်း၊ 


အာဏာလွှဲအပ်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်တယ်။ ဒါကြောင့် စကစဟာ တရားမဝင်ဘူး။


▪️ တရားမဝင် ယာယီသမ္မတ 


☝️ ပုဒ်မ ၇၃ (ကနိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုသမ္မတဟာ ယာယီသမ္မတ ဖြစ်မယ်။နိုင်ငံတော် သမ္မတရာထူးနေရာ မလစ်လပ်ပဲ မြင့်ဆွေက ယာယီသမ္မတ လုပ်တာ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်တယ်။


☝️ ပုဒ်မ ၇၃ (ယာယီသမ္မတဟာ  ပြည်ထောင်စုလွှတ်တော် ကျင်းပနေရင် (ရက်၊ မကျင်းပသေးရင် (၂၁ ) ရက်အတွင်း  ပြည်ထောင်စုလွှတ်တော် ခေါ်ယူပြီး နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ရမယ်။ မြင့်ဆွေဟာ ဒီပုဒ်မကို ချိုးဖောက်တယ်။ ( ၂၁ ) ရက်ကျော်ရင် ယာယီသမ္မတ မဟုတ်တော့ဘူး။  ဥပဒေ ချိုးဖောက်လို့ သူပုန် ဖြစ်သွားပြီ။ ရက်ကျော်လို့ expire ဖြစ်သွားပြီ။ 


☝️ ၂၀၀၈ အခြေခံဥပဒေ တခုလုံးမှာ ယာယီသမ္မတ လုပ်ပိုင်ခွင့်ဟာ ဒါပဲရှိတယ်။ ယာယီသမ္မတဟာအရေးပေါ် အခြေအနေ ကြေညာခွင့်၊ ကာချုပ်အာဏာလွှဲခွင့်၊ ကာလုံခေါ်ခွင့် မရှိဘူး။


▪️ တရားမဝင် ကာလုံ ဆိုတာ  - 

☝️ ၂၀၀၈ ခြေဥ ပုဒ် (  417 ) အရ ကာလုံကို နိုင်ငံတော် သမ္မတက ခေါ်ယူရတယ်။ ဒုသမ္မတက ခေါ်ခွင့်မရှိဘူး။ ယာယီသမ္မတလည်း ကာလုံခေါ်ခွင့်မရှိဘူး။  ယာယီသမ္မတ ဆိုတဲ့ ရာထူးဟာ ပုဒ်မ ၇၃ () အရ   အစောဆုံး  ရက်၊ အလွန်ဆုံး ၂၁ ရက်ပဲ သက်တမ်းရှိတယ်။ ၂၀၀၈ ခြေဥ  အရ  မြင့်ဆွေဟာ ၂၀၂၁ဖေဖော်ဝါရီ ၂၂ ထဲက expire ဖြစ်သွားပြီ။  ( CRPH ချာတာအရ  သူပုန်ပဲ ဆိုတာ ထပ်မရှင်းပြတော့ဘူး)


▪️ တရားမဝင် UEC  ဆိုတာ  - 


☝️ ၂၀၀၈ ခြေဥ ပုဒ်မ ၃၉၈ (ကအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဥက္ကဌ  အဖွဲ့ဝင်တွေကို ခန့်အပ် တာဝန်ပေးရမည် လို့ ပါရှိတယ်။ ယာယီသမ္မတရော  ဒုသမ္မတရောလုပ်ပိုင်ခွင့်မရှိ။


☝️ မအလဟာ  သိန်းစိုး UEC ကို ခန့်အပ်တယ်။  မြင့်ဆွေ ခန့်တာ မဟုတ်။  နိုင်ငံတော်သမ္မတ ခန့်အပ်မှတရားဝင်မယ့် ရာထူးကို  ( ယာယီသမ္မတ  ဒုသမ္မတ တောင် ခန့်အပ်တာ မဟုတ်ပဲ၊ ခန့်အပ်ခွင့်လည်း မရှိ  ) ညွှန်ချုပ် အဆင့်ရှိတဲ့ ကာချုပ်က ခန့်အပ်တာ ၂၀၀၈ ခြေဥကို ချိုးဖောက်တာ ဖြစ်တယ်။ သိန်းစိုးUEC ဟာ တရားမဝင်ဘူး။


☝️ ပုဒ်မ ၄၀၂ အရ   UEC ရဲ့ ဆောင်ရွက်ချက်နဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ရမယ် လို့ ပြဒါန်းထားတယ်။ နိုင်ငံတော်သမ္မတ ခန့်အပ်ထားတဲ့ ဦးလှသိန်း UEC က အတည်ပြုတဲ့  ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ဟာ ခိုင်မြဲတယ်။ တရားမဝင် စကစ ခန့် သိန်းစိုး UEC က ဖျက်ဆီးပေမယ့် "ရွေးကောက်ပွဲရလာဒ်မပျက်ဘူး။ 


☝️ တရားမဝင်  သိန်းစိုး UEC ဘာလုပ်လုပ် တရားမဝင်ဘူး။ သိန်းစိုး UEC ကြေညာချက်မှန်သမျှတရားမဝင်ဘူး သိန်းစိုးဟာ သူပုန်ဖြစ်တယ်။



▪️ တရားဝင် ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် ဆိုတာ - 


☝️ ၂၀၀၈ ခြေဥ ကို အခြေခံ ပြောမယ်။ ပုဒ်မ ၄၀၂ အရ   UEC ရဲ့ ဆောင်ရွက်ချက်နဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ရမယ် လို့ ပြဒါန်းထားတဲ့ အတွက်  တရားမဝင် စကစခန့်  သိန်းစိုး UEC  ရဲ့ ဖျက်ဆီးမှုဟာ  မသက်ရောက်ဘူး။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် ဟာ အတည်ပဲ။ 


☝️ တရားမဝင် စကစ ကျင်းပမယ့်၊ တရားမဝင်  သိန်းစိုး UEC  စီမံပေးတဲ့ ၂၀၂၃ PR ရွေးကောက်ပွဲဟာ တရားမဝင်ဘူး။ ဒါကြောင့် ချေဖျက်လို့ မရဘူး။ 



☝️ ပြည်ထောင်စုလွှတ်တော် (CRPH) ရဲ့ ဥပဒေအာဏာပြု အာဏာစက်နဲ့ ၂၀၀၈ ခြေဥကို ဖျက်သိမ်းလိုက်ပြီ ဖြစ်လို့ ၂၀၀၈ ခြေဥအောက်က နောက်ထပ် မည်သည့် ရွေးကောက်ပွဲမှ တရားမဝင်ဘူး။


☝️ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မှန်သမျှ ဒီမိုကရေစီ (ဝါ) အချုပ်အခြာအာဏာ ပဲ။ ။ ဗြိတိသျှ ကိုလိနီအောက် ၁၉၄၆ ရွေးကောက်ပွဲ၊ စစ်တပိုင်းအစိုးရအောက် ၂၀၂၀  ရွေးကောက်ပွဲ တွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရင် ၁၀၀% ပြည်သူ့အာဏာပဲ။  ဒီ ပြည်သူ့အချုပ်အခြာအာဏာ ကို တိုင်းပြုပြည်ပြု အခြေခံဥပဒေသစ်နဲ့ ကျင့်သုံးမလား ၊ ကိုလိုနီ မြန်မာပြည် ဥပဒေနဲ့ ကျင့်သုံးမလား၊  စစ်တပိုင်း ၂၀၀၈ ခြေဥ နဲ့ ကျင့်သုံးမလား၊  ဖက်ဒရယ် ဒီမိုကရေစီ ချာတာနဲ့ ကျင့်သုံးမလား ဆိုတာပဲ ရွေးချယ်ဖို့ လိုတယ်။


▪️ အချုပ်အခြာ အာဏာ ဆိုတာ  


☝️ ကုလသမဂ္ဂ   ၁၉၄၅ ကုလသမဂ္ဂ  တည်ထောင်တော့  ချာတာမှာ အဖွဲ့ဝင် နိုင်ငံတွေက ဒီမိုကရေစီကို "မဖြစ်မနေကျင့်သုံးရမယ် လို့ မပါရှိဘူး။ ဒါပေမယ့် ချာတာ အဖွင့်စကားလုံးက " We the people" လို့ ရေးသားထားတဲ့အတွက် ပြည်သူ့ လူထု ဆန္ဒသည် အချုပ်အခြာအာဏာ နိုင်ငံ တခုရဲ့အခြေခံ ဖြစ်ရမယ်  လို့ ဆိုလိုတယ်။


ကုလသမဂ္ဂဟာ  ဒီမိုကရက်တစ်အစိုးရတွေနဲ့ တန်ဖိုးကို အားပေးတယ်။  ၁၉၄၈ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲတော့ ဒီမိုကရေစီ ပါရှိလာတယ်။ အပိုဒ် (၂၁) ပုဒ်ခွဲ (၃) " the will of the people shall be the basis of the authority of government ပြည်သူလူထု  ဆန္ဒသည်သာ အစိုးရအာဏာ ရဲ့ အခြေခံ ဖြစ်တယ်လို့ ပြဒါန်းတယ်။ ၁၉၇၆  နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး ဆိုင်ရာနိုင်ငံတကာ ပဠိဉာဉ်မှာ နိုင်ငံတကာ ဥပဒေ တွေရဲ့ အခြေခံ မှာ ဒီမိုကရေစီကို ဥပဒေ ဆိုင်ရာ အခြေခံအဖြစ် အခြေပြုရမယ်လို့ ပြဒါန်းတယ်။



☝️ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ   နိုင်ငံတကာမှာ ဘုရင် စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာတောင်ဒီမိုကရေစီကို အခြေခံလာရတယ်။ ဘုရင်တွေဟာ နိုင်ငံရဲ့ ဂုဏ်ကျက်သရေအဖြစ် ထားရှိပြီး ပြည်သူက ဒီမိုကရေစီ နည်းနဲ့ ကိုယ်စားလှယ်တင်မြှောက်ပြီး အာဏာ  ရပ်ကို ချုပ်ကိုင်တယ်။  ဒါကြောင့်ထိုင်း၊ ဂျပန်၊ အင်္ဂလန်၊ ... မှာ ဘုရင်တွေ ရှိနေပေမယ့်  ဘုရင့်နောင်၊ အလောင်ဘုရားလို သက်ဦးဆံပိုင်အာဏာရှင်တွေ မဟုတ်ဘူး။ တရုပ်ကွန်မြူနစ် နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ဒီမိုကရေစီကို ထည့်ရေးပြီး  ရွေးကောက်ပွဲ လုပ်တယ်။ 



☝️ မြန်မာ နိုင်ငံမှာ ၁၉၄၇နဲ့ ၁၉၇၄ ခြေဥ တွေရဲ့  အခြေခံမူအခန်းမှာ ပုဒ်မ  နဲ့ ပုဒ်မ ၁၂ အသီးသီးမှာ"အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှာ တည်ရှိသည် "  ၂၀၀၈ ခြေဥတွေရဲ့ အခြေခံမူအခန်း ပုဒ်မ  မှာ " အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံက ဆင်းသက်သည် " လို့  ပြဒါန်းတယ်။


☝️ ပြည်သူလူထုသည် အချုပ်အခြာအာဏာ ဖြစ်တယ်။ နိုင်ငံတော်ဖြစ်တယ်။ ဒီမိုကရေစီနည်းကျရွေးကောက်သော အစိုးရသည်သာ တရားဝင်အစိုးရ ဖြစ်တယ်ဆိုတာ ထင်ရှားပြီ။ 



▪️ ၂၀၀၈ စစ်ကျွန် ခြေဥ ဆိုတာ - 


☝️ ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ အချိန်မှာ ၁၀၀ပြည်သူရဲ့ အချုပ်အခြာအာဏာ ရှိသေးတယ်။   ၂၀၀၈ ခြေဥက နောက်ဆက်တွဲ ပုဒ်မတွေဟာ .... ( လွှတ်တော်မှာ  ကာချုပ်ခန့် စစ်အမတ်  ၂၅ထည့်ပုဒ်မ ၄၃၆  နဲ့  ၇၅ကျော်မှ ပြင်ရမယ် ဆိုတာ မျိုးနဲ့  ချုပ်ကိုင်၊ အစိုးရမှာလည်း ကာချုပ်ခန့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ လုံခြုံရေး ဝန်ကြီးရာထူးတွေ  လုယူ၊ တရားစီရင်ရေးမှာလည်းကာချုပ်ခန့်  တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် (ထွန်းထွန်းဦးက အသက် ၇၀ အထိ ဖြုတ်မရ၊  မအလက တရားလွှတ်တော်ချုပ် NLD သမ္မတခန့် တရားသူကြီး  တွေကို ဖြုတ်ပစ်၊ ...)   ...  စစ်၊ ရဲ၊ ထောင်၊ တရားရုံးကို ကာချုပ် နဲ့ စစ်တပ်က ချုပ်ကိုင်ထားထားတာ တွေ့ရတယ်။ 


ဒီတော့ ..... ၂၀၂၀ ရွေးကောက်ပွဲက ဒီမိုကရေစီနည်းကျ ပြည်သူက အပ်နှင်းတဲ့  အချုပ်အခြာအာဏာဟာ ... သေနတ်နဲ့ ထောက်ပြီး ၂၀၀၈ ပုဒ်မတွေနဲ့ လုယူခံရတယ်။ ဒါတောင် ကာချုပ် မကျေနပ်ရင် .. ၂၀၀၈ ခြေဥအတိုင်း လိုက်နာပါစေ ...  အာဏာလု တာ အမြင်ပဲ  


▪️တရားဝင် ပြည်ထောင်စုလွှတ်တော် (CRPH)  နဲ့  ကြားကာလ အစိုးရ ဆိုတာ - 


☝️ CRPH ဟာ ၂၀၂၀ ရွေးကောက်ပွဲက ဒီမိုကရေစီနည်းကျ ပြည်သူက အပ်နှင်းတဲ့  အချုပ်အခြာအာဏာကို  ... ၂၀၀၈ ခြေဥထဲက ဆွဲထုတ်ပြီး ၁၀၀အပြည့် အဝ ကျင့်သုံးလိုက်တာ ဖြစ်တယ်။


ဥပမာ ပြောရရင်   အိမ်ရှင်ရဲ့  အများစုသော ဥစ္စာဓန ကို ခြံစောင့် ဒရဝမ်က  လက်နက်အားကိုး မိုက်ကြေးခွဲ လုယူထားတယ်။   အိမ်နီးနားချင်းတွေကို အိမ်ရှင်တွေက သဘောတူလို့ ပေးထားသလို လိမ်ပြောတယ်။ 


၂၀၁၅ -၂၀၂၀ မှာ  အိမ်ရှင်က ကြောက်ရွံ့လို့  အချိုသပ် ပြန်တောင်းပေမယ့် မရတဲ့ အပြင် ကျန် တဲ့  ဥစ္စာဓနလေးပါ လုယက်ကြတယ်။  ၂၀၂၁ မှာ အိမ်ရှင်တွေက  ခြံစောင့်ကို တပြားတချပ်မှ  မပေးဘူး၊ငါတို့ ဥစ္စာ ငါတို့ အကုန်ပိုင်ဆိုင်တယ် ခြံစောင့်ဒရဝမ်ဟာ သူခိုးဖြစ်တယ် လို့  အိမ်နီးနားချင်းတွေကိုကြေညာလိုက်တယ်။ 


နောက် ခပ်ရိုင်းရိုင်း ဥပမာ တခုက ...  ပေါင်မုန့်ကြားထဲ ချီးညှပ်ပြီး ၂၀၀၈ ခြေဥ စက္ကူနဲဲ့ ထုတ်ပိုးပြီးကျွေးတာ ၂၀၂၀ အထိ စားခဲ့ရတယ်။ ၂၀၂၁ မှာ ချီးကို ဖယ်ထုန်ပြီး pure democracy ဒီမိုကရေစီစစ်စစ် ဆိုတဲ့ ပေါင်မုန့်ကို  စားလိုက်တာ  ဖြစ်တယ်


ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ဟာ ဒီမိုကရေစီစံနှုန်းအရ ၁၀၀ခိုင်မာတယ်။ ဒီက ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု လွှတ်တော်ဟာ ဒီမိုကရေစီနည်းလမ်းအရ  ပြည်သူရွေးကောက်သူ ၅၀ကျော်ရင်အထမြောက်တယ်။  အဲဒီ ပြည်ထောင်စုလွှတ်တော်က ဒီမိုကရေစီနည်းလမ်းအရ   ၅၀ကျော်ကသဘောတူ ဖွဲ့စည်းထားတဲ့ CRPH ကို အာဏာ  ရပ် အပ်နှင်းလိုက်တယ်။ 


ပြည်သူကိုယ်စားလှယ်တွေက ပြည်သူကို ကိုယ်စားပြုတယ်။ CRPHက 

ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုတယ်။  CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဠိဉာဉ် ကြေညာစာတမ်းနဲ့ ကြားကာလ အစိုးရကို ထူထောင်တယ်။


▪️နိုင်ငံတခုချင်းရဲ့ အသိအမှတ်ပြုမှု ဆိုတာ 


ပုံပမာပြောရရင် ... မောင်မြန်မာ တည်းဟူသော လူသားခန္ဓာကိုယ်ကို ကပ်လျားပြီး စားသောက်နေတဲ့စစ်ပြိတ္တာ စစ်မြေဘုတ်ဘီလူးကို ဒီမိုကရေစီ ပရိတ်ရွတ်ပြီး မောင်းထုတ်လိုက်တယ်။  အိမ်နီးနားချင်းလောဘ ဒေါသ မောဟ ဖုံးနေသူတွေ အမြင်မှာတော့ မောင်မြန်မာပဲ။  စစ်မိစ္ဆာကို မမြင်ဘူး။ ဒီမိုကရေစီ ကျင့်စဉ် ပေါက်မြောက်တဲ့ သူတော်စင်တွေပဲ မြင်ကြတယ်။ အချို့ကလည်း မျက်ကွင်းဆေးအစွမ်းနဲ့  မိစ္ဆာကို မြင်ပေမယ့် မောင်မြန်မာ ဆီက အချောင်နိုက်ဖို့ မမြင်ချင်ယောင် ဆောင်နေကြတယ်။ စီလုပ်လို ဘီလူးကြီးကတော့ စစ်မိစ္ဆာကို အားပေးတယ်။


▪️ စကစ စာချုပ်ဆိုသမျှ ပြဒါန်းသမျှ တရားမဝင်ခြင်း - 


☝️ ရာဇသတ်ကြီး ပုဒ်မ ၂၁၂  (အရ အခြေခံဥပဒေနဲ့ တည်ထောင်ထားသော အစိုးရကို လက်နက်အားကိုးနဲ့ ဖြိုဖျက် တာ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်။ ဒါကြောင့် စကစ ဟာ သူပုန် ဖြစ်တယ်။




☝️စကစ ပြဒါန်း၊ ပြင်ဆင်တဲ့ ဥပဒေမှန်သမျှဟာ တရားမဝင်၊ စကစနဲ့ ချုပ်ဆိုတဲ့ စာချုပ် မှန်သမျှဟာတရားမဝင်ဘူး။ ဒါကြောင့် စကစလုပ်နေတဲ့ NCA လုပ်ငန်းမှန်သမျှ တရားမဝင်သလို၊ တရသလက်နက်ကိုင်တွေကို ပေးတဲ့ xxxxx  တွေဟာလည်း တရားမဝင်ဘူး။ တရုပ်နဲ့စာချုပ်လည်း တရားမဝင်ဘူး။


▪️ စကစ နဲ့  နအဖ မတူညီခြင်း

☝️  ၁၉၇၄ ခြေဥ နဲ့  တပါတီထဲ ရွေးကောက်ပွဲ လုပ်ပြီး တပါတီအာဏာရှင် ဦးနေဝင်းရဲ့ မဆလ အစိုးရဟာ တံခါးပိတ်ဝါဒ အမှားကြောင့် တိုင်းပြည်  ဆင်းရဲ မွဲတေသွားယ်။  ၈၈၈၈ အရေးတော်ပုံမှာ ဦးနေဝင်းဟာ ဆိုရှယ်လစ်အတု အယောင်ကို ဖျက်သိမ်းပြီး နောက်ထပ် ပုံစံတမျိုးနဲ့ အာဏာဆုပ်ကိုင်ချင်တယ်။


 (စကားမစပ် - မိစ္ဆာတပ်ဟာ ဦးနေဝင်းကို တပါတီအာဏာရှင် လို့ ခေါ်တာကို ကလဲ့စား ချေဖို့ NLD ကိုအလားတူစကားလုံနဲ့ တိုက်ခိုက်တယ်။ လွှတ်တော် မှာ စစ်တပ်ပါတီ ၂၅%၊ စစ်တပ်ပါတီ သဘောမတူရင် ပြင်မရတဲ့ ဥပဒေ၊ စစ်တပ်ဝန်ကြီး ၃ ယောက်က ဖိနှိပ်အုပ်ချုပ်ယန္တရားကို ကိုင်ထားတာ  NLDကို တပါတီအာဏာရှင် လို့ ပြောတာ စိတ်မှနှံ့ကြသေးရဲ့လား။  )


ဒါကြောင့် စောမောင်ကို အာဏာလွှဲပေးလိုက်တယ်။ စောင်မောင်က ၁၉၇၄ ခြေဥကို ဖျက်သိမ်းတယ်။စောမောင်လက်က သန်းရွှေလုတယ်။ De Facto  အစိုးရတွေပဲ။ De Jure အရ စင်ပြိုင် မရှိဘူး။ NLD က ချဲလင့် မလုပ်ခဲ့ဘူး။ ကုလသမဂ္ဂမှာလည်း  မဆလအစိုးရက နဝတအစိုးရ ပြောင်းလို့ ရတယ်။ ၂၀၀၈ ခြေဥ ညောင်နှစ်ပင်တုံးက ERO တွေရော နိုင်ငံတကာ သံအမတ်တွေပါ တက်ရောက်တယ်။


၁၉၉၃- ၂၀၀၇ အထိ ကျင်းပတဲ့ ညောင်နှစ်ပင် အမျိုးသား ညီလာခံမှာ တရသ ERO တွေကို အိမ်ဖြည့်ခိုင်းချင်တော့ အခြေခံဥပဒေ ရေးဆွဲတာမှာ သဘောထား ပေးနိုင်တယ် ဆိုပြီး ဆွယ်တယ်။ ပထမတော့တရသERO တွေက သဘောထား စာတမ်းတွေ တင်တယ်။  နောက်တော့ သန်းရွှေ က အချိန်ဆွဲရင်း  အဲဒီစာတမ်းတွေ ဘေးဖယ်ပြီး ဖက်ဒရယ် မပါ ဗလာနတ္တိ   ၂၀၀၈ ခြေဥ ကို   ရေးလိုက်တယ်။  တရသ ERO တွေက  yes man တွေ ဖြစ်ပြီး အလိမ်ခံရတယ်။


အဲဒီအချိန်တုန်းက နအဖ ဝန်ကြီးချုပ်အမည်ခံ ဗိုလ်ချုပ်ကြီးသိန်းစိန်က ...


“ ကျနော်တို့က ရွေးကောက်ခံအစိုးရ မဟုတ်ပါဘူး။ ရွေးကောက်ခံအစိုးရ မဟုတ်တဲ့အတွက်အချုပ်အခြာအာဏာ မပိုင်ပါဘူး။ နိုင်ငံတော်အာဏာကို ယာယီ ထိန်းသိမ်းထားရုံပါ။  တပ်မတော်အစိုးရမှာ De Jure မရှိပါဘူး။ De Jure မရှိတဲ့အတွက်  ဖက်ဒရယ်ကိစ္စကို  ဆွေးနွေးလို့ မရပါဘူး။နောင်တက်လာမယ့်  ရွေးကောက်ခံ အရပ်သား အစိုးရ  လက်ထက်ရောက်မှ  ဆွေးနွေးကြပါ ၊ လွှတ်တော်ထဲ ရောက်မှ ၂၀၀၈ ကို ပြင်ကြပါ။ ​ ” လို့ ပြောခဲ့ပါတယ်။ 




https://www.facebook.com/watch/?v=975558649740517


ဆိုလိုတာက  ဦးနေဝင်းက အာဏာ လွှဲပေးတဲ့  နဝတ၊ နောင် နအဖ အစိုးရတောင်  "ဖက်ဒရယ် အရေးကို ရွေးကောက်ခံ အရပ်သား အစိုးရတက်မှ"  ပြောခဲ့တာ  သတိပြုစရာပါ


☝️ မအလ စကစဟာ  အခြေခံဥပဒေကို ဖောက်ဖျက် အာဏာလုတဲ့ သူပုန်ဖြစ်တယ်။ ကုလသမဂ္ဂလည်း အသိအမှတ် မပြုဘူး။ De Jure အခိုင်မာ ကိုင်ထားတဲ့ CRPH နဲ့ NUG လည်းရှိတယ်။ စကစဟာ De Facto ဆိုတဲ့ ပြည်သူက အသာတကြည် အုပ်ချုပ်ခံတာလည်း မဟုတ်ဘူး။   သပိတ်၊ CDM၊ PDF ကြောင့်  စကစ အကြမ်းဖက် သူပုန် ဒမြ တွေဆိုတာ ရုပ်လုံးပေါ်နေပြီ။ 


☝️  တချို့  တရသ ERO တွေက NCA ကို မျှော်လင့်နေကြတယ်။  ၂၀၀၈ ခြေဥကို ပြင်ပေးဖို့  De  Jure လွှတ်တော် မရှိပဲ မအလ တယောက်ထဲ ဘောပင်တချောင်းနဲ့  ပြင်ပေးတာကို တရားဝင်မှု မရဘူး ။   တချို​့ တရသ ပါတီတွေက PR ရွေးကောက်ပွဲကို မျှော်လင့်နေကြတယ်။၂၀၀၈ ခြေဥ အရပဲ PR နဲ့ ရွေးကောက်ပွဲ လုပ်ရင် တရားမဝင် ၆ ထပ်ကွမ်းဖြစ်မယ်။ မအလ တောင် နောက် ၈ လ နောက်ပိုင်း  စကစကို ဖျက်သိမ်းရတော့မယ်။ ။ မြင့်ဆွေရဲ့ ကာလုံက ၆ လ အုပ်ချုပ်ဖို့ တန်းစီနေပြီ။


▪️ တရားမဝင် PR စနစ် ဆိုတာ  - 

၂၀၀၈ အခြေခံဥပဒေ ပုဒ်  ၃၉၃ (အရ ကိုယ်စားလှယ် တဦးဟာ မဲဆန္ဒနယ် တစ် (၁) နယ် တွင်သာ ရွေးကောက် - တင်မြှောက် ခံရန် ယှဉ်ပြိုင်ခွင့်ရှိသည် လို့ ရေးထားတယ်။ အင်္ဂလိပ်လို " the right to stand for One constituency Only လို့  ရေးထားတယ်။ 
PR စနစ် ဆိုတာ မဲဆန္ဒနယ် ၁ နယ်မှာ မနိုင်ရင် အခြား မဲဆန္ဒနယ် ၂ ခု ၃ ခုက မဲတွေ စုပေါင်းပြီး ၊ ပါတီ ဦးစားပေးအစီအစဉ်အရ ကိုယ်စားပြုတာ ဖြစ်တယ်။  ဆိုလိုတာက ၁ ခုထက် ပိုသော မဲဆန္ဒနယ်က မဲတွေကို စုပေါင်းစပ်ပေါင်း ပြီး အမတ်လုပ်တာ ဖြစ်တယ်။ 

ဒီတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ် မ ၃၉၃ (ခ)  အရ PR စနစ်ဟာ ၂၀၀၈ ခြေဥ ကို ဆန့်ကျင် ဖောက်ဖျက်နေတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား