ဗမာသူပုန် ဆိုတဲ့ အသုံးအနှုန်း


ဗမာသူပုန် ဆိုတဲ့ အသုံးအနှုန်း ကို ဝေဖန်ရရင်

သူပုန် ဝေါဟာရဟာ နာကျင်စရာ မဟုတ်။

ပဒေသရာဇ်ခေတ် မှာ သူပုန် ထတာ ဘုရင့် ဆွေမျိုးတွေချည်းပဲ

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပုန်ကန်ခြင်း ဆောင်းပါးတပုဒ် ရေးခဲ့တယ်

ဆရာ မဟာဆွေက သူပုန်ကြီး ဝတ္ထု ရေးခဲ့တယ်

မြန်မာသတင်းစာတွေက ဆရာစံ သူပုန်ထတယ်လို့ ရေးတယ်

ဆိုတော့ ...

အခတရသတွေ ဆန်းဆန်းတင့် ဇာတ်နာသလို သူပုန်ဆိုတာ မကောင်းတဲ့ အမည် မဟုတ်ဘူး

ဒါပေမယ့်

မောင်ဆောင်းခတို့က ဗမာသူပုန် ဆိုပြီး မိမိကိုယ်ကို ခံယူကြတာ လုံးဝ မှားတယ်

သူပုန် ရှိရင် မင်းအစိုးရ ရှိတယ်၊ စကစ ကို မင်းအစိုးရ လို့ သတ်မှတ်ရာ ရောက်တယ်၊ စကစ အတွက် တဖက်လှည့်နဲ့ ဝါဒဖြန့်ပေးနေသလိုပဲ

NUG အစိုးရကြီး အရှင်လတ်လတ် ငုပ်တုပ် ရှိနေတာကို အသိအမှတ် မပြုရာ ရောက်တယ်

သူပုန် ဆိုတာ ပုန်ကန်တာပဲ၊ စကစရော NUG အစိုးရကိုရော ပုန်ကန် ဦးမယ် ဆိုတဲ့ အထာလား

မိမိတို့ဟာ အစိုးရတပ်တွေ ဖြစ်ပါရက်နဲ့ သူပုန်အဖြစ် ခံယူနေကြတာ

နိူင်ငံရေး အတွေးအခေါ် ကျပ်မပြည့်သေးဘူး ညံ့သေးတယ်

သူများယောင်လို့ မယောင်ကြနဲ့

မသိလို့ မှားတာဆိုရင် ပြင်ကြ။ သိသိနဲ့ ရေးတာ ဆိုရင် ..... ❓❓

သိပ်ပြီး သူပုန် ဖြစ်ချင်နေရင်လည်း "ဗမာသူပုန်တပ်တော် " လို့ ရဲရဲကြီး အမည်ပေးကြပါလား

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား