အတွင်းရန် နဲ့ အပြင်ရန်ကို တပြိုင်နက်တိုက်ရင်း ကြာရှည်ပွန်တီးနိုင်တယ်။

အတွင်းရန် နဲ့ အပြင်ရန်ကို တပြိုင်နက်တိုက်ရင်း ကြာရှည်ပွန်တီးနိုင်တယ်။

 နဝတ လက်ထက်ထဲက မအလတပ်ဟာ အချိန် ကို ဆွဲဆန့်တယ်။ ဘောင်ကို ချဲ့တယ်။ အိုင်းစတိုင်းဟာ time and space ရူပဗေဒမှာ သိသလို ငရွှေကြီးက စစ်ရေး နိုင်ငံရေးမှာ သိတယ်။ အဲ့ ငစော ငရွှေ အကြံမဟုတ်ဘူး။ ၈၈ နောက်ပိုင်း နေဝင်းရဲ့ အကြံဖြစ်တယ်။ ငရွှေက ဆက်ခံတယ်။  
 နွေဦးတော်လှန်ရေးမှာ မအလတပ်ကို ဘုံရန်သူအဖြစ် တိုက်မယ် ဆိုပေမယ့် နောက်ကွယ်မှာ မညီညွတ်ဘူး။ အကွက်တွေ ရွေ့နေကြတယ်။ ဓန နဲ့ လန အင်အားကြီးမားတဲ့ ရန်သူကို ဘုံရန်သူကို တိုက်မယ် ဆိုရုံနဲ့ မရနိုင်ဘူး။ ခေါင်းဆောင်မှု ယန္တရား လိုအပ်တယ်။ စစ်အမိန့်ပေး COC တခုမှာ ကျစ်လျစ် မြန်ဆန်နေဖို​့လိုတယ်။ ဘုံရန်သူကို ဟိုနားလေး တဖောက်ဖောက် ဒီနားလေး တဖောက်ဖောက် ဗြောက်သောက် တိုက်နေရင် time အချိန်ကြာမယ်။ ရန်သူက ကြိုက်တယ်။ resource များတဲ့ ဘက်က  အချိန်ကြာလာရင် နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး အုပ်ချုပ်ရေး ဘောင်တွေထဲ ချဲ့ဝင် အခြေခိုင် လာတယ်။
 နွေဦးတော်လှန်ရေး အစမှာ နော်xx  က အာဏာရှင် စနစ်မှန်သမျှ ကိုရော ဗမာလူမျိုးကြီး ဝါဒကို ရောတိုက်မယ် ပြောတယ်။ ဝေါဟာရ အားဖြင့် ဆိုးယုတ်တဲ့ အရာ နှစ်ခု ဖြစ်တယ်။ လူတွေက ထောက်ခံတယ်။ သေသေချာချာ ဆန်းစစ်တော့ ဝေါဟာရပဲ အပေါ်ယံ ရှပ်ပြောနေတာ။ အာဏာရှင် ဆိုတာ ဘာလဲ ၊ ဗမာလူမျိုးကြီး ဝါဒဆိုတာ ဘာလဲ ဘယ်EAO EP ဘယ် CSO ဘယ် ပညာရှိမှ တိတိပပ  သုတေသနပြုစု ပြီး ဘုံသဘောတူ ကြေညာစာတမ်း ထုတ်ထားတာ မရှိဘူး။ သူတို့ပြောနေတာက ပဒေသရာဇ်သူငယ်နာ မစင်ပဲ နယ်မြေပြန်လုဖို့ရယ်၊  မြန်မာစစ်တပ်ကို ဖြိုဖို့ရယ်၊ ဗမာကို ချိုးနှိမ်ထားဖို့ရယ်ပဲ ဖြစ်နေတယ်။
သူတို့ဟာ "အာဏာရှင် စနစ်မှန်သမျှ  "လို့  လူပိန်းကြိုက်ရေးနေပေမယ့် တပါတီ အာဏာရှင် စနစ်၊ စစ်နယ်စား အာဏာရှင်စနစ်ကို နှစ်ခြိုက်နေတယ်။ ဗကပ နဲ့ ဆိုရှယ်ဒီမိုကရက်ဟာ တပါတီ အာဏာရှင် စနစ် ဖြစ်တယ်။ EAO တွေဟာ စစ်နယ်စား အာဏာရှင်စနစ် ဖြစ်တယ်။ ဘယ်အဖွဲ့မှာမှ ပြည်သူ့  ဒီမိုကရေစီ မရှိဘူး။  ဗမာလူမျိုးကြီးဝါဒဆိုတာလည်း ကိုလိုနီခေတ် က ပြည်မကို ဖွံ့ဖြိုးအောင် လုပ်ခဲ့တဲ့ အင်္ဂလိပ်နဲ့ မိမိဒေသ နိမ့်ကျအောင် လုပ်ခဲ့ မိမိ မြို့စား ရွာစားတွေ ကို ဘယ်တော့မှ ဖောင်းမထုဘူး။ အဲဒီ အမွေက်ု ဗမာကို မဲတယ် ။ မအလတပ်နဲ့ ပေါင်းစားတဲ့ EAO တွေ ကို ဘယ်တော့မှ ဖောင်းမထုဘူး။ ဆင်းရဲတဲ့အခါ ဗမာကို မဲတယ် ။ မအလတပ်ကို အပြုတ်တိုက်နိုင်ပေမယ့် မတိုက်ဘူး၊ အဝေမတည့်လိ​ု့ ချကြရင် ဗမာကို မဲတယ် ။
 သူတို့စွပ်စွဲတဲ့ ဗမာလူမျိုးကြီဝါဒ ဆိုတာ သရုပ်ခွဲကြည့်ရင် သူတို့နည်းတူ အမျိုးသားရေး ဇောင်းထမှု ကို ​ေသွးထိုး လှုံ့ဆော်တာက လွဲရင် ကျန်တဲ့ အချက်တွေက ( လူမျိုးစုံ) စစ်အာဏာရှင်၊ ခြစားဗျူရိုကရေစီ၊ စစ်ဲ့တပ်နဲ့ EAO လက်ဝေခံ ခရိုနီ တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ၊ လက်ဝါးကြီးအုပ်၊ ဂုတ်သေွးစုပ်တာ၊ ဒီမိုကရေစီ ကင်းမဲ့တာတွေပဲ ဖြစ်တယ်။ နိုင်ငံတကာ နိုင်ငံရေး ပညာရပ်​ရဲ့ စံနှုန်း အရ လူမျိုးကြီးဝါဒ ဟာ ဗမာလူမျိုးမှာ မရှိဘူး။
 သဘာဝ လူများစုကို အမုန်းတရားနဲ့ အကြောက်တရားရှိနေတဲ့အခါ  အတွင်းရန်သူ သဘောတရားနဲ့ အကွက်ရွေ့ အချောင်ခိုရေးဟာ တပါထဲကပ်ပါလာတယ်။ မိတ်ဖက် ပဋိ ပက္ခမဟုတ်။ ရန်ဘက် ပဋိပက္ခဖြစ်တယ်။ ရန်ဖက် ပဌိပက္ခတန်းလန်းနဲ့ ဆိုတော့ ဆရာမွေး တပည့်မွေး၊ ကြက်နှစ်ကောင် ခွပ်ခိုင်း၊ နိုင်ငံရေး အမြတ်ထုတ်ဆိုတဲ့ အကွက်ရွေ့မှုတွေ၊ ဗမာဆီက အကြွေး ဘယ်သူပေးပေး သက်သက်သာသာပဲ ယူမယ်ဆိုတဲ့ အချောင်ခိုမှုတွေကြောင့် .... ဘုံရန်တူကို တိုက်ဖို့ ဘုံညီညွတ်မှု မရှိပဲ ရေရှည်စစ်ပွဲ ဖြစ်လာလေလေ၊ (EAO တွေ လိုပဲ ) ဖဲ့ထုတ် ဖြိုခွဲခံရင်း လုံးပါးပါးလေလေပဲ ဆိုတာ သတိချပ်သင့်တယ်
 ပြဿနာ မဟုတ်တာကို ပြဿနာလုပ်နေရင် တကယ့်ပြဿနာ ဖြေရှင်းရမယ့် အစား (ပြဿနာရှာမှု) တွေကို ဖြေရှင်းရင်း မိမိဘက်က အရင်းအမြစ်တွေ ဆုံးရှုံးတယ်။ အခုပဲ ရန်သူကို တိုက်ဖို့ အစီအစဉ်သစ် အကြံသစ်တွေးမယ့် အချိန်မှာ ( ကန်တော့ပါရဲ့ x ရေးမပါတဲ့    ကိစ္စတွေကို အရေးအရာလုပ် ရေးနေရတာ ဆုံးရှုံးနစ်နာမှုကြီးပဲ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား