နိုင်ငံသားအခြေပြု ဖက်ဒရယ်

 ဖက်ဒရယ် ဒီမိုကရေစီကို တကယ်တမ်း လုပ်ကြမယ်ဆိုရင်

လက်ရှိ ပြည်နယ်နဲ့ တိုင်း နာမည်တွေ နယ်နိမိတ်တွေကို ပြည်သူ့ဆန္ဒခံယူပြီး ပြောင်းလဲသင့်တယ်။

ဖက်ဒရယ် ဒီမိုကရေစီဆိုတာ   နယ်မြေတွေ  ရှိမယ်။ အဲဒီနယ်မြေက ဌာနေ  ပြည်သူလူထု အာဏာ ရှိမယ်။ နယ်မြေတွေ စုပေါင်းထားတဲ့ နယ်မြေစု စုပေါင်း ပြည်သူ့ အာဏာရှိမယ်။ ဒီ အာဏာတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေက တဆင့် ဆင့်လွဲ အာဏာကို လွှတ်တော်ကို အပ်နှင်းတယ်။ လွှတ်တော်က အစိုးရကို အုပ်ချုပ်ရေး အာဏာ လွှဲတယ်။ ဒါမှ မဟုတ် ပြည်သူက အစိုးရအဖွဲ့ကို တိုက်ရိုက် ​ေရွးကောက်တယ်။ အစိုးရက အဆိုပြုပြီး လွှတ်တော်က ခန့်အပ်တဲ့ တရားရုံးချုပ်တွေ ရှိတယ်။

ဒီတော့ ပြည်နယ်လား တိုင်းလား၊ ပြည်နယ်ဆိုရင်လည်း ဘယ်လိုနာမည်မပးမလဲ ၊ နယ်နိမိတ်က ဘယ်လိုလဲ ဆိုတာ ... ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ အင်္ဂလိပ် သတ်မှတ်ပေးတဲ့ တိုင်း ၈ တိုင်း ၊ ပြည်နယ် ၁  ခု  - ပင်လုံစာချုပ်အရ ဖြစ်လာတဲ့ ပြည်နယ် ၂ ခု၊ ဦးနု သတ်မှတ်ပေးတဲ့  ပြည်နယ် ၁ ခု နဲ့ ဗိုလ်ချုပ်နေဝင်း သတ်မှတ်ပေးတဲ့ ပြည်နယ်  ၃ ခုတို့ ထဲက.. (လိုရာကွက်ပြီး..)   စစ်ကိုင်း၊ မကွေး၊ မန်းလေး ကို ဗမာပြည်နယ် လုပ်ပါ ဆိုရုံနဲ့ မပြီးဘူး။ ဒီလို အမိန့်အာဏာပေးခိုင်းခွင့် မရှိဘူး။ ၁၉၄၇ ၊ ၁၉၇၄ ၊ ၂၀၀၈ ခြေဥက သတ်မှတ်ပေးတဲ့ ပြည်နယ် အမည်တွေကိုလည်း ဒီအတိုင်းထားရမယ် ဆိုတာ မဖြစ်သင့်ဘူး။ အကုန်လုံး အသစ်က စဖွဲ့ကြဖို့ လိုတယ်။

အခုဆိုရင် ဗိုလ်နေဝင်း တို့ MAF နာမည်ပေးခဲ့တဲ့ ကယားပြည်နယ်ကို ဦးခူရယ် KNPP နဲ့  ခွန်ဘီထူး KNDF က ရင်နီပြည် လို့ ခပ်တည်တည်ပဲ နာမည်တွေ ပြောင်းပစ်တာ ၊ KNDF က ကရင်နီပြည်ကို  မိုးဗြဲ ဖယ်ခုံ ပင်လာင်း ပျဉ်းမနား အရှေ့အထိ သတ်မှတ်တတာ လုံးဝ တရားမဝင်ဘူး။ ဒီမိုကရေစီ နဲ့ မညီဘူး။ ဒီလိုပြောလို့ ကယားပြည်နယ် ကို လက်ခံတာလည်း မဟုတ်ဘူး။ ဒေသပြည်သူလူထု ဆန္ဓီမိုကရေစီ မပါတဲ့ ဘယ် ကိစ္စမဆို ဖက်ဒရယ် ဒီမိုကရေစီ မဟုတ်ဘူး အတုအယောင်တွေသာ ဖြစ်တယ်

ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ( IEC) ဆိုတာလည်း ဖက်ဒရယ် ဒီမိုကရေစီ မဟုတ်ဘူး ။ လက်နက်ကိုင် ၂ ဖွဲ့က ခပ်တည်တည်နဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ ဒီလို ပရမ်းပတာတွေကို .. "ပေးထားချက် တို့ .. မြေပြင်အခြေအနေတို့ .. လက်တွေ့ကျကျတို့ " .. ဆိုတဲ့ ဆင်ခြေတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ  ကို မျက်ကွယ်ပြုကြရင် .. အစ မကောင်းဘူး။ အနှောင်း ပျက်စီးမယ်။ လက်နက်ကိုင်တိုင်း IEC  ဖွဲ့စတမ်း ဆိုရင် ဗိုလ်နဂါးက ပုလဲ IEC ဖွဲ့ပြီး ၊ စိုးဝင်းဆွေက စစ်ကိုင်း IEC ၊ မောင်ဆောင်းခက ဗမာပြည်နယ် IEC ဖွဲ့ကြရင် ဖြင်​့ ..  ရှေ့ဆောင် နွားလား ကောက်ကောက်သွား နောက်နွားတသိုက် ကောက်ကောက်လိုက်ကြလိမ့်မယ်

ကျနော်တို့ဟာ စစ်အာဏာရှင် စနစ်ကို မူဝါဒနဲ့ တိုက်ဖျက်နေတာ ဖြစ်တယ်။ စစ်အာဏာရှင် စနစ် ဆင်တူရိုးမှားတွေ ထပ်ပြီး ဖြစ်လာရင် မအလစစ်တပ်က လက်ညိုးထိုးပြီး တော်လှန်ရေး အခြေခံအတွေးအခေါ်ကို အလွယ်တကူပဲ နှိုင်းယှဉ် ဖြိုခွဲသွားလိမ့်မယ်။ လူမျိုးကြီး ဝါဒတိုက်ဖျက်ရေး ကြွေးကြော်တဲ့ လူတွေဟာ ပြည်နယ်နာမည်ကို မိမိလူမျိုး နာမည်တွေ လျှောက်ပေးနေတာ မူပျက်တယ်။ ဗမာလူမျိုးကြီး ဝါဒ အာဏာရှင် ဝါဒ တိုက်ဖျက်မယ် ပြောပြီး ဦးနု နေဝင်း သန်းရွှေ ဂရမ်ချပေးထားတဲ့ လူမျိုးနာမည်နဲ့ ပြည်နယ် ၇ ခုကို ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက် လက်ခံနေတာ ရှက်စရာပဲ။

လူမျိုးနာမည်နဲ့ ပြည်နယ် ၇ ခု၊ ပထဝီနာမည် တိုင်း ၇ ခုကို ဖျက်သိမ်းပြီး ဒေသခံ ပြည်သူလူထု ဆန္ဒအရ နာမည်သစ်တွေ နယ်နိမိတ်သစ်တွေ သတ်မှတ်ရပါမယ်။ အဲဒါကို မလုပ်ပဲ ဗမာပြည်နယ် ဖွဲ့ပါချည်း ထိုင်အော်နေတာ မူဝါဒရော စိတ်စေတနာပါ ပျက်စီး ညစ်ထေးနေတယ်

မြန်မာ (ဗမာ) ကို လူမျိုးကြီးဝါဒ ဖြစ်လို့ နိုင်ငံအမည်ကို မြန်မာ Burma လို့ ပေးထားတယ်ဆိုရင် ပြည်နယ်အမည်တွေကို လူမျိုးနာမည်တွေပေးထားတာ " ပြည်နယ်တွင်း လူမျိုးကြီးဝါဒ " ဖြစ်တယ် ..  လူမျိုးကြီးဝါဒ အမြစ်ဖြတ်။ နိုင်ငံအမည်၊ ပြည်နယ်အမည်က လူမျိုးနာမည် တွေကို ဖျက်သိမ်းပစ်။  အတွေးအခေါ်တော်လှန်ရေးဆိုတာ အဲဒီလို အဂတိကင်းစင်ရမယ်။ ငါ့အတွက် တမျိုး သူ့အတွက် တဖုံ ဗလောင်းဗလဲ လုပ်လို့မရဘူး

နေပြည်တော်က အရုပ် ၃ ခုကို ဖြိုချဖို့ မြန်မာရာဇဝင်ကို နိုင်ငံရေးထဲ မယူဖို့ ၁၉၄၇ ဖေ ၁၂ ကို သမိုင်းစမှတ်ထားဖို့ ရေးခဲ့တယ် ...  အဲဒီမှာ ဘာသွားတွေ့သလဲဆိုရင် မြန်မာ( ဗမာ) တွေ ဘက်ကပဲ အကုန်ဖြိုချနေတာ ၊ အဲဒီ လေဟာနယ် ဗလာ ဖြစ်သွားတဲ့ နေရာမှာ ကိုယ်တော်ချော အခြားတိုင်းရင်းသားတွေက သူတို့ရဲ့ ပါးစပ်ရာဇဝင်တွေ ကို ချဲ့ကားပြီး နေရာဝင်ယူတော့တာပဲ။

ဒီကနေ့ မောင်ဆောင်းခလို မြန်မာ( ဗမာ) လူငယ်တွေ ဖြစ်နေပုံက ထိုနည်းလည်းကောင်းပဲ။ ကွန်မြူနစ်စာပေတွေ ဖတ်၊ လူ့အခွင့်အရေးတွေ ပြောနေတဲ့ အုပ်စုလည်း ဒီနည်းလည်းကောင်းပဲ။ မဘသ ဝါဒကို သူတို့ဟာ ဖြိုချချင်တယ်။ ဟုတ်တယ် ဖြိုချရမယ်။ ဒါပေမယ့် မြန်မာ ( ဗမာ) တဖက်ထဲ ဖြိုချလို့ကတော့ ဟိုပါးစပ်သမိုင်း အုပ်စုတွေက နေရာဝင်ယူသွားကြလိမ့်မယ်

လူမျိုးတိုင်းမှာ မဘသဝါဒ ရှိတယ်။  လူမျိုးကြီးဝါဒ ရှိတယ် အာဏာရှင်ဝါဒရှိတယ် ဒီအထိ မမြင်ပဲ .. ဗမာ တဖက်ထဲ မြင်နေတဲ့အတွက် .. စစ်တပ်ရဲ့ မဘသဝါဒကို ဖြိုချပြီး အစားထိုးဖို့ အိုင်ဒီရော်လော်ဂျီ မရှိပဲ နောက်ထပ် လူမျိုးစွဲ မဘသဝါဒတွေကို အားပေးမိကြတယ်။

အခြားတရသတွေဟာ ကုန်းခေါင်ခေါင်ကို ဗမာပြည်နယ် ဖွဲ့ခိုင်းပြီး ဗမာချိုးနှိမ်ရေး လုပ်ချင်တဲ့ စိတ်ကတမျိုး၊ ဗမာပြည်နယ် ဖွဲ့ရင် ပိုအင်အားကြီးသွားမလားဆိုတဲ့ စိတ်ကတမျိုးကြောင့် ဂဏာမငြိမ်ဖြစ်နေရတယ်။

မြန်မာ (ဗမာ) တွေ အနေနဲ့လည်း နိုင်ငံသားအခြေပြု ဖက်ဒရယ်ကို ထူထောင်ချင်သည့်တိုင် လေဟာနယ် ဗလာ ဖြစ်သွားတဲ့ နေရာမှာ  စစ်ရေးနည်း၊ နိုင်ငံရေးနည်းနဲ့  ပဒေသရာဇ်နယ်လုပွဲ မကြေပွဲ နွဲနေတဲ့ အုပ်စုတွေကို သတိထားပြီး ခံစစ်ပြင်ထားကြရတယ်။ မဟုတ်ရင် ဦးကြည်မောင် ပြောသလို  ကျွန်တော်တို့ဟာ အလျော့ပေးရင်း ၊ အလျော့ပေးစရာ ပုဆိုးပဲ ကျန်တော့တယ် ဖြစ်မယ်။ ပုဆိုးတော့ မလျော့ပါရစေနဲ့

▪️ ကြွေးကြော်တာက - လူမျိုးကြီးဝါဒ တိုက်ဖျက်ရေး

လုပ်နေတာက -  လူမျိုး တမျိုး နာမည်နဲ့ ပြည်နယ်တွေ ဖွဲ့စည်းရေး 

▪️ ကြွေးကြော်တာက -  စစ်အာဏာရှင် တိုက်ဖျက်ရေး

လုပ်နေတာက -  လက်နက်ကိုင် အဖွဲ့တွေက အစိုးရ လုပ် အုပ်ချုပ်နေကြတယ်

▪️ ကြွေးကြော်တာက -  စစ်တပ်က နိုင်ငံရေးက ထွက်ခွါရေး

လုပ်နေတာက -  လက်နက်ကိုင် အဖွဲ့တွေ စစ်တပ်နဲ့ နိုင်ငံရေး ဆွေးနွေးနေကြတယ်

▪️ ကြွေးကြော်တာက -  အာဏာရှင် စနစ် တိုက်ဖျက်ရေး

လုပ်နေတာက -  လက်နက်ကိုင်အဖွဲဲ့တွေက တပါတီ အာဏာရှင် ဖြစ်နေပြီး ပြည်သူက ရွေးချယ်ခွင့် ဆုံးဖြတ်ခွင့် ဒီမိုကရေစီ မရှိဘူး

အဲဒီလို ပရီပတားတွေ မူပျက် မူကြောင်တွေကို ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ခြေဥ ရေးမယ် ..  အခြားတရသတွေဟာ မြန်မာ(ဗမာ) ပြည်နယ် ဆိုပြီး လူမျိုးရေး အစွန်းကို နင်းရင် မြတ်မယ်ထင်ပေမယ့် ရှုံးလိမ့်မယ် ရှုံးမယ့်အကြောင်းတွေ တန်းစီရေးပြပြီးပြီ ..  မြန်မာ(ဗမာ) ကို စာရွက်ပေါ်မှာ ကုန်းတွင်းပိတ်ထားပေမယ့် လူဦးရေ ၆၈% ဟာ သမိုင်း အမှန်ကို သိတဲ့ (AI) တနေ့ ​​မှာ ​ ဒေါသတခြောင်းခြောင်းထွက်ပြီး ပေါက်ကွဲလိမ့်မယ်

AI နည်းပညာဟာ အိန္ဒိယ၊ ဗြိတိသျှ၊ အမေရိကန်၊ ဂျပန်တက္ကသိုလ်တွေက ဒေတာတွေကို ဘာသာပြန်ပြီး တထိုင်ထဲ ဖြေပေးမယ့် AI Daysဟာ မဝေးတော့ဘူး ..   လူတွေ human တွေ မလိုအပ်တော့ဘူး၊ NUCC သမိုင်းလိမ်ခဲ့တာတွေ အကုန်ပေါ်မယ်၊  




 


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား