မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကြေညာချက်

 ▪️ တရုပ်ယဉ်တန်းပစ်ခတ်မှု။ ။ စကစ က KIA လက်ချက်လို့ စွပ်စွဲတယ်။  ကချင်မီဒီယာ က ပထမတော့ ပြည်သူ့စစ်လက်ချက်ထင်တယ်လို့ ပြောတယ်။ နောက်တော့ စကစ စစ်ကြောင်းတွေ ထိုးလာလို့ ကာကွယ်ရတာတွေရှိတယ်။ ဘယ်ယဉ်တန်းက ဘယ်သူဘာတယ် မသိဘူးလို့ ဆိုတယ်။ 

▪️ ALP ကို အကြမ်းဖက်လုပ်ကြံမှု ။ ။ AA ဟာ ALP စခန်းတွေကို ဝင်သိမ်းဖူးတယ်။ ရခိုင်မှာ အုပ်ကြီးတွေကို tတ်ပြီး လမ်းမအလယ်မှာ ခေါင်းကို ဗိုက်ပေါ်တင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်။ ရခိုင်ဝန်ကြီးချုပ် ဦးညီပု NLD ကားတန်းကို ဗုံးခွဲ ရဟတ်ယာဉ်ကို ပစ်ခဲ့တာ လည်း ရှိတယ်။ မအလတပ်က AA လက်ချက်လို့ စွပ်စွဲတယ်။ ALP ခေါင်းဆောင်ပိုင်းကို အကြမ်းဖက်လုပ်ကြံတာကို ALP က AA လက်ချက်လို့ ပြောတယ်။ ရခိုင်အချင်းချင်း သိလို့ပဲ ပြောတာလား စွပ်စွဲတာလား မသေချာ။ သေချာတာတခုက ရခိုင်မှာ အကြမ်းဖက်မှုတွေ ရှေးကလည်း ဖြစ်တယ်။ ယခုလည်း ဖြစ်တယ်။

▪️ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကြေညာချက်။ ။ အပေါ်က အကြောင်းအရာ နှစ်ခုကြောင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဟာ ကြေညာချက် ထုတ်ပြန်လာရတယ်။ သူတို့ဟာ တခုခုကို ကြောက်လန့်နေတယ်။ 

ဖြစ်နိုင်ခြေ။  ။  

အချက် ၃ ချက်ကို တပေါင်းထဲ ဆက်စပ်လိုက်ရင် ---- အကြီးအကျယ် ထောင်ချောက်ကြီး တခုကို --- မအလနဲ့ တရုပ်က စနစ်တကျ ဖန်တီးနေတာ ဖြစ်တယ်။

KIA နဲ့ တိုက်ပွဲ ဂွင်ထဲ ပြည်သူ့စစ်က တရုပ်တွေကို ခေါ်လာတာ ဖြစ်မယ်။ KIA က မသိပဲ ပစ်မိမယ်။ အဲဒီအခါ တရုပ်က စိတ်ဆိုးဟန်ဆောင်ပြီး KIA ကို PDF ကို မကူညီဖို့ ကြပ်မယ်။ ဒီအကွက်ပါ။ 

AA ဟာ မောင်ဆောင်းခတို့ လို LPDF အချို့ တို့ရဲ့ အတုယူစရာ ဂုဏ်ပြောင်သော EAO ဖြစ်တယ်။ Gen Z လူငယ်တွေတောင် ဘယ် UG  ဘာလုပ်တယ် ကြေညာရဲတယ်။ AA ဟာ မိမိတာဝန် မိမိယူရဲမယ့် အဖွဲ့ ဖြစ်တယ်။

မရိုးသားမှု များ ။  ။ 

တရုပ်ယဉ်တန်းဆိုရင် KIA ကို ကြိုတင်အကြောင်းကြားသင့်တယ်။ မြန်မာ - တရုပ်အလံလွှင့်သင့်တယ်။

စစ်တွေဟာ စကစ ထိန်းချုပ်နယ်မြေ ဖြစ်တယ်။ မည်သည့် ရာဇဝတ်မှု မဆို တရားခံဖော်ရမှာ စကစရဲ့ တာဝန်ဖြစ်တယ်။ စကစဟာ တရားခံကို မဖော်ထုတ် မရိုးသားဘူး။




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား