စစ်အာဏာရှင်တွေရဲ့ ပြဒါန်းချက်

 စစ်ကိုင်းဖိုရမ် ဟာ စစ်အာဏာရှင်တွေရဲ့ ပြဒါန်းချက်ကို အသက်ဆက်ပေးနေတာလား

▪️ ၁၆၅၀ ရာဇမဏိစူဠာ ကျောက်စာမှာ တိုင်း ၁၀ တိုင်း ကို ရေးထိုးထားတယ်။ သုနာပရန္တ တိုင်းဟာ အနောက်မြောက်လွင်ပြင်​ ​​ဒေသကို လွှမ်းခြုံထားတယ်

▪️ အင်္ဂလိပ်အစိုးရလက်ထက်မှာ စစ်ကိုင်းတိုင်း ကို ဖွဲ့စည်းတယ် ။ ဗန်းမော်၊ မြစ်ကြီးနား၊ အထက်/ အောက် ချင်းတွင်း၊ နာဂတောင်တန်း၊ ကသာ၊ ရွှေဘို၊ စစ်ကိုင်း ပါဝင်တယ်။

▪️၁၉၄၇ ပင်လုံစာချုပ်မှာ ဗန်းမော် မြစ်ကြီးနားကို ကချင်တောင်တန်းနဲ့ ပေါင်းစပ်ကာ ကချင်ပြည်နယ် ဖွဲ့ပေးဖို့ ကချင် ဒူဝါ တွေက တောင်းဆိုချက်ကို စဉ်းစားပေးရန် ပါရှိတယ်။

ချင်းတောင်တန်းဒေသကို ချင်းဝိသေသတိုင်း အဖြစ် တိုးမြင့်ပေးဖို့ စဉ်းစားပေးရန် ပါရှိတယ်။

▪️ရီးစ် ကောင်မရှင် FACE က မေးမြန်းရာ မြောက်သိန္ဒီပြည်နယ်မှာ ကချင်ဒေသခွဲ မယူပဲ၊ ဗန်းမော် မြစ်ကြီးနားကို ကချင်ပြည်နယ်ထဲ ထည့်ဖို့ ကချင် ဒူဝါ (ရွာစား) နဲ့ ရှမ်းစော်ဘွား (မြို့စား) တွေက သဘောတူတယ်။

စစ်ကိုင်းတိုင်း အတွင်းရှိ ရှမ်းနီတို့ သဘော မတူပဲ ကမ္ဘောဇတိုင်းက ရှမ်းစော်ဘွားတွေက စွက်ဖက် ဆုံးဖြတ်တာ ဖြစ်တယ်။

▪️ ၁၉၇၄ ခြေဥ မှာ စစ်အာဏာရှင်နေဝင်းက ချင်းပြည်နယ် အဖြစ် သတ်မှတ်ပေးတယ်

▪️ ၂၀၀၈ ခြေဥမှာ စစ်အာဏာရှင် သန်းရွှေက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးတယ်

▪️ ဖက်ဒရယ် နိုင်ငံထူထောင်ဖို့

သုနာပန္တရ တိုင်းလား ၊ စစ်ကိုင်းတိုင်း လား ပထမဆုံး စဉ်းစားရမယ်

စစ်ကိုင်းတိုင်း ဆိုရင်လည်း နယ်နိမိတ်က ဘယ်အထိလဲ။ အဲဒီက လူတွေ ပါဝင်မှ ပြည့်စုံပါမယ်။

စစ်ကိုင်း ဖိုရမ်ကို မေးပါမယ်

၁၆၅၀ မူလ မြန်မာဘုရင် ပ​ဒေသရာဇ် ဗားရှင်းလား ..

၁၉၄၇ ပင်လုံ စော်ဘွား ဒူဝါ ရမ်အုပ် ပ​ဒေသရာဇ် ဗားရှင်းလား

၁၉၇၄၊ ၂၀၀၈ စစ်အာဏာရှင် ဗားရှင်းလား

▪️ စစ်ကိုင်းဖိုရမ်ဟာ ၁၉၇၄၊ ၂၀၀၈ စစ်အာဏာရှင် ဗားရှင်း နယ်နိမိတ်ကို ကိုယ်စားပြုဖို့ ကြိုးစားနေတာဟာ

စစ်ကိုင်း တိုင်းထဲက ရှမ်းနီတွေရဲ့ ပြည်နယ်တောင်းဆိုမှုကို ပစ်ပယ်လိုက်တာ ဖြစ်တယ်။

ပါးစပ်က ဖက်ဒရယ်တွေ လူမျိုးရေး တန်းတူရေးတွေ စားကောင်းသောက်ကောင်း ဟစ်အော်ပြီး စစ်အာဏာရှင် ခြေရာလက်ရာကို ထိန်းသိမ်းနေတာ မလုပ်သင့်ပါ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား