အမျိုးသား ရင်ကြားစေ့ရေး ၊ တရားဥပဒေ စိုးမိုးရေး

အမျိုးသား ရင်ကြားစေ့ရေး ၊ တရားဥပဒေ စိုးမိုးရေး ဆိုတာကို ဒီနိုင်ငံမှာ နားလည်သူ အလွန် ရှားတယ်။
NLD ကိုယ်တိုင် ဗလုံးဗထွေး လုပ်ခဲ့တယ်။ မအလတပ်က အသုံးချခဲ့တယ်။
တရားဥပဒေ စိုးမိုးရေးဆိုတာ ...
အာဏာရှင် တယောက် တစုက ရေးသားထားတဲ့ ဥပဒေတွေ ပုဒ်မတွေ စိုးမိုးရေး လို့ အယူအဆ မှားနေကြတယ်။ ရဲ အချုပ်ထောင် တရားရုံး ဥပဒေ ထိန်းကွပ်ရေး ယန္တရားကို မျက်စိထဲ တန်းမြင်ကြတယ်။
တရားဥပဒေ စိုးမိုးရေးဆိုတာ ...
အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ ၊ ရွေးကောက်ခံ နဲ့ အာဏာလွှဲသူ ၊ အစိုးရနဲ့ ပြည်သူ အကြား . သဘောတူညီချက် တွေကို ပြဒါန်းထားတဲ့ ဥပဒေ ၊ ၎င်း ဥပဒေကို အုပ်ချုပ်သူကလည်း မချိုးဖောက်ရ၊ အုပ်ချုပ်ခံကလည်း မချိုးဖောက်ရ၊ လက်နက်ကိုင် ကလည်း မချိုးဖောက်ရ၊ ချိုးဖောက်သူကို အရေးယူ အပြစ်ပေးနိုင်တဲ့ ... ဘယ်သူ ဘယ်အဖွဲ့မှ ဥပဒေအထက်မှာမရှိတဲ့ ..... တာဝန်ယူမှု တာဝန်ခံမှုကို ဆိုလိုတယ်။ ( မောထှာ 🙂)
အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ..
လက်နက်ကိုင်တပ် တွေ ဖြစ်တဲ့ MAF ( TMD) နဲ့ EAO တွေ အကြား ၊ ပါတီတွေနဲ့ MAF ( TMD) အကြား အာဏာခွဲဝေရေး ၊ အပစ်ရပ် နယ်မြေခွဲဝေရေး ကိုပဲ မျက်စိထဲ တန်းမြင်ကြတယ်။
အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ..
ဗမာလူမျိုးကြီး ဝါဒလို့ သမုတ်ပြီး ဗမာလူမျိုးကို ရန်သဘောထားနေတဲ့ အခြားလူမျိုးတွေ နဲ့ ဗမာကို ရင်ကြားစေ့ရေး ။ ပြည်နယ်ရ လူမျိုးကြီးတွေနဲ့ ပြည်နယ်မရ လူမျိုးငယ်တွေအကြား ရင်ကြားစေ့ရေး၊ ဘာသာ သာသနာ မတူသူ ပြည်သူအချင်းချင်း ရင်ကြားစေ့ရေး၊ ကို ဆိုလိုတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာ အကြမ်းမဖက် အမျိုးသား ရင်ကြားစေ့ရေး သီအိုရီတွေဟာ မလွဲမသွေ အသုံးပြုရမှာ ဖြစ်တယ်။ လူမျိုးတမျိုးနဲ့ တမျိုး ၊ ဘာသာ တခုနု့ တခု ရင်ကြားစေ့ရေးဟာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်တယ်။ ဒါမျိုးက လက်နက်ကိုင် ဖြေရှင်းလို့ ဘယ်တော့မှ မရဘူး။ အကြမ်းမဖက် နည်း၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်။
အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ..
အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမယ့် စစ်ဝန်ထမ်းတွေဟာ ဖောက်ပြန်​နေတယ်။ ပြည်သူ့အာဏာကို လုယက် ထားတယ်။ လက်နက်ကိုင် အဖွဲ့တွေဟာ ပြည်သူလူထုကို အုပ်ချုပ်နေတယ်။ အဲဒီ အဖွဲ့တွေကို ရင်ကြားစေ့လို့ ဘယ်တော့မှ မရဘူး။ ဗုဒ္ဓ နဲ့ ဒေဝဒတ် အကြားမှာ ရင်ကြားစေ့ရေး မရှိဘူး။ ဓမ္မနဲ့ အဓမ္မအကြား "ကြားချပြီး ညှိနှိုင်းကြပါ " လုပ်လို့ မရဘူး။
rule of law မရှိ မလိုက်နာတဲ့ အားကြီးသူ အနိုင်ယူကြေး might is right တောကြီးမျက်မည်း မှာ ကျားလိုလိုနဲ့ ဆင်လိုလို အုပ်စုတွေကို ရင်ကြားစေ့လို့ မရဘူး။ သူတို့အကြားက ..ငြိမ်းချမ်းရေးဆိုတာမှာလည်း အားမတန် မာန်လျော့၊ ခြုံထဲ ဂျိုသွေး ၊ မချိသွားဖြဲ အတုအယောင် တွေပဲ ရလိမ့်မယ်။ လက်နက်ကိုင် စစ်အာဏာရှင် အကြီး နဲ့ အသေး တွေအကြား ခွဲဝေတာ "အမျိုးသား" ဆိုတဲ့ အထူးပြုချက်နဲ့ မဆီလျော်ဘူး။
အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ..
ခြံစောင့်က အိမ်ရှင်ကို ဓားထောက် ပြီး ဗိုလ်ကျနေတာကို ရင်ကြားစေ့တာ လုပ်သင့်တဲ့ အလုပ် မဟုတ်ဘူး။ ခြံစောင့်ယုတ်ကို အိမ်သားတွေက ရိုက်နှက် မောင်းထုတ်ရမှာ ဖြစ်တယ်။ အိမ်သား အချင်းချင်းအကြားမှာ ပြသနာတခုကို ရိုက်နှက် မဖြေရှင်းရဘူး။ ရင်ကြားစေ့ရမှာ ဖြစ်တယ်။ အချုပ်အခြာ အာဏာပိုင်ရှင် ပြည်သူအချင်းချင်း အကြားမှာသာ "အမျိုးသားရင်ကြားစေ့ရေး " ရှိတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား