မအလစစ်တပ် နိုင်ငံရေးက ဘယ်တော့မှ ထွက်ခွါဖို့ ရည်ရွယ်ချက် မရှိဘူး

 မအလစစ်တပ် နိုင်ငံရေးက ဘယ်တော့မှ ထွက်ခွါဖို့ ရည်ရွယ်ချက် မရှိဘူး


ဟောဒီလို အကြောင်းပြချက်တွေနဲ့ ဆက်လက် ကုပ်တွယ်နေဦးမှာပဲ
▪️ ၁၉၅၈ - ပါတီတွေ ဖောက်လွဲ ဖောက်ပြန် လုပ်နေတယ်။ ပြည်တွင်း သောင်းကျန်းမှု ရှိတယ် ။ ဒါကြောင့် တပ်မတော်သည် ငြိမ်ဝပ်ပိပြားရေး အတွက် နိုင်ငံရေးကို ဦးဆောင်ရတယ်
▪️ ၁၉၆၂ - ဖက်ဒရယ် တောင်းဆိုမှုကြောင့် ၊ ပါတီတွေ ညံ့ဖျင်းမှုကြောင့် ပြည်ထောင်စု ပြိုကွဲနိုင်တယ် ။ ဒါကြောင့် တပ်မတော်သည် အာဏာသိမ်းကာ စနစ်ဟောင်းကို တော်လှန်ပြီး နိုင်ငံရေးကို ဦးဆောင်ရတယ်
▪️ ၁၉၇၄ - ပါတီစုံ ဒီမိုကရေစီ စနစ်ဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းတဲ့ ဆိုရှယ်လစ် လူ့ဘောင်ကို မရောက်နိုင်ဘူး။ တစ်ပါတီ မဆလလမ်းစဉ်ကို ချမှတ်ပြီး တပ်မတော်သည် ပါတီတပ် အဖြစ် နိုင်ငံရေးမှာ ပါဝင်ရတယ်။
▪️ ၁၉၈၈ -  ပါတီတွေထဲ ဗကပ တွေ စိမ့်ဝင်နေတယ်။ အာဏာကို ဖြတ်လမ်းနည်းနုဲ့ ကြိုးစားနေတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်ကို တပ်မတော်က တည်ဆောက်ပေးမှာ ဖြစ်လို့ နိုင်ငံရေးမှာ မပါဝင်ချင်ပဲ ပါဝင်ရတယ်
▪️ ၂၀၀၈ - ပါတီတွေဟာ အုပ်ချုပ်ရေး ကို နားမလည်သေးဘူး။ စစ်တပ်ဟာ နိုင်ငံရေးက ထွက်ချင်ပြီ။ ဆုတ်စစ် ဆင်နေပြီ။ ပါတီတွေကို ထိန်းကြောင်းပေးဖို့ နိုင်ငံရေးမှာ မပါဝင်ချင်ပဲ ပါဝင်ရတယ်။ လွှတ်တေယ်ထဲ ၂၅% ထည့်ထားတာ၊ အုပ်ချုပ်ရေး လုံခြုံရေး ကာကွယ်ရေး ဆိုင်ရာ ဝန်ကြီးဌာနတွေ ကို စစ်တပ်က ယူထားတာ .. စစ်တပ်က အာဏာ မသိမ်းချင်လို့ တခါထဲ သိမ်းထားတာ ဖြစ်တယ်။
▪️၂၀၁၀  - စစ်တပ်ဟာ အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ နိုင်ငံရေးထဲ ပါဝင်ရတယ်။ ကာကွယ်ရေး ဆိုတာ စစ်ရေး တခုထဲ မဟုတ်ဘူး။ ဘာသာရေး ပညာရေး ယဉ်ကျေးမှု စီးပွားရေး  လူမှုရေး နယ်ပယ်တွေမှာ ကာကွယ်ဖို့ လိုအပ်တယ်။ ဘာသာခြား အကြမ်းဖက် အန္တရာယ်တွေ ရှိတယ်။ ဒါကြောင့် တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး ဦးဆောင်ရတယ်။
▪️ ၂၀၁၅ - မြန်မာပြည် ပထဝီနိုင်ငံရေး အရစစ်အင်အား  ကြီးမားတဲ့  အိန္ဒိယ နဲ့ တရုပ်အကြားမှာရှိတယ်။ လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ရှ် ရှိတယ်။ ဒါကြောင့် ဒီနိုင်ငံတွေ ရှိနေသရွေ့ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး ဦးဆောင်ရတယ်။
▪️ ၂၀၂၁ - ပြည်ထဲရေး လက်အောက်ခံ လဝက ခေတ်အဆက်ဆက်က သန်ခေါင်စာရင်း မှားနေတယ်။ ထွေအုပ်ရုံးက လူဦးရေးစာရင်းလည်း မှားနေတယ်။ လဝကက မှတ်ပုံတင်တွေ ထုတ်ပေးတာ လွဲမှားနေတယ်။ ဒါတွေအပေါ် အခြေခံထားတဲ့ မဲစာရင်း ပုံစံ (၁) ဟာ အကြိမ်ကြိမ် ပြင်နေတာတောင် မှားနေတယ်။ ဒီမဲစာရင်း အမှားနဲ့   ရွေးကောက်ပွဲ လုပ်တာ မှားနေတယ်။ ဒါကြောင့် တပ်မတော်ဟာ အာဏာသိမ်းရတယ်။
▪️ ၂၀၂၃ -  ဖက်ဒရယ်ကို  တပ်မတော်က ပေးမှာ ဖြစ်လို့ EAO တွေ လက်နက်စွန့်ကြပါ။ ပါတီထောင်၊ စီးပွားရေးလုပ် ချင် လုပ်၊ မလုပ်ချင်ရင် BGF လုပ်ကြပါ။ EAO တွေ လက်နက်မစွန့် သရွေ့ ၊ BGF မလုပ်သရွေ့ တပ်မတော်ဟာ နိုင်ငံရေး မှာ ပါဝင်နေရတယ်။
အကျယ် ပြောရရင် -
EAO တွေက ကိုယ်ပိုင်ပြဒါန်းခွင့် အတွက် လက်နက်ကိုင်တယ်။ မအလတပ်က " ကိုယ်ပိုင်ပြဒါန်းခွင့် လိုချင်ရင် လက်နက်စွန့်ရမယ်။ တပ်မတော်ဟာ နိုင်ငံရေးကို ဆွေးနွေးရုံပဲ တတ်နိုင်တယ်။ အတည်ပြုခွင့် မရှိဘူး။ လွှတ်တော်မှာပဲ အတည်ပြုရတယ်။  
EAO တွေ လက်နက်စွန့် ပါတီထောင် လွှတ်တော်တက်ပြီး အခြေခံဥပဒေကို ပြင်ကြပါ။။ အဲဒီအခါ EAO တွေ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရမယ်။ မရရင် လက်နက်ပြန်ကိုင်ကြ။ တပ်မတော်ကတော့ EAO တယောက်မကျန် လက်နက် မစွန့် မချင်း နိုင်ငံရေးထဲ ပါနေရဦးမှာပဲ။ " လို့ ဆိုလိုတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား