ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ DASSK ဘာတွေပြောကြသလဲကို စကစ က ဘာမှ မသိဘူး

ရာထူးက ဆင်းလုဆဲဆဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ DASSK ဘာတွေပြောကြသလဲကို စကစ က ဘာမှ မသိဘူးလို့ ဆိုတယ်



အဲဒါ ဘာကို ပြသနေသလဲ
တကယ်လို့သာ သင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနေရာမှာဆိုရင် DASSK က မူမဲ့တွေ့ဆုံဆွေးနွေးရေးကို လက်ခံတယ်ဆိုရင် ဘာလုပ်မလဲ။
ဝမ်းသာအားရနဲ့ မအလကို တွေ့ပြီး ပြောခဲ့မှာ မဟုတ်လား
စကစကို ဆွေးနွေးရလာဒ်ကို အသိမပေးပဲ နုတ်ဆိတ် ပြီး အာဆီယံအစည်းအဝေးကျမှ ထုတ်ပြောတယ်ဆိုတာ ယုတ္တိမကျဘူး

နောက်ပြီး
စကစဘက်က ဒီဆွေးနွေးမှုကို ဘာမှ မသိဘူးလို့ ဘူးခံနေတာဟာ 
(၁) DASSK က ( အမှန်တကယ် ပြောခဲ့တဲ့ စကား) ကို ဖြစ်စေ၊
(၂) ထိုင်းနိုင်ငံခြားရေးဝန်ကြီး လီဆည်ပြောတဲ့ စကားကို ဖြစစေ
ဘယ်ဟာကိုမှ လက်မခံချင်ဘူး တာဝန်မယူဘူးဟု အကုန်လုံးပယ်ချလိုက်တာ ဖြစ်တယ်။

ဒီလိုဆိုတော့
လက်နှစ်ဘက်တီးမှ အသံမြည်မယ့် တွေ့ဆုံရေး ဟာ
(၁) စကစ ဘက်ရော၊ DASSK ဘက်ကရော ဘယ်ဘက်မှ တာဝန်မခံဘူး
(၂) ထိုင်းနိုင်ငံခြားရေးဝန်ကြီးပဲ အူကြောင်ကြောင်နဲ့ တာဝန်ခံရမယ်။ ဒါပေသိ သူကလည်း မနက်သဘက်ခါဆို တာဝန်လက်မဲ့ ဖြစ်ပြီ
(၃) ဒီတော့ အာဆီယံဟာ ဒီသတင်းကို အတည်ပြုလို့ မရဘူး။ အာဆီယံသာ မအူမလည်နဲ့ ဒီသတင်းအပေါ် ယုံစားပြီး ... တွေဆုံရေး လုပ်ပါ၊ DASSK ကို လွှတ်ပေးပါလို့ ပြောလာရင် ... စကစက "မသိဘူး" တခွန်းနဲ့ အကြောင်ရိုက်မှာ ဖြစ်တယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား