မြန်မာ(ဗမာ) က အခြားတိုင်းရင်းသားတွေကို ကိုလိုနီ ပြုထားသလား မဟုတ်မမှန်ပါဘူး။

 မြန်မာ(ဗမာ) က အခြားတိုင်းရင်းသားတွေကို ကိုလိုနီ ပြုထားသလား
မဟုတ်မမှန်ပါဘူး။
ကုလသမဂ္ဂမှာ ... ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတဲ့ ကိုလိုနီနယ်တွေကို member state's control စာရင်းပြုစုထားပါတယ်။
၁၉၆၂ ကစပြီး Special Committe of Deconlonization က ၎င်းစာရင်းကို ထိန်းသိမ်းရပါတယ်။
၄င်းစာရင်းပါ ဒါဇင်များစွာဟာ လွတ်လပ်ရေး (သို့) ကိုယ်ပိုင်အုပ်ချုပ်ရေး ရတဲ့အခါ ဖယ်ထုတ်ကြပါတယ်။ အုပ်ချုပ်ခံ နိုင်ငံသစ်များ ရှိလာတဲ့အခါ ထပ်ဖြည့်ကြရပါတယ်။
https://www.un.org/dppa/decolonization/en/c24/about
အုပ်ချုပ်တဲ့ နိုင်ငံတွေက ၎င်းတို့ရဲ့ ကိုလိုနီနယ်တွေအကြောင်း အစီရင်ခံစာ ကို နှစ်စဉ် တင်သွင်းရပါတယ်။
▪️ မြန်မာနိုင်ငံမှာ ကိုလိုနီနယ် မရှိပါ။
မြန်မာနိုင်ငံထဲက မည်သည့် လူမျိုး ၊ မည်သည့် ပြည်နယ်၊ မည်သည့် ဒေသမှ member state's control NSGT စာရင်း (ဝါ ) ကိုလိုနီနယ်စာရင်း မပါဝင်ပါ။
👉 https://www.un.org/dppa/decolonization/en/nsgt ✅

ဒါကြောင့် ကိုလိုနီနယ် အစီရင်ခံစာ လည်း မတင်ရဘူး ။
▪️ မြန်မာနိုင်ငံမှာ မည်သည့်လူမျိုးဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းအသစ်တွေ သတ်မှတ်တဲ့ အကြိမ်တိုင်း၊
နဂိုထဲ က member state's control စာရင်း (ဝါ ) ကိုလိုနီနယ်စာရင်း မပါလို့ ၊ ဖယ်ထုတ်စရာ မလိုခဲ့ပေ။

‼️ " မြန်မာ (ဗမာ) က အခြားတိုင်းရင်းသားတွေကို ကိုလိုနီ ပြုထားတယ်။ ကျွန်ပြုထားတယ် ".. လို့ မဟုတ်မမှန် လိမ်လည် ဝါဒဖြန့်နေကြတာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေရဲ့ ယုတ်မာပက်စက်သော သွေးခွဲလှုံ့ဆော်မှု ဖြစ်ပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာ ဒီလို လူမျိုးအချင်းချင်း ခွဲခြား အပုပ်ချ မုန်းတီးရေး လှုံဆော်မှုကို အရေးယူမယ့် ရာဇဝတ်မှု ဥပဒေ ပြဒါန်းသင့်ပါတယ်


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား