ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ
- Get link
- X
- Other Apps
ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ
ပထမဆုံး ပြည်တွင်းပြည်ပ က ပြည်သူတွေ လှူနိုင်ဖို့ ဘာလိုအပ်နေသလဲ သိဖို့လိုတယ်။
(၁) မိမိလှူတာ လူမသိစေချင်ဘူး
(၂) မိမိလှူတာ ရောက်မရောက် သိချင်တယ်
(၃) မိမိလှူတဲ့ မှတ်တမ်းကို နောင်တချိန်မှာ သားစဉ်မြေးဆက် ဂုဏ်ယူချင်တယ်။ ဒါမှမဟုတ် ငွေပြန်လိုချင်တယ်။ ဒါမှမဟုတ် အခွန်ပေးဆောင်ရာမှာ ပြန်ခုနှိမ်ချင်တယ်
(၄) အလှူခံပုံးထဲ အလှူထည့်သလို လွယ်လွယ်ကူကူ ထည့်ချင်တယ်။ စိတ်ထဲ ချက်ချင်းသတိရပြီး လှူချင်တယ်
အဲဒီအချက်တွေ ပြည့်ဖို့
(၁) လက်နဲ့ တိုက်ရိုက်လှူတာပဲ ဖြစ်ဖြစ်၊ ဘဏ်ကဆင့် ငွေလွဲှတာပဲ ဖြစ်ဖြစ် " NUG တွေ ၊ PDF တွေ၊ PRF တွေ စစ်ရေး နိုင်ငံရေး စတဲ့ စွပ်စွဲစရာ သံသယဖြစ်စရာ ဘာမှ မပါတဲ့ ကုဒ်နံပါတ်တခု လိုအပ်တယ်။ အဲဒါကြောင့် ဂဏန်းချည်းသက်သက် ကုဒ်နံပါတ်ကို သုံးရပါမယ်။ ကုဒ်နံပါတ်ရဲ့ ရှေ့ ၂ လုံးကရောက်ရှိတိုင်းပြည်၊ ရှေ့ နောက် ၃ သုံးလုံးက ထောက်ပံ့စုဆောင်းရေးဌာန၊ နောက် ဂဏန်းတွေက မိမိကိုယ်ကဟပိုင်နံပါတ်။ ဒီနေရာမှာ ဂဏန်း မှတ်ရတာ လွယ်အောင် space ခြားပြီး ကဒ်ပြားပေါ် ရိုက်ပေးထားရပါမယ်။ သုံးလုံးထက် မပိုသင့်။ ဥပမာ 01 - 003 - 654 987 432 .. ပြည်တွင်းက လူတွေအဖို့ ကဒ်ပြားသယ်ဆောင်ရတာ လုံခြုံရေးခက်ခဲပါတယ်။ ကုဒ်နံပါတ်ကို မှတ်ထားပါ။ ငွေအလှူခံ ပုံးထဲ အဲဒီ ကုဒ်ကို စာအိတ်ပေါ် ရေးပြီး ထည့်။ ဒါမှမဟုတ် ပါးစပ်ကပြောပြီး လက်ထဲထည့်ရုံ ပါပဲ။ ဘာမှ အပိုးဆားဒါးတွေ မပြောပါနဲ့။ code ရယ် cash ရယ် ၂ ခုပဲ ။
( " 01 - 003 - 654 987 432 ရော့ ငွေ ၅ သောင်း" ဒါပဲ။ နောက် တပတ်ကြာရင် QR code ဒါမှ မဟုတ် memebr code နဲ့ စစ်ကြည့်၊ update ဖြစ်ရင် OK ... မဖြစ်ရင် ... ဗဟို PD Chat ( facebook သို့မဟုတ်telegram ) ထဲမှာ စုံစမ်းကြည့်ပါ။ ၁ လ ကြာလို့မှ update မဖြစ်ရင် နောက်ထပ်အ Fundraiser ဖွဲ့သစ်ကို ချိတ်ပေးဖို့ ပြောပါ၊ အရင် member code ကိုပါ ပြောပါ။ )
fundraiser က လူနာမည် သိစရာမလိုပါ။ စောစောက ပြောတဲ့ member code ကုဒ် နံပါတ် အတိုင်းအလှူငွေကို စာရင်းသွင်းရုံပါပဲ။ အလှူရှင် (ဝါ) ထောက်ပံ့တပ်သားက သူလှူတဲ့ ငွေ စာရင်း ဝင်မဝင်pds.nug.org website မှာ စာရင်း ဝင်မဝင် ကြည့်နိုင်ပါတယ်။ အလှူခံအတု နဲ့ မိသွားတောင် တခါပဲ ခံရပါမယ်။
pds.nug.org website မှာ ၂ မျိုး ကြည့်ရူ့လို့ ရပါမယ်။
(၁) verify ---- QR code ဖတ်ရင် ဒါမှမဟုတ် member code ကို ရိုက်ထည့်ရုံနဲ့ member အစစ်ဟုတ်မဟုတ် သိနိုင်မယ်။ တော်လှန်ရေး နံမည်ကို သိနိုင်မယ်။ လစဉ်ထည့်ဝင်ငွေ ကို သိနိုင်မယ်။ ပိုလှူထားသလား လျော့လှူထားသလား သိနိုင်မယ်။ status - ( ဒါက MOD ရဲ့ မှတ်ချက် တခုခု )...။ ဒီလိုနည်းနဲ့ member အတုအစစ် ခွဲနိုင်မယ်။ နောင်အခါ လူချင်းတွေ့ကြဖို့ garthering တွေ လုပ်မယ်။အစည်းအဝေးလု်မယ် ဆိုရင် လိုအပ်တယ်။ ရုပ်မပေါ်ချင်ရင် mask တပ်ထား။
(၂) log-in info ---- ဒါကို ဝင်ကြည့်ဖို့ email နဲ့ password လိုပါမယ်။ ဓာတ်ပုံအစစ်၊ မွေးသက္ကရာဇ်၊ နာမည်ရင်း ကို လျောက်လွှာတင်ချိန်မှာ တခါထဲ ပေးလို့လည်းရတယ်။ နောင်မှ update လုပ်လို့လည်းရတယ်။ မိမိသဘောပါ။ ကိုယ်ရေး အချက်အလက်ပေးထားသူတွေဟာ MOD - PDS အထူးအစည်းအဝေး တွေကို တက်ရောက်ခွင့်ရပါမယ်။ ကိုယ်ရေးအချက်အလက် မပေးထားသူတွေဟာMOD - PDS သာမန် အစည်းအဝေးကို တက်ရောက်ခွင့်ရပါမယ်။ ဒီ website ကို MOCIT ဝန်ကြီးဌာနက bond စာရင်း ကို လုံခြုံစွာ ထိန်းသိမ်းသလိုပဲ ထိန်းသိမ်းဖို့ လိုပါတယ်။
(၃) တော်လှန်ရေး ပြီးဆုံးတဲ့အခါ (ဒါမှမဟုတ်) ကတိပြုသက်တမ်းတခု ပြီးမြောက်တဲ့အခါ .... MOD ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို download လုပ်လို့ရပါမယ်။ ထူးခြားစွာ ထောက်ပံ့သူတွေကို ဝန်ကြီးဌာန ရဲ့ ထပ်တိုး မှတ်ချက်ပါလာပါမယ်။
Fundraiser ခေါ် ထောက်ပံ့ တပ်ရင်းမှူးတွေရဲ့ တာဝန်က
(၁) member code အတိုင်း စာရင်း ပြုစုရပါမယ်။ MOD က ပေးတဲ့ format အတိုင်း ဖြည့်ရပါမယ်။အဲဒီစာရင်းကို MOD ကို ပေးပို့ရပါမယ်။ MOD နဲ့ MOPFI က ရန်ပုံငွေ ဘက်ဂျက် အချိုးအစား၊ ရသုံးစာရင်း၊ မြေပြင် လိုအပ်ချက်များ အပေါ် သုံးသပ်ပြီး PDF တပ်ရင်းအလိုက် ခွဲတမ်း စာရင်းကို သက်ဆိုင်ရာ Fundraiser group code နံပါတ် ရ ထောက်ပံ့တပ်ရင်းမှူတွေဆီ ပို့ပါမယ်။
အဲဒီစာရင်း အတိုင်း အလှူခံ ထောက်ပံ့ ( Support) က မြေပြင် PDF ထောက်ပို့ ( Supply) တပ်နဲ့ ချိတ်ဆက် ပေးပို့ရပါမယ်။ Fundraiser တွေက ပေးပို့ပြီးစီးကြောင်းစာရင်းကို MOD ကို ပေးပို့ရပါမယ်။ ငွေလွှဲအထောက်အထားတွေကို အခြေအနေအရ တပါတည်း မပေးပို့ နိုင်ပါက နောင်လိုအပ်က ပြသရန် သိမ်းစည်းထားရပါမယ်။
မြေပြင် PDF တွေက လက်ခံရရှိကြောင်း public မှာ အသိပေးခြင်၊ Fundraiser နဲ့ MOD ဆီက (တပြိုက်နက် ) သတင်းပို့ခြင်းကို လုပ်ရပါမယ်။
MOD က PDF တပ်ရင်းများ လက်ခံရရှိကြောင်း သတင်းပို့ချက်နဲ့ Fundraiser ဆီက ပေးပို့စာရင်းကိုတိုက်ဆိုင်စစ်ဆေးပြီး မှတ်တမ်းတင်ရပါမယ်။
MOPFI ကို Analysis လုပ်ရန် ၊ စာရင်းစစ်ရန် လွှဲပေးရပါမယ်။ MOCIT က ပေးပို့သော PDS တိုးတက်မှုစာရင်း ကို MOD နဲ့ MOPFI ကို ပေးရပါမယ်။MOPFI က ဘက်ဂျက်သုံးသပ်ချက်၊ MOD က မြေပြင်လိုအပ်ချက်၊ MOCITက ငွေလွှဲစနစ် ၊ နည်းပညာအသစ် ( ဥပမာ USDT) နဲ့ စနစ်လုံခြုံရေးကို ကို အမြဲ update လုပ်ပြီးဝန်ကြီးချုပ် ဆီအစီရင်ခံတင်ရပါမယ်။ ဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေး၊ စီးပွါးရေး၊ နိုင်ငံခြားရေး ၊ လူမှုကယ်ဆယ်ရေး အခြေအနေက ထောက်ပံ့စနစ် အပေါ် သက်ရောက်နိုင်မှုကို စည်းဝေးပြီး ဆုံးဖြတ် ရပါမယ်။ နိုင်ငံတော်သမ္မတကြီးကို အစီရင်ခံရပါမယ်။
- Get link
- X
- Other Apps
l need to member
ReplyDelete