လူမျိုးစု (or) နိုင်ငံသား အခြေပြု ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ

လူမျိုးစု အခြေပြု ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ

(အားသာချက်)

- ကွန်ဖက်ဒရယ် (သို့) ခွဲထွက်ရေးကို ကူးဖို့ လွယ််မယ်။ (ခွဲထွက်ရေး ဘက်က ကြည့်ရင် အားသာချက်)

- လက်နက်ကိုင် ခေါင်းဆောင်တွေ ကျေနပ်ကြမယ်။

- အမျိုးသားရေး ဝါဒီတွေ ကျေနပ်ကြမယ်။

- ရှိရင်းစွဲ စီးပွားရေး အကျိုးအမြတ် ရရှိနေတဲ့ သူတွေအတွက် မြွေမသေ ဒုတ်မကျိုးမို့ အခွင့်ထူးခံတွေ ကျေနပ်ကြမယ်။

(အားနည်းချက်)

- ကွန်ဖက်ဒရယ် (သို့) ခွဲထွက်ရေးကို ကူးဖို့ လွယ်မယ်။ (ဖက်ဒရယ် ဘက်ကကြည့်ရင် အားနည်းချက်။)

- တိုင်းပြည်ရေးကို ပြည်သူတွေက ဆုံးဖြတ်တာထက် လက်နက်ကိုင် လူနည်းစုက ဆုံးဖြတ်ချက်ချတာ ဖြစ်နိုင်တယ်။ (ပြည်သူက အခရာ မဟုတ်တေဲ့ စနစ်ဖြစ်နိုင်တယ်။)

- လူမျိုးစု မတူသူ ခေါင်းဆောင်တွေကြား ညှိနှိုင်းမရ ဖြစ်နိုင်တယ်။

- လူမျိုးစု တူသူ ခေါင်းဆောင်တွေ ကြားမှာတောင် ညှိနှိုင်းမရ ဖြစ်နိုင်တယ်။

- ကိုယ်ကျိုးစီးပွား ဆက်နွယ်မှုနဲ့ လူတစ်စုက ပြည်နယ်တွေမှာ လွှမ်းမိုးမယ့် ပုံစံမျိုး ပေါ်ပေါက်နိုင်တယ်။

- တိုင်းပြည်ရဲ့ တိုးတက်လာနိုင်မှု အများစုကို ပြည်သူတွေက ခံစားရတာထက်၊ လူမျိုးစု စစ်အသုံးစရိတ်တွေထဲ ဝင်သွားပြီး ပြည်သူက အကျိုးခံစားရမှု နည်းမယ်။ ပြည်သူက လက်နက်ကိုင်တွေ အောက်မှာ နင်းပြား ဘဝနဲ့ ဆက်လက် ဆင်းရဲနိုင်မယ်။ စစ်စရိတ်အတွက် ဆက်လက်ထောက်ပံ့ပေးနေရမယ်။

- လူမျိုးရေး ပြဿနာတွေ ဆက်လက်ရှိနေနိုင်တယ်။

- သယံဇာတခွဲဝေရေးမှာ ပြဿနာတွေ ရှိနိုင်မယ်။

- နယ်နိမိတ်ခွဲခြား သတ်မှတ်ရေးဟာ အဓိက ပြဿနာ အကြီးကြီး ဖြစ်လာမယ်။ (ပြေလည်စရာ အခြေအနေ မရှိ။)

- ဗဟိုအစိုးရဟာ အာဏာမရှိတဲ့ ကွန်ဖက်ဒရယ် အစိုးရပုံစံ ဖြစ်နေလိမ့်မယ်။

- ခြေဥရေးဆွဲရေးဟာ ဆက်ရေးလို့မရဘဲ ရပ်တန့်နေနိုင်တယ်။

- ခြေဥရေးဆွဲပြီး အသက်သွင်းတဲ့အခါ မကျေနပ်မှုတွေ ဆက်ရှိနေလို့ လက်နက်ကိုင်ပြီး လက်နက်နဲ့ ဖြေရှင်းဖို့တွေ ဆက်ဖြစ်နိုင်တယ်။

................................

နိုင်ငံသား အခြေပြု ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်

(အားသာချက်)

- နိုင်ငံသားတိုင်း တန်းတူညီမျှမှုရှိတဲ့ နိုင်ငံရေး အခွင့်အရေး ရမယ်

- ပြည်သူတွေက နိုင်ငံရဲ့ မူလပိုင်ရှင် ဖြစ်တယ် ဆိုတဲ့ အချက်ဟာ ထင်ရှားစေမယ်။

- ဒီမိုကရေစီ စနစ်ကျကျ ရွေးကောက် တင်မြှောက်နိုင်မှုကို နိုင်ငံရဲ့ အုပ်ချုပ်ရေး အဆင့်တိုင်းမှာ ဖော်ဆောင် လုပ်ကိုင်နိုင်မယ်။

- လူမျိုးရေး ပြဿနာ နည်းပါးမယ်။

- နယ်မြေခွဲခြားရေး ပြဿနာ မရှိသလောက် နည်းမယ်။

- တိုင်းပြည်မှာ စစ်တပ်ကို ဗဟို အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိပြီး၊ ပြည်ပရန် ကာကွယ်ရေးအတွက်ပဲ လုပ်မှာမို့ မတူတဲ့ လူမျိုးစုတွေကြား လက်နက်ကိုင် ရန်ဆောင် တိုက်ခိုက်နေမှု နည်းသွားမယ်။

- တိုင်းပြည်ရဲ့ တိုးတက်မှု အသီးအပွင့်ကို ဒေသခံ စစ်တပ်တွေအတွက် အသုံးပြုစရာ မလိုတာကြောင့် ပြည်သူတွေက တိုးတက်မှုကို အပြည့်အဝ ခံစားရမယ်။

- အခြေခံ ဥပဒေ မရေးခင်မှာ ညှိနှိုင်းမှုတွေ ကြိုလုပ်ရနိုင်ပေမယ့် သဘောတူပြီးနောက် အခြေခံဥပဒေ ရေးရာမှာ အငြင်းပွားမှု နည်းနိုင်ပြီး ဆက်လက်ရေးဆွဲလို့ရမယ်။

- အခြေခံဥပဒေ ရေးပြီးနောက် အသက်သွင်းရာမှာလည်း လွယ်ကူစေမယ်။

- လူမျိုးစွဲတွေ ‌နည်းပါးမယ်။

- နိုင်ငံသားခြင်း အားလုံး အတူတူပဲ ဆိုတဲ့ တန်းတူညီမျှမှုကို ခံစားရမယ်။

(အားနည်းချက်)

- လူမျိုးစု ဝါဒီတွေက မကျေမနပ် ဖြစ်နိုင်တယ်။

- လက်နက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှူံးနိုင်တာကြောင့် သဘောတူညီဖို့ ခက်မယ်။

- လက်နက်ကိုင်တွေ လက်နက်စွန့်ဖို့ သဘောတူဖို့ ခက်မယ်။ (ကိုယ့်အလို မကျလို့ လက်နက်ကိုင်ထားတာကြောင့်၊ လူမျိုးစု အခြေခံ ဖက်ဒရယ် ဒီမိုကရေစီမှာလည်း မကျေနပ်ရင် လက်နက်က ဆက်ကိုင်နေမှာပါပဲ။)

- ကိုယ်ကျိုးစီးပွား ဆက်နွယ်မှုတွေ လုပ်မရနိုင်တာကြောင့် မတည်ငြိမ်မှု ပြဿနာတွေ ရှိလာနိုင်တယ်။

- မူလကတည်းက ဖက်ဒရယ်ကို အယောင်ပြပြီး ကွန်ဖက်ဒရယ် (သို့) ခွဲထွက်ရေး လုပ်ချင်သူတွေအတွက် အဆင်မပြေ ဖြစ်မယ်။

- သဘောမတူတဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေက လက်နက်ကိုင်ပြီး တိုက်ခိုက်တာတွေ ဆက်လုပ်နိုင်တာကြောင့် စစ်ပွဲတွေ အတိုင်းအတာ တစ်ခုအထိ ဆက်ရှိနိုင်တယ်။ (လက်နက်ကိုင် တော်လှန်မှု အချိန်ကာလ ဘယ်လောက် ကြာမလဲ ဆိုတာဟာ နောက်တက်လာတဲ့ အစိုးရရဲ့ အရည်အချင်းမှာလည်း အများကြီး မူတည်တယ်။)

- လူမျိုးစု ဝါဒီတွေက ငါတို့ ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့ အမြင်နဲ့ ပြည်သူတွေကို စည်းရုံးပြီး လူမျိုးစု ဝါဒီကို ဆက်လက်တည်တောင်ပြီး နိုင်ငံရေး ပြဿနာတွေ ဆက်လက် ဖြစ်ပွားနိုင်မယ်။

နိုင်ငံသား အခြေပြု ဖက်ဒရယ် ဒီမိုကရေစီလား

လူမျိုးစုဝါဒီ အခြေပြု ဖက်ဒရယ်် ဒီမိုကရေစီလား

ကိုယ့်ဖာသာ တွေး... ကိုယ့်ဖာသာ‌ ရွေးဖို့။

ကိုထိုက်



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား