ဇူလိုင် ၁၉ အာဇာနည်နေ့ဟာ ဗမာအာဇာနည်နေ့မဟုတ်ဘူး

သောက်ပေါတွေ သူ့ဘာသာ ငစောသတ်လို့ သေတဲ့ လူကြီးတွေကို လူမျိုးကြီးဝါဒ နဲ့ ဆွဲကပ်ပြီး သိက္ခာချနေတယ်။ 
   




အာဇာနည် ၉ ဦးက ဗမာရှမ်းကရင်ကုလား လူမျိုးစုံတယ်။ ရှမ်း ၁ + ကရင် ၁ + မြန်မာ ၅ + ကု-လား ၂ ... ။ ရခိုင်က အရှောင်ကောင်းလို့လွတ်သွားတာ။ လူမျိုးကြီးဝါဒနဲ့ ဘာမှ မဆိုင်ဘူး။ ဇူလိုင် ၁၉ အာဇာနည်နေ့ဟာ ဗမာအာဇာနည်နေ့မဟုတ်ဘူး။ လူမျိုးစုံအာဇာနည်နေ့ဖြစ်တယ်။


တကယ်ဆိုင်တာက ကရင့်အာဇာနည်နေ့။ ကရင့်အာဇာနည်နေ့ လုပ်တော့ ဘာကြောင့် အပေါက်ပိတ်နေသလဲ။

အာဇာနည်နေ့ ရောက်တိုင်း “အာဇာနည်ဟာ ၉ ဦး မက၊ လူမျိုးကြီးဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ အကွက်က သမိုင်း မရှိတဲ့ “လူမျိုးစွဲ အာဇာနည်နေ့” ကို အတင်းကြီး ဇွတ်သွတ်သင်းနေတာ ဖြစ်တယ် ... သူတို့မှာ လူမျိုးနာမည်နဲ့ အာဇာနည်နေ့တွေ ရှိတယ်။ သူတို့မှာ လူမျိုးနာမည်နဲ့ လူမျိုးစွဲ ပြည်နယ်တွေ ရှိတယ်။ အဲဒီတော့ “ဗမာပြည်နယ်” ဖွဲ့ပါ ဖြစ်ပြန်ရော။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား