အင်မတန် ညံ့ဖျင်းသော မြန်မာ့နိုင်ငံရေးသမားများ ကို ပြောချင်တယ်

အင်မတန် ညံ့ဖျင်းသော မြန်မာ့နိုင်ငံရေးသမားများ ကို ပြောချင်တယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီး တွေ့တာကို အင်တာတွေဗျူးကြ အမျိုးမျိုး အဖြေထုတ်နေကြတာ လိုရင်း မရောက်ဘူး။
ဒါက ဘာကို ပြသနေသလဲ ဆိုရင် .. သူတိူ့ဟာ (၁) ဒီမိုကရေစီကို နားမလည်ဘူး (၂) rule of law ကို နားမလည်ဘူး။
(၁) ဒီမိုကရေစီကို နားလည်ရင် အဖြေက ရှင်းတယ်။
အနီးစပ်ဆုံးသော လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲတခုက ပြည်သူ ဆန္ဒမဲ နဲ့ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စာလှယ်တွေ ( အများစု ) လက်ထဲမှာသာ အချုပ်အခြာအာဏာ တည်ရှိတယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီပင်လျှင် အဲဒီပြည်သူ့အာဏာကို ဆန့်ကျင်သော လမ်းကြောင်းကို သွားခွင့်မရှိဘူး
(၂) rule of law ကို နားလည်ရင် အဖြေက ရှင်းတယ်
တွေ့ဆုံဆွေးနွေးရေး တို့ ရင်ကြားစေ့ရေးတို့ ဆိုတာ rule of law ကို ကျော်လွန်ခွင့် မရှိဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး တို့ ရင်ကြားစေ့ရေးတို့ ကို လုပ်ခွင့် မရှိဘူး
အဲဒီ အုပ်စုကို ရာဇဝတ်မှုနဲ့ အရေးယူပြီးမှ အောက်ခြေ တပ်မတော်နဲ့ သာ တွေ့ဆုံဆွေးနွေးရေး လုပ်ခွင့်ရှိတယ်။
အဲဒီအချက် ၂ ချက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီဟာ ဖောက်ဖျက်လို့ မရဘူးဆိုတာ သူကောင်းကောင်းသိတယ်။ ဖောက်ဖျက်ရင်လည်း အစဆွဲထုတ်ပြီး သိက္ခာချပစ်မယ့် အုပ်စုဟာ ဟိုဘက် ဒီဘက်က ထွက်လာမှာပဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား