ပြဒါးတလမ်း သံတလမ်း ဖြစ်သွားပြီ ဖြစ်တဲ့ DASSK နဲ့ မအလ စစ်တပ်

ပြဒါးတလမ်း သံတလမ်း ဖြစ်သွားပြီ ဖြစ်တဲ့ DASSK နဲ့ မအလ စစ်တပ်
ဒီနိုင်ငံက နိုင်ငံရေး သမား စာရေးဆရာ တွေရော လက်နက်ကိုင်တွေရော ဟာ rule of law နဲ့ ပက်သက်လာရင် ယုံကြည်ချက်က " zero သုည "အဆင့်မှာပဲ ရှိတယ်။
Rule of law ကို ကိုင်ပြောတဲ့ ဦးအောင်ထူးပင်လျှင် EAO တွေနဲ့ ပက်သက်ရင် အဖျားရှူးသွားတယ်။ ကြောင်ပျောက်သွားတယ်။
ကရင်နီ ကြားကာလ အစိုးရတို့ စစ်ကိုင်းဖိုရမ် ရည်ရွယ်ချက်တွေဟာ rule of law ကို ဖောက်ဖျက်နေတာပဲ။
မအလ စစ်တပ်ဆိုရင် rule of law ကို အကြိမ်ကြိမ် ဖောက်ဖျက်တယ်။ ကိုကိုကြီးတို့လို အေးမောင်တို့လို လူတွေက မသိချင်ယောင်ဆောင်နေတယ်။
▪️ Rule of Law ဆိုတာ ဥပဒေရဲ့ အုပ်ချုပ်မှုကို လိုက်နာ ခြင်း ဖြစ်တယ်။
▪️ ဥပဒေ ဆိုတာ .. ပဒေသရာဇ်ခေတ်မှာ ပဒေသရာဇ် ဓလေ့ အရ ပြဒါန်းတဲ့ ဥပဒေဟာ တရားဝင်တယ်။ ဒီမိုကရေစီ ခေတ်မှာ ဒီမိုကရေစီနည်းကျ ပြဒါန်းတဲ့ ဥပဒေဟာ တရားဝင်တယ်။
▪️ ၂၀၀၈ ခြေဥဟာ ဒီမိုကရေစီ နည်းကျ မဟုတ်တဲ့အတွက် နအဖဟာ တရားဝင်မှုရအောင် နည်းပေါင်းစုံနဲ့ လုပ်ခဲ့တယ်။ လမ်းတဝက်မှာ ခြေဥပျက်တယ်။
▪️ ၂၀၀၈ ခြေဥ ဖြစ်စေ၊ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ ဖြစ်စေ .. လိုက်နာမယ်လို့ ကတိခံထားသူတွေဟာ ( အဲဒီ ဥပဒေ ကို ဒီမိုကရေစီနည်းကျ မဖျက်မချင်း) လိုက်နာမှသာ rule of law နဲ့ ညီတယ်။
✅ DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ( အများက စွပ်စွဲသလို ) NLD နဲ့ စစ်တပ် ရင်ကြားစေ့တာ မဟုတ်၊ လက်နက်ကိုင် အချင်းချင်း၊ လူမျိုးအချင်းချင်း ကြား ( ကြား ၂ ကြားဝင်ပြီး ) စေ့စပ်ပေးရာက ကြားညပ်ခံရတာ ဖြစ်တယ်။
✅ DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ အတိတ်ကို သင်ပုန်းချေပြီး အနာဂတ်ကို rule of law အောက်မှာ နေကြဖို့ ဖြစ်တယ်။ အတိတ်ရော ၊ ပစ္စုပ္ပန်ရော၊ အနာဂတ်ရော လုပ်ချင်တာ လုပ်ကြ၊ သင်ပုန်းချေပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။
▪️ သန်းရွှေတပ်ဟာ အကြွေးပတ်လည်ဝိုင်း တဲ့အခါ ၂၀၁၀ မှာ ချွတ်ခြုံကျ နေတဲ့ လူမှုစီးပွား ကို NLD မှီ ကြံစုပ် ဖို့ ဖြစ်လာတယ်။ သိန်းစိန်က စစ်တပ်ကို reform ပြုပြင်ပါမယ် ခဗျ အော်ပြီး ၊ DASSK ထမီခြုံပြီး စီးပွားရေး ပိတ်စို့မှု ဖွင့်ရေး ၊ ကြွေးမှီလျှော်ရေး ၊ ရင်းနှီးမြုပ်ဝင်ရေး လုပ်တယ်။
▪️ ၂၀၁၅ NLD အစိုးရ ဖြစ်လာလတော့ ရင်းနှီးမြုပ်ဝင်၊ ကြွေးဆပ်၊ ခြေဥပြင်၊ ကြား ၂ ကြားဝင် မရဲပဲ ကျွဲပြဲ စီးတယ်။ မအလ ၊ ကြံဖွတ် နဲ့ မဘသက DASSK ကို အသရေဖျက်တယ်၊ ဂျီနိုဆိုက် လုပ်တယ်၊ ရခိုင်နဲ့ ရန်တိုက်တယ်၊ ယောမင်းကြီးဇရပ် နဲ့ အခြားပါတီတွေက DASSK အလွန်၊ DASSK မပါသော အနာဂတ်၊ DASSK က မရှိခြင်း နတ္ထိပစ္စယောနဲ့ အကျိုးပြုပါ လို့ ဘေးတီးကြတယ်။ မအလက ကာလုံခေါ်ပြီး အာဏာသိမ်းဖို့ ၆ ကြိမ် ကြိုးစားခဲ့တယ်။
▪️နောက်ဆုံးမှာ ဥပဒေမဲ့ ခြိမ်းခြောက် မရတော့ (နဝတ၊ နအဖ၊ သစ၊ NLD အစိုးရ အဆက်ဆက် မှားယွင်းနေတဲ့ လဝကစာရင်း ) ကို အခြေပြုရတဲ့ မဲပေးခွင့်ရှိသူ စာရင်း ပုံစံ(၁) ကို ရမယ်ရှာ အာဏာသိမ်းတယ်။ မဲပေးပြီးနောက် ပါတီစုံကိုယ်စားလှယ်တွေ လက်မှတ်ထိုးကြတဲ့ မဲရလာဒ် ပုံစံ (၆) ကို မျက်ကွယ်ပြုပြီး ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သာ အပြီးအပြတ်ဖြစ်မယ်ဆိုတဲ့ ပုပ်ဒ်မကို ချိုးဖောက်ပြီး အကြမ်းဖက် အာဏာသိမ်းတယ်။


▪️ သမတနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်အမတ်တွေကို အရင်ဖမ်းဆီးပြီးမှ အမှုကပ်တယ်။ မည်သူမှ ဖမ်းခွင့်မရှိ၊ ဖြုတ်ချခွင့်မရှိ ပဲ လနကိုင် အကြမ်းဖက်တယ်။ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ) နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်။ ဒုသမတဟာ ယာယီသမတ အဖြစ် ကာလုံခေါ်ခွင့်မရှိဘူး။ ဒုသမတ ဟာ သမတ အသစ် ရွေးကောက်ပွဲ လွှတ်တော်မခေါ်ပဲ ယာယီသမတ အဖြစ် ၃ နှစ်ကြာ နေခွင့်မရှိဘူး။ ၂၀၀၈ ခြေဥအရ ယာယီသမတ သက်တမ်း ၂၁ ရက်ပဲရှိတယ်။ ယာယီသမတတာဝန်ဟာ လွှတ်တော်ခေါ်ဖို့ပဲ ဖြစ်တယ်။ အရေးပေါ်ကြေညာခွင့်မရှိဘူး။
▪️ သာမန်မဟုတ်လို့ အာဏာထိန်းရပါတယ်ဆိုပြီ း အရေးပေါ်ကာလဟာ ၂ နှစ်ထက် မကျော်ရဘူး။ အချိန်အကန့်အသတ်မ ရှိ အာဏာထိန်းလို့ ရတယ်လို့ ဘာသာပြန်ရင် ၂၀၀၈ ခြေဥဟာ ကမ္ဘာတည်သရွေ့ စစ်တပ်က အာဏာထိန်းခွင့်ရှိရာရောက်တဲ့အတွက် ဒီမိုကရေစီခေတ် တရားမှုဟာ အလိုလိုပျက်ပြယ်တယ်
✅ ဒီတော့ Rule of Law ဥပဒေက အုပ်ချုပ်ခြင်း ကိုသာ လိုက်နာရင် ... ( တရုပ်က အခြေခံဥပဒေ အရ လို့ပဲ ဆိုစေဦးတော့...)
လက်ရှိအထိ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးရှိတဲ့ DASSK ဟာ အစိုးရ ပြန်ဖြစ်မှာ ဖြစ်တယ်။ ကုလသမဂ္ဂမှာ တရားဝင်အစိုးရ ခေါင်းဆောင်ဟာ ဦးဝင်းမြင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။
ဥပဒေအရပ်ရပ်ကို ချိုးဖောက်ထားတဲ့ စကစ ဟာ ထောင်ထဲ သွားရမှာ ဖြစ်တယ်။ DASSK ဟာ ဒီ ရာဇဝတ်သားတွေကို အရေးမယူရင် သူမ သည်လည်း ဥပဒေမဲ့ ပြုကျင့်သူ ဖြစ်လိမ့်မယ်

▪️ စကစဘက်ခြမ်းကို ကြည့်ပါဦး။ မအလဟာ DASSK ကို နိုင်ငံတကာ အလယ်မှာ ICJ တွန်းပို့ပြီး အသရေဖျက်ရုံမက ပြည်တွင်းဥပဒေတွေက မဲမသမာမှု ၊ မလျော်ဩဇာသုံးမှု၊ လုံခြုံရေးအချက်အလက်ပေါက်ကြားမှု၊ အဂတိလိုက်စားမှု၊ လာဒ်စားမှု ဆိုတဲ့ ရာဇဝတ် ပြစ်မှုတွေကို တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချပြီး ဖြစ်နေတယ်။
မအလဟာ DASSK ကို နိုင်ငံရေးလောကထဲက အပြီးတိုင် ကန်ချလိုက်တာ ဖြစ်တယ်။ အခုတော့ မအလဟ DASSK ကို ပြန်ခေါ်သွင်းဖို့ အခက်အခဲ ဖြစ်သွားပြီ။ အယူခံတရားရုံးက ( မဟုတ်မမှန် ပြစ်ဒဏ်ချထားတဲ့ ) ပြစ်မှုတွေကို ပယ်ဖျက်ကြောင်း ကြေညာရင် ... စကစနဲ့ တရားရေးဌာနတွေဟာ ဘာဖြစ်သွားမလဲ .. တွေးကြည့်ကြပါ။
သန်းရွှေဟာ DASSK ကို နိုင်ငံရေးထဲ ပြန်သွင်းပြီး ကစားဖို့ နေရာချန်ထားတယ်။ နိုင်ငံရေး အမှုတွေနဲ့ပဲ တရားစွဲတယ်။ မအလကတော့ အလုံးစုံ ချေမှုန်းပစ်ရာက အကွက်ပျောက်သွားပြီ။
ဒါကြောင့် မအလဟာ ထမိန်ခြုံချင်ပေမယ့် ကိုယ့်ရှူး ကိုယ်ပတ်ပြီး လမ်းဆုံးရောက်သွားပါပြီ။ ဗြောင်လိမ်သူတို့ ထုံးစံ ဘာတွေ လိမ်မလဲ ကြည့်ရဦးမှာပဲ။
DASSK သာ အပြောနဲ့ အလုပ်ညီရင် Rule of Law က မအလနဲ့ DASSK အကြား ကမ္ဘာခြားခဲ့ပါပြီ။ မြန်မာစစ်တပ်ဟာ အပြီးတိုင် နိုင်ငံရေးအာဏာကို လက်လွှတ်ရမှာ ဖြစ်ပြီး မအလရဲ့ ပြစ်မှုတွေကို ဒုတိယမ္ပိ သင်ပုန်း​ချေခွင့် မရှိတော့ပါ။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား