တပါတီစနစ်

 ပါတီစုံ ရွေးကောက်ပွဲက ပြည်သူထောက်ခံလို့ မဲအများဆုံး ရရှိတဲ့ အခါ  ...  "အဲဒါ တပါတီစနစ်ကြီး" လို့ .. မဟုတ်မမှန် ဖောင်းထုကြသူတွေဟာ ...

(၁) ပါတီစုံ ရွေးကောက်ပွဲ အဆင့်ကို ဖျောက်ကွယ်ပြီး ဗြောင်လိမ်နေတာ ဖြစ်တယ်

(၂) တပါတီကပဲ မဲအများဆုံးရရ ၊ မဲကွဲပြီး ညွန့်ပေါင်းအစိုးရပဲ ဖွဲ့ဖွဲ့  ဒီမိုကရေစီ စံနှုန်း ဖြစ်တယ်.. ဒါကို မလိုတမာ အပုပ်ချနေတာ မအလ စခတွေ နဲ့ အတူတူပဲ

(၃) ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် NLD လို ၈၀% တောင် မရဘူး။ ၆၀% လောက်နဲ့ အစိုးရ ဖွဲ့ကြတယ်၊ အဲဒါကို မလေ့လာ မသိရှိ၊ သိပြန်တော့လည်း ...  မျက်စိစုံမှိတ် ဖျင်ပိတ် ဘူးခါနေကြတယ်

(၄) မြန်မာနိုင်ငံဟာ တပါတီ စနစ်ကို ကြုံတွေ့ခဲ့ပြီးပြီ။ နေဝင်း မဆလခေတ်မှာ တပါတီထဲ ရွေးကောက်ပွဲ ဝင်တယ်။တပါတီထဲက ကိုယ်စားလှယ် ၂ ယောက်ကို မဲပုံး အဖြူ အနက် ၂ ခုထဲ မဲထည့်ရတယ်။ ဒီလို သမိုင်းကို  မသိချင်ယောင် ဆောင်ပြီး ... ဘဲဥမကွဲ ပါတီတွေက အီးနံ့ကို အခုထိ ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီး .. အခါခွင့် သင့်တိုင်း ပြန်ရှူနေတယ်

(၅) နောက်ထပ် တပါတီ စနစ်ဆိုတာ ... EAO နယ်မြေတွေမှာ ရှိတယ်။ KNU ၊ KIO ၊ UWSA စတဲ့ နယ်​ေမြတွေ ပါတီစုံ ရွေးကောက်ပွဲ ဆိုတာ ကြားဖူးလား၊ ကွန်ကရက်ခေါ်တဲ့ ပါတီတွင်း ရွေးကောက်ပွဲပဲရှိတယ်။ ပြည်သူလူထု မဲပေးခွင့်မရှိဘူး၊ အဲဒီလို တပါတီ စစ်အာဏာရှင် အငယ်လေးတွေက .. လက်ဝေခံ proxy တရသပါတီတွေဖွဲ့ပြီး... ဒီမိုကရေစီနည်းကျ ... မိမိပြည်နယ်ထဲမှာတောင် .. NLD ကို မယှဉ်နိုင်တဲ့အခါ... သူခိုး လူဟစ်ကြတယ်၊ 

(၆) မအလ စစ်တပ်က ၂၅%  လုယူထားပြီး၊ ရွေးကောက်ပွဲက ကြံဖွတ်က ၁၀% နဲ့ တရသပါတီတွေက ၁၀% .. နဲ့ ဖွဲ့စည်းရတဲ့ ၂၀၀၈ ခြေဥလွှတ်တော် ထဲမှာ .. NLD က ရွေးကောက်ပွဲ ၈၀% နိုင်တာတောင် ... အခြေခံဥပဒေပြင်ခွင့် မရှိဘူး..။ ဒါတောင် NLD က တပါတီ အာဏာရှင် ဖြစ်နေပြီလို့ .. မအလစစ်တပ်က လေပုပ်ထုတ်ရင်.. တရသအမည်ခံပါတီတွေ.. မဟုတ်မမှန်တာ သိသိနဲ့ .. မအလအလုံး ငုံပြောကြတယ်။ အခု အဲဒီ တရသပါတီတွေ ဘာလုပ်နေကြသလဲ .. စစ်အာဏာရှင် အဖြည့်ခံ လုပ်နေကြတာ မြင်ကြသလား

(၇) ၂၂၂၂၂ မှာ ပြည်သူလူထု က မိမိဘာသာ ဆန္ဒပြတာကို  ၊ သူတို့ကြောင့် လူထုဆန္ဒပြသယောင်  ခါတော်မီ ဖျာခင်းတဲ့ သပိတ်ကော်မတီ တွေက ... ပြည်သူ့ကိုယ်စားပြု သူတွေကို ..ဖယ်ရှားဖို့.. အပေါ်က အကျင့်တန်ကြတဲ့ သူယုတ်တွေ ရဲ့ အလုံး ငုံကြပြန်တယ်

ဒါကို နိုင်ငံရေးကို မသိပဲ အရှက်မရှိ တောပြော တောက်ပြော ဆယ်လီ ဖြစ်နေတဲ့ ငပေါတွေက live လွှင့် သွေးထိုးရင်း ... 

ဒီတိုင်းပြည်ဟာ ငလိမ်နဲ့ ငပိန်း ကြက်ဥနဲ့ ကြက်မ သံသရာလည်နေတော့တာပဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား