ခွဲထွက်ရေး

 အခြားတိုင်းရင်းသားတွေဟာ ခွဲထွက်ရေးနဲ့ ခြိမ်းခြောက်နေပေမယ့် လက်တွေ့မှာ လုံးဝ မဖြစ်နိုင်တာ သူတို့ သိပါတယ်

(၁) အမေရိကန်ကလည်း ခွဲထွက်နိုင်ငံသစ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ သူတို့က စီလုပ်ဩဇာခံတွေ ဖြစ်တယ်။ စီလုပ်က ဆွဲစားသွားမယ်လို့ စိုးရိမ်ပြန်တယ်။ 

(၂) စီလုပ်က ထိုင်ဝမ်ကို ကုလသမဂ္ဂမှာ နိုင်ငံသစ် တခု နေရာ ပေးလိုက်မှာ စိုးလို့၊ ထိုင်ဝမ်ကို စီလုပ်ပြည်မထဲ ပြန်ပေါင်းဖို့ ဖြစ်တယ်။  ဒါကြောင့် စီလုပ်နိုင်ငံခြားရေးမူဝါဒက  ခွဲထွက်ရေး အသိအမှတ်မပြု။

(၃) ခွဲထွက်မယ့် လူမျိုးတွေဟာ အိမ်နီးနားချင်းနိုင်ငံတွေမှာ နယ်ခြားမျဉ်းကို ဟိုဘက် ဒီဘက် ခွနေကြတယ်။ အိမ်နီးနားချင်းနိုင်ငံတွေက လူမျိုးတူတွေဟာ ခွဲထွက်ရေး လုပ်လာကြမှာ စိုးတယ်။

ဒါကြောင့် ခွဲထွက်ရေးဟာ မဖြစ်နိုင်ဘူး။ ခွဲထွက်တဲ့ နယ်မြေဟာ အသိအမှတ်ပြု မခံရဘူး။ ဒေသလုံခြုံရေးအရ တဖက်ဖက် ချက်ချင်း ဆွဲသွင်းပစ်မှာ ဖြစ်လို့ ကြာကြာ မရပ်တည်နိုင်ဘူး။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား