စကစ ဟာ ငွေစက္ကူ နှစ်သောင်းတန် ထုတ်တာကို သုံးသပ်ရရင်
စကစ ဟာ ငွေစက္ကူ နှစ်သောင်းတန် ထုတ်တာကို သုံးသပ်ရရင်
စကစ ဟာ သူတို့ လုပ်ချင်တာ လုပ်ပြီးမှ တရားခံရှာတဲ့ လက်ညိုးပေါင်းစုံ ထိုးတော့တာပဲ။ ငွေစက္ကူ အသစ် ထုတ်ရင် ဈေးကွက်ထဲ ဂယက်ထမယ်ဆိုတာ စစ်ဖွတ်လို ငပိန်းအဆင့်ကတောင် သိတယ်။ ဈေးကွက် ထဲ ဘာဖြစ်ဖြစ် ငတေမာရင် ပြီးရော လုပ်ချလိုက်တာပါ။အထိမ်းအမှတ် ထုတ်ချင်ဦးတော့ တံဆိပ်ခေါင်း ဖြစ်စေ၊ တန်ဖိုးတူ ငွေစက္ကူ ဖြစ်စေ ထုတ်လို့ရပါမယ်။ ( ဥပမာ ၅၀၀ တန် ပေါ့။ )
မအလ ကြေညာချက်မှာ တိရစ္ဆာန် မွေးနေ့ ဆိုတယ်။ မဲလုံးက စုတ်ပြဲ ငွေစက္ကူအဟောင်းတွေ လဲလှယ်ဖို့ လို ဆိုတယ်။ စကား ၂ ခွန်းဟာ ရှေ့နောက် မညီဘူး။ ယုတ္တိကင်းမဲ့တယ်။ ၅၀၀ တန် အစုတ်ကို လဲဖို့ နောက်ထပ် ၅၀၀ တန် ထပ်မံထုတ်မှသာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်စည်းရာရောက်တယ်။ ၅၀၀ တန် အ ရွက် ၄၀ ကို သိမ်းပြီး ၊ ၂၀၀၀၀ တန် တရွက်ထုတ်ရင် တန်ဖိုးနည်း ငွေစက္ကူ (အတန်သေး) တွေ ရှားပါးလာမယ်။
သံသယ ဝင်စရာ အချက်က
- စကစမှာ အတန်သေး ငွေစက္ကူ ထုတ်ဖို့ ကုန်ကြမ်း ပြဿနာ ရှိနေသလား
- ရိုက်နှိပ်ပြီးသား ငွေစက္ကူတွေဟာ serial number limit ပြည့်နေပြီလား
- အတန်သေးတွေကို တဖြည်းဖြည်း ဖျက်သိမ်းကာ ၅၀၀၀ တန် နဲ့ အထက်ပဲ ဈေးကွက်ထဲ ရှိစေပြီး တသိန်းတန် အထိ ထုတ်ဖို့ ရည်ရွယ်နေသလား ( ကျော်မျိုးမင်းစကားအရ ၂၀၂၂ ထဲက အတန်သစ်တွေ ထုတ်နေပါပြီ)
ဆိုတာ ဆက်ကြည့်ရမှာပါ။
ဘာပဲပြောပြော သေချာတာက မအလ စကစ နဲ့ မြန်မာစစ်တပ် အာဏာရှိနေရင် လက်ဖက်ရည် တခွက် ကျပ်တသောင်း ဖြစ်လိမ့်မယ်။
မဖြစ်နိုင်ဘူးထင်ရင် ၈၈ အာဏာသိမ်းတော့ လက်ဖက်ရည် တခွက် ၁ ကျပ် က စပြီး ဈေးတက်တာပဲ။ သံယံဇာတကုန်၊ စီးပွားပိတ်စို့၊ ဒေါ်လာရစရာ လမ်းမရှိ၊ ပြည်ပ တင်သွင်းအားကိုးနေတာ ငရွှေထက် ဆိုးဖို့ပဲရှိတယ်။
Comments
Post a Comment