ဗမာပြည်နယ် ဖွဲ့ရေး

 ဗမာပြည်နယ် ဖွဲ့ရေး ဆိုတာ တိုင်းဒေသကြီး ၇ ခုကို ဗမာပြည်နယ် သတ်မှတ်လိုက်ရင် ဘာမှ ခက်ခဲတာ မဟုတ်ဘူး။ ဒါပေမယ့် အခု ပြောနေကြတဲ့ ဗမာပြည်နယ် ဖွဲ့ရေး ဆိုတာ တိုင်းဒေသကြီး ၃ ခုပဲ ဗမာပြည်နယ် ယူစေ၊ ကျန်တဲ့ ပင်လယ်ထွက်ပေါက်ရှိတဲ့ ဧရာ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီကို ဘုံပိုင်ပြည်နယ် ဖွဲ့မယ် ဆိုတဲ့ အဆိုပြုချက်ဟာ မရိုးဖြောင့်ဘူး။

▪️ ဘာကြောင့် မရိုးဖြောင့်သလဲ ဆိုတော့ ...

လူမျိုးအမည် နဲ့ ပြည်နယ်ရှိရမယ် ဆိုရင်လည်း 
တိုင်းဒေသကြီ အားလုံးဟာ လူမျိုးနာမည်တွေပဲ တပြေးထဲ ဖြစ်သင့်တယ်။ ဒါမှ ဗမာပြည်နယ် ဖွဲ့ရေး ဆိုတဲ့ အကြောင်းပြချက်ဟာ သူတို့ အဆိုနဲ့ သူတို့ တဖြောင့်ထည်းကျမယ်။

လူမျိုးနာမည်နဲ့ ပြည်နယ် ရှိသင့်တယ်လဲ ဆိုရဲ့  .. ဧရာ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီကိုတော့ ဒုံရင်း အတိုင်းထားမယ် ဆိုရင် တဖြောင့်တည်း မရှိ၊ ကောက်ကွေ့နေတယ်။

▪️ ဗမာပြည်နယ် ဖွဲ့ပြီးနောက် ....

လူမျိုးစုလွှတ်တော်မှာ ဗမာ တချိုး ၊ .. ဗမာ မဟုတ် တဲ့ ပြည်နယ် ၁၀ ခု ဖြစ်လာမယ် ဆိုတာလည်း ယုတ္တိမကျဘူး။ ဧရာ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီက လူမျိုးစွဲပြည်နယ် မှ မဟုတ်တာ။ 

ဖြစ်သင့်တာက .. အမျိုးသားလွှတ်တော်ဟာ လူမျိုးစုလွှတ်တော် စစ်မှန်ရင် လူမျိုး ၁၀၀ ကျော်က အမတ် ၁၀၀ ကျော် တက်သင့်တယ်။ လူမျိုးတမျိုး စီရဲ့ အမတ် ၁ ယောက်စီက ၁ မဲစီ ပေးခွင့်ရှိသင့်တယ်။

အခုတော့ ... ပြည်နယ်ရ လူမျိုးတွေက ပြည်နယ်တွင်း လူမျိုးကြီးဝါဒ နဲ့ တမဲစီ ကိုယ်စားပြုတယ်။ ပြီးတော့ .. ဗမာပြည်နယ်ကို ဝိုင်း ၊ .. မဲခွဲတိုင်း နိုင်အောင် ကြံစည်နေတာ သိပ်ကို ပေါ်လွင်နေတယ်။

▪️ ဧရာ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီက ဗမာတွေက ဗမာ မဟုတ်ဘူးလား

စစ်ကိုင်း၊ မန္တလေး၊ မကွေး ကို အညာဒေသကပဲ ဗမာပြည်နယ် ဆိုတော့.. အကြေဒေသက ဗမာတွေက လူမျိုးစုလွှတ်တော်မှာ ကိုယ်စားပြုခွင့်မရတော့ဘူး။ အကြေဒေသက ဗမာတွေက လူမျိုးစုအခွင့်အရေး ဆုံးရှုံးတယ်။

ပြည်သူသာ မဲပေးရင် ရန်ကုန်က ရှမ်းလူမျိုး အမတ်၊ မန္တလးက ကရင်လူမျိုး အမတ်၊ ပဲခူးက ရခိုင်အမတ်၊ တနဿင်္ာရီက ကရင်အမတ်က လွှတ်တော်တက်ခွင့်ရှိနေတယ်။ မဲပိုတဲ့ လူမျိုးက လူမျိုးစုလွှတ်တော်မှာ အသာရသွားနိုင်တယ်။

▪️ ဗမာပြည်နယ် ဖွဲ့ရုံနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ခြေဥ ရေးလို့ ( လုံးဝ ) လုံးဝ မရဘူး
ဘာကြောင့်လည်း ဆိုတော့ ...

တာချီလိတ်၊ ကျိုင်းတုံအထိ ပါဝင်မယ့် "ဝပြည်နယ် " .. ကို ဘယ်လို ဖွဲ့စည်းမလဲ။ ဒါကို ဘယ် CSO ၊ ဘယ် EAO ဘယ် ဆယ်လီ ကိုးလီ တွေမှ မပြောဘူး။ ဖက်ဒရယ် အကြောင်း live လွှင့်ပြီး ဖောရှောရိုက်နေကြတဲ့ လေပေါကြီးများ အဖွဲ့လည်း မပြောဘူး။ " ဝပြည်နယ် " မပါပဲ ပြည်ထောင်စု မဖြစ်နိုင်ဘူး။ အဲဒါမျိုးကို ခွန်မားကိုဘန်၊ အောင်စောဦး စတဲ့ ဘူထွားကြီးတွေက အစ ငြိမ်းငြိမ်းပြည့်၊ မောင်ဆောင်းခ၊ ဗိုလ်နဂါး၊စိုးဝင်းဆွေတို့ နောက်ပေါက်တွေ အကုန်လုံး ဒွါရခြောာက်ပါး ပိတ်နေကြတယ်။

မင်းတို့တော်လှန်ရေးဟာ မရိုးသားဘူး။ မရိုးသားတော့ ဘယ်မှာ အရွေ့ရှိမလဲ။

▪️ ဗမာပြည်နယ်ကို ပြောရဲရင် ဝပြည်နယ်ကို ပြောရဲရမယ်။ တအာန်းပြည်နယ်၊ ပအိုဝ်းပြည်နယ်၊ ရှမ်းနီပြည်နယ် ကို ပြောရဲရမယ်။ မေယုခရိုင်ကို ပြောရဲရမယ်။ 

ပြောတော့ ရိုဟင်ဂျာကို စာနာသယောင် မဟာဂရုဏာရှင်တွေယောင် ဆောင်နေတာ မေယုခရိုင်ကို တယောက်မှ မဟရဲဘူး။

TNLA က စစ်အင်အားရှိတော့ တအောန်းပြည်နယ်ကို ပေးချင်သယောင် ဟန်လုပ်ပြီး ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝခေတ်ကို ထူထောင်တဲ့ ရှမ်းနီက ကချင်ပြည်နယ်ထဲ က လူမျိုးခွဲအဖြစ်နေရတာ ဘယ် စဆရကတွေက ထောက်ပြဝေဖန်ရဲသလဲ။ ဘာကြောင့် အပေါက်ပိတ်နေကြသလဲ။ KIO ကို ကြောက်ဖားနေကြတာ မဟုတ်ဘူးလား။
--

၈ ပြည်နယ်မူ ရဲ့ ဦးတည်ချက်က လူမျိုးစုလွှတ်တော်မှာ ဗမာ ၇ မဲ၊ အခြားတရသ ၇ မဲ မျှခြေညီနေတာ မကြိုက်လို့ပဲ။
( တကယ်တော့ တိုင်း ၇ တိုင်းက တက်လာတဲ့ အမတ်တွေဟာ ဗမာ မဟုတ်ပဲ အခြားတရသလည်း ဖြစ်နိုင်တာကို ဖျောက်ကွယ်ထားတယ်။ ထားတော့)

ဖြေရှင်းနည်းက ရိုးရိုးလေးပါ

တိုင်းရင်းသား ၁၃၅ မျိုးဟာာ ခင်ညွန့်လုပ်ခဲ့တာဆို ထားလိုက်။ ရှေး ဘုရင်တွေ လက်ထက်ထဲက လူမျိူး ၁၀၁ ပါးကို ပြန်ယူ။

အဲ့ ၁၀၁ လည်း များတယ်ဆိုရင် တရုပ် ကလားကို ဖယ်လိုက်ဦး။ ယိုးဒယား ကသည်း ဇင်းမယ် ကို ဖယ်လိုက်ဦး။ လူမျိုး ၅၀ တော့ အသားတင်ကျန်တယ်

အဲဒီလူမျိုး ၅၀ ကို မဲဆန္ဒနယ် တခုစီ ပေးလိုက်။ ဒါမှ တန်းတူရေး ဆိုတာ တကယ် ဖြစ်မယ်။ ဥပမာ - ဗမာမဲဆန္ဒနယ်၊ ကရင်မဲဆန္ဒနယ်၊ ချင်းမဲဆန္ဒနယ်၊ရခိုင်မဲဆန္ဒနယ် ..

ပြည်နယ် နဲ့ မဲဆန္ဒနယ် ထပ်တူ ကျစရာ မလိုဘူး။ ဒီလိုဆို ဗမာက မဲများတယ်စရာလည်း မရှိဘူး။ ဗမာအမတ် တယောက် နဲ့ အခြားတရသ ၄၉ ယောက် ဗျာ။ ဘယ်လို မဲခွဲခွဲ ဗမာရှုံးတယ် ။ ကျေနပ်ပြီမလား

မဲဆန္ဒနယ် တွေကို အဲဒီလို လူမျိူး တမျိူးစီအတွက် စီစဉ်ပြီး၊  အုပ်ချုပ်ရေး ပြည်နယ်တွေကို ၈ ပြည်နယ် မထားနဲ့။ ပြည်နယ် ၄၀ လောက်ထားရမယ်။ 
  

ပြည်နယ်ကို လူမျိူးနာမည်နဲ့ မပေးနဲ့။ ရှေးက မြို့နာမည်တွေနဲ့ ပေးသလို ညောင်ရွှေပြည်နယ်၊ သီပေါပြည်နယ်၊ ဓညဝတီပြည်နယ်၊ ပုဂံပြည်နယ်၊ ရွှေဘိုပြည်နယ်၊ ပဲခူးပြည်နယ်၊ ပုသိမ်ပြည်နယ်၊ မုတ္တမပြည်နယ်၊ ကြယ်ဖိုးကြီးပြည်နယ် ၊ အဲဒီလို ပေးရင် .. ရှင်းနေတာပဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား