တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား


" တိုင်း Division  ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒ၊ တိုင်း ၇ တိုင်း ခွဲတာ နေဝင်း လုပ်ရပ်၊   ဗမာပြည်နယ် ဖွဲ့ပါ  " ဆိုပြီး သမိုင်းလိမ်တွေနဲ့  မိမိလူမျိုးကို မှိုင်းတိုက်ပြီး မြန်မာလူမျိုးကို မုန်းတီးရေး လုပ်နေကြတာဟာ ဘယ်သူအတွက်မှ အကျိုးမရှိဘူး။


 ဒီကိစ္စကို မအလ အလိုတော်ရိ မြန်မာသမိုင်းပညာရှင်တွေကလည်း မဖြေရှင်းဘူး။ အခြားတိုင်းရင်းသား သမိုင်းပညာရှင်တွေကလည်း မြန်မာမုန်းတီးလေလေ မိမိလူမျိုးဟာ NLD ဩဇာကလွတ်လေလေ ဆိုတဲ့ အကြံအစည်နဲ့ သမိုင်းမှန် သိပေမယ့် နေငုံနှုတ်ပိတ်နေကြတယ်။  မြန်မာနဲ့  အခြားတိုင်းရင်းသားတွေ မစည်းလုံးရင် ကြားထဲက အမြတ်ထွက်တာ မအလပဲ။   Dvide and Rule ကို တိုင်းရင်းသားတွေ မကြိုက်ဘူး။ ဒါပေမယ့် လုပ်နေကြတယ်။ 

ဟောဒီမှာ ၁၈၈၅ သီပေါမင်း ပါတော်မူပြီး ၆ နှစ် အကြာမှာ အင်္ဂလိပ်က ပြုစုတဲ့ သန်းခေါင်စာရင်း။ ကြည့်လိုက်ပါ။  မြန်မာပြည်ကို တိုင်း Division တွေ ခွဲတာ အင်္ဂလိပ်ပဲ ။ အဲဒီတော့ အင်္ဂလိပ်က ဗမာလူမျိုးကြီးဝါဒ သမားပဲလား။ 

စာမဖတ်ချင်ဘူး ပုံပဲကြည့်ချင်တယ် ဆိုတဲ့ လူတွေအတွက် အင်္ဂလိပ်အစိုးရ ရဲ့ အင်ပါယာဂေဇက် (အိန္ဒိယ ၁၉၀၉ နဲ့ ၁၉၃၁ ) မှာပါတဲ့  အင်္ဂလိပ် ကိုလိုနီလက်ထက်  တိုင်း Division တွေ ခွဲခြား အုပ်ချုပ်တဲ့ မြေပုံတွေ ။.  

ဖက်ဒရယ် အစစ်အမှန်လိုချင်ရင် ရိုးသားကြဖို့ လိုတယ်။ စစ်ဖွတ်တွေကို မကျင့်နဲ့







1941 Census Summary





The Imperial Gazetteer of India (1907-1909)





The Imperial Gazetteer of India (1931)




 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း