ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော် အပြေးအလွှား လျှို့ဝှက်သွားတဲ့ သတင်း

အမေရိကန်က အာဆီယံကို အစည်းအဝေးမှာ ဖိအားပေးတော့မယ် ဆိုတဲ့ သတင်း
တရုပ်က နိုင်ငံခြားရေး ဝန်ကြီး နေမကောင်းလို့ ဝမ်ရိက အစည်းအဝေး တက်မယ့် သတင်း
ပြုတ်ခါနီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော် အပြေးအလွှား လျှို့ဝှက်သွားတဲ့ သတင်း
အဲဒီနောက် ...

နိုင်ငံတကာ က ထင်ရှားလေးစားတဲ့ AP လို သတင်းဌာန ဒါမှမဟုတ် ဒေသတွင်း CNA လို သတင်းဌာန မဟုတ်ပဲ
မထင်မရှား လူမသိ သူမသိ ၂ယောက် တပိုင်း က domain ခ တလ 15 ဒေါ်လာ ပေးပြီး hosting တောင် အလကား free ရတာပဲ သုံးနိုင်လို့ မည်ကာမတ္တ ဘုရားစူး news ပေ့ချ်ထောင်ရေးနေတဲ့ Webiste တခုက DASSK က " NUG နဲ့ PDF ကို သဘောမတူဘူး၊ တိုင်းပြည်စီပွားရေး ကျဆင်းပးနေတာ မကြိုက်ဘူး၊ စီးပွားရေး ပိတ်စို့လို့ ပြည်သူတွေ ငတ်မွတ်ပင်ပန်းနေပြီ" လို့

မအလ ပြောနေတဲ့ပဲ အတိုင်း အတုံးအတစ်လိုက်ကြီး ရေးထားတာကို ဖွတ်မီဒီယာ CNI က မြန်မာဘာသာပြန်ပြီး ဖွတယ်

အာဆီယံ အစည်းအဝေး နီးရင် မအလ ဟာ ဖမ်းထားသူတွေကို အလွှတ်ပြမယ်၊ ဖမ်းထားပြီး လူမြင်ကွယ်ရာက DASSK ရဲ့ သတင်းယောင်တွေ ဖြန့်မယ်ဆိုတာ ကလင်ဒါကျပဲ

ဒီကိစ္စမှာ ...
(၁) ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ DASSK တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ DASSKက " ဦးဝင်းမြင့် ဦးဇော်မြင့်မောင် တို့ မပါပဲ" ဘယ်သူကိုမှ မတွေ့ဘူးလို့ ပြောပြီးသားပါ

(၂) သမိုင်းကို ပြန်ကြည့်ရင် ပါတီဗဟို အဖွဲ့ဝင်တွေ သဘောထားမပါပဲ DASSKဟာ နိုင်ငံရေးနဲ့ ပက်သက်တာ မှတ်ချက်ပေး တာ ဆုံးဖြတ်တာ မ ရှိဘူး

(၃) ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ လူရဲ့ ကျင်ဝတ်သိက္ခာပိုင်းက အာဆီယံ ရဲ့ မူဝါဒကို ချိုးဖောက်ပြီး မအလ စကစ တွေနဲ့ ချိန်းတွေ့တာ မကြာခဏပဲ။ လူကြီးလူကောင်း သံကြီးတမန်ကြီး စရိုက်မရှိ သူယုတ်လက္ခာဏာကို ပြသနေတယ်

(၄) ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ DASSK ကို ပုဂ္ဂီုလ်ရေး နုတ်ဆက်ချင်လို့ပါလို့ ခွင့်တောင်းပြီး ပြန်ထွက်လာမှ ပြောချင်တာ လျောက်ပြောနေတာ ဖြစ်နိုင်တယ်။ DASSK က ပါးစပ်ကို အဝတ်စနဲ့ စို့ထားခံရသူလို မှန်တယ်မှားတယ် ချေပငြင်းဆန်ခွင့်မရှိ

(၅) သူရဦးတင်ဦးလို လေဖြတ်ပြီး ပီပီသသ စကားမပြောနိုင်သူကို သဘာဝရိပ်သာဘုန်းကြီးက တဖက်သတ်ပြောခဲ့ပြီး ဝါဒဖြန့်တာ လည်း ဒီလို သဘောပဲ။ 

(၆) DASSK သာ တကယ်ပြောခဲ့ရင် မအလဟာ ဗီဒီယိုဖိုင် ထုတ်ပြပြီး အပီအပြင် အောင်ပွဲခံနေပြီ။ အခုတော့ လက်ပြန်ကြိုးတုပ် ပါးစပ်စို့ပြီး ဖြောင့်ချက်ပေးတယ်လို့ အမှုဆင်ခဲ့တဲ့ မအလ စကစ ရဲ့ ဒီလို လုပ်ကွက်တွေဟာ ပုံစံသာ မတူတယ် ယုတ်မာပုံက အတူတူပါပဲ

စကားမစပ်..

မအလ စကစဟာ DASSK နဲ့ မဆွေးနွေးဘူးလို့ ၂၀၂၂ ဇူလိုင် က ပြောခဲ့တယ်။ တနှစ်အကြာမှာ မအလ ပြောစေချင်တာ နာကျင်မှုတွေ ရောထွေး နေတဲ့ အသံကို DASSK ကပဲ ပြောသယောင် ၂ ကျပ်ကွက်နင်းနေပြီ
https://mizzima.com/article/dialogue-suu-kyi-not-impossible-says-myanmar-junta



=====


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား