ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်နဲ့ ရင်ကြားစေ့တယ်လို့ အပုပ်ချသူတွေ

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်နဲ့ ရင်ကြားစေ့တယ်လို့ အပုပ်ချသူတွေဟာ စစ်တပ်ကို တနည်းတဖုံ အားပေးကူညီနေတာ ဖြစ်တယ်။
DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ သူတို့ ပြောသလို အပေါစား မဟုတ်ဘူး။ နိုင်ငံရေးမှာ ဆရာလို သဘာလိိုလို ပြောဆိုနေကြတဲ့ လူတွေကိုယ်တိုင် ​အဲဒါကို အပေါ်ယံလျှပ်ပြီး ပြောဆိုနေတယ်။ လေးလေးနက်နက် သုံးသပ်တာ မရှိဘူး။ ဒါဟာ အင်မတန်ကြီးမားတဲ့ အတွေးအခေါိ အန္တရာယ်တရပ်ဖြစ်တယ်။
DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ စင်စစ်တော့
(၁) လက်နက်ကိုင် စစ်တပ် တွေအကြား ရင်ကြားစေ့ရေး
(၂) လူမျိုးတွေ အကြား ရင်ကြားစေ့ရေး ဖြစ်တယ်။
နံပါတ် (၁) အုပ်စုမှာ မြန်မာစစ်တပ် တခုပဲ ပါဝင်တာ မဟုတ်ဘူး။ EAO တွေလည်း ပါဝင်တယ်။ ၂၁ ပင်လုံညီလာခံဟာ အဲ့ဒီအတွက် လုပ်တာ ဖြစ်တယ်။ နံပါတ် (၁) အုပ်စုဟာ လွှမ်းမိုးနေတယ်။ အဲဒီ နံပါတ် (၁) အစုထဲမှာ မြန်မာစစ်တပ်က လွှမ်းမိုးနေတယ်။ ဒီတော့ မြန်မာစစ်တပ်နဲ့ ညှိုနှိုင်းပေးရတာပဲ။ ရှင်းအောင်ပြောရရင် DASSK ဟာ မြန်မာစစ်တပ်နဲ့ EAO တွေအကြား အောင်သွယ်တော် လုပ်ပေးနေတာ ဖြစ်တယ်။
နံပါတ် (၁) လက်နက်ကိုင်များ အရေးဟာ ရှုပ်ထွေးပွေလီနေပြီး တကယ့်ရင်ကြားစေ့ရမယ့် လူမျိုးစုအချင်းချင်း ရင်ကြားစေ့ရေးကို မရောက်တော့ဘူး။ ဖြစ်သင့်တာက လူမျိုးစုအချင်းချင်း ရင်ကြားစေ့ပြီးမှ လက်နက်ကိုင်တွေဟာ ပြည်သူ့သဘောထားကို လိုက်နာမှသာ တကယ့်အမျိုးသားရင်ကြားစေ့ရေးဟာ အောင်မြင်မှာ ဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မှာ လက်နက်အင်အားသည်သာ အခရာဆိုတဲ့ အုပ်စုတွေက ဒီဟာကို ကန့်လန့်ခံနေတယ်။
DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ စင်စစ်တော့
(၁) အတိတ်က ဥပဒေမဲ လုပ်ခဲ့သမျှ သင်ပုန်းချေရေး
(၂) ပစ္စုပ္ပန် နဲ့ အနာဂတ်ကို ဥပဒေနဲ့ အုပ်ချုပ်ရေးမှာ အားလုံးလိုက်နာရေး ဖြစ်တယ်
ဒီကနေ့ လူတွေ ပြောဆိုနေတဲ့ ဖေ့ဖေ့တပ်မတော် နဲ့ မောင်နှ မ ဆိုတာ အင်မတန် အမြင်သေးသိမ်တာ ဖြစ်တယ်။ တချို့ဆိုရင် မအလနဲ့ ပေးစားကြသေးတယ်။ ဒီလို ပုပ်သိုးတဲ့ အမြင်တွေဟာ ဘာကို ဖြစ်စေသလဲ။ DASSK ကို သံသယတွေ အမြဲဝင်ကြတယ်။ DASSK ကို ချစ်တဲ့ ခေါင်းဆောင်တင်တဲ့ အုပ်စုတစု ၊ DASSK အလာ့ဂျစ် အုပ်စုက တခု ဆိုပြီး နွေဦးတော်လှန်ရေးမှာ ဂိုဏ်းကွဲကြတယ်။ မအလက ဒါကို သိတယ်။ ထိုင်း FM ကို အသုံးချပြီး ထိုးခွဲတော့ ကွဲကြပြဲကြတယ်။
DASSK ဟာ သင်ပုန်းချေရေး ဟာ မြန်မာစစ်တပ်သာမက လူတိုင်း လူမျိုးတိုင်း နိုင်ငံရေးသမားတိုင်း လက်နက်ကိုင်း .. သမိုင်းတလျောက် ရာဇဝင်ဒုတ်ထမ်း ရန်ဖြစ်ခဲ့တာ၊ တရားမဲ့ ဥပဒေမဲ့ လုပ်ကြသမျှ ကို သင်ပုန်းချေရေး ဖြစ်တယ်။ စစ်တပ်တခုထဲ ကို ပြောတာ မဟုတ်။ ဒါကို အပြန်ပြန် အကြော့ကြော့ လုပ်ခွင့် မပေးဘူး ဆိုတာကို ဒုတိယအချက် ..
ဥပဒေနဲ့ အုပ်ချုပ်ရေးနဲ့ ပြန်ချုပ်ထားတယ်။ ၂၀၁၂ မှာ NLD ဟာ ၂၀၀၈ ခြေဥ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲဝင်ကြတာ။ မြန်မာစစ်တပ်က rule of law လိုက်နာဖို့ ကတိထားပြီး ဝင်တာ ဖြစ်တယ်။ အခြေခံဥပဒေကို ပြင်ပေမယ့် မြန်မာစစတပ်ဟာ ဥပဒေကို စက္ကူစုဆ်လို သဘောထားရင် အဟောသိကံ ဖြစ်မှာပဲ။ ကျည်ဆံက ဥပဒေစာချုပ်ကို ဖောက်ရင် ကြိုးစားသမျှ သဲထဲရေသွန်ပဲ။ ဒါကြောင့် rule of law ကို မြန်မာစစတပ်ရော အခြား EAO တွေရော လိုက်နာဖို့ ပြောတာ ဖြစ်တယ်။
ဒီနေရာမှာ DASSK ဟာ လက်နက်ကိုင်တွေရဲ့ ဖိအားကို ပြည်သူ့အင်အား နဲ့ ညှိယူရတာ ဖြစ်တဲ့ အပြင် စစ်ဗျူရိုကရက် တွေ ရဲ့ ရုံးလုပ်ငန်း အစီအစဉ်ဘောင်ထဲမှာ offical တွေ formal တွေ နဲ့ တိုင်ပတ်နေပြီး out of box မလုပ်နိုင်ခဲ့တာ လည်း ဝန်ခံရပါမယ်။ ဒါဟာ ငြင်းမရဘူး.. NLD ဟာ မူ ကောင်းပေမယ့် ဖြိုမင်းသိန်းလို သက်သက်ခိုင်လို စန္ဒာမင်းလို ကကြိုးကကြောင်တွေ ကို စင်တင်မိတဲ့ လူရေးလူရာ ညံ့တာလည် ဝန်ခံရပါမယ်
DASSK ဟာ မြန်မာစစ်တပ်ကိုရော EAO တွေရော လူမျိုးစုံ ပြည်သူတွေရော အမြဲတမ်း ပြောခဲ့တာ ရှိတယ်။ " လိုချင်မှုနဲ့ ပြည်ထောင်စု မတည်ဆောက်ကြပါနဲ့ ပေးဆပ်မှုနဲ့ တည်ဆောက်ပါ " ဆိုတာ ။ ဒီစကားကို မြန်မာစစ်တပ်လည်း အောင့်တယ်။ EAO တွေလည်း နာတယ်။
တကယ်တော့ ဒီတိုင်းပြည်ဟာ ပဒေသရာဇ် ရှေးရိုးစွဲ လူမျိုးစွဲ ရန်ဖြစ်နေကြတာ ရာစုနှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ ဒီဟာတွေကို စစ်ရေး နည်း၊ နိုင်ငံရေးနည်းနဲ့ ဆက်လက် ပြီး လူမျိုးစွဲ နယ်မြေတွေ လိုချင်မှုတွေနောက် လိုက်နေကြရင် ဘယ်တော့မှ ရင်ကြားစေ့ရမှယ မဟုတ်ဘူး ။ မြန်မာစစ်တပ်ပဲ မဘသ နဲ့ ကိုယ်ကျိုးအတ္တဝါဒရှိတာ မဟုတ်။ EAO တွေမှာလည်း ကျဉ်းမြောင်းတဲ့ လူမျိုးရေး နဲ့ ကိုယ်ကျိုးအတ္တ ဝါဒတွေ ရှိနေတာ ၂၀၂၁ နောက်ပိုင်းမှာ မျက်မြင်ပါပဲ။ အနှစ် ၆၀ / ၄၀ တော်လှန်ရေး ဆိုသူတွေက တကယ်တော်လှန်ရမယ့် အချိန်မှာ နပတ တက်ပြီး မအလ နဲ့ ဆွေးနွေးနေကြတာ မျက်မြင်ပဲ
EAO တွေက နယ်မြေတွေကို မြန်မာ (ဗမာ) က လုယူထားတယ်လို့ မြင်တယ်။ စစ်အာဏာရှင်က ယူထားတယ်လို့ မမြင်ဘူး။ စစ်အာဏာရှင်လက်ထဲက ပြန်ရရင်ရော ဘယ်သူ့လက်ထဲ ရောက်မလဲ။ EAO တွေ လက်ထဲ ရောက်မှာပဲ။ ( ကရင်နီ IEC ကို နမူနာကြည့်) ။ ဒီတော့ ဒီလို အနုသယ လောဘ ( လိုချင်မှု) ကို ပယ်ရှားပြီး မိမိနယ်မြေက လူမျိုးစုံပြည်သူလူထု လက်ထဲ အာဏာပြန်အပ်ပြီး ပြည်သူ့ အဆုံးအဖြတ်ခံကြဖို့လိုတယ်။ EAO တွေဟာ ပြည်သူလူထု အလုပ်အကျွေးပြုတဲ့ ပြည်သူ့အစေခံတွေလို ခံယူပြီး ပေးဆပ်ကြဖို့ လိုတယ်။
ဒီတော့ နွေဦးတော်လှန်ရေးထဲက လူတွေကို မေးချင်တယ်
သင်တို့ဟာ DASSK ကြုံတွေ့ခဲ့တဲ့ အချက် (၄) ကို ကြုံတွေ့နေရပြီလား။ ဘာဆက်လုပ်ကြမလဲ။ သင်ပုန်းချေမလား၊ rule of law ကို လိုက်နာမလား၊ လက်နက်ကိုင် ရင်ကြားစေ့ရေးလား၊ လူမျိူးစုံ ဘာသာစုံ ရင်ကြာ​ေးစ့ရေးလား။ သင်တို့ ပြောဆို လုပ်ကိုင်နေတာ ဘယ်ဟာကို ဇောင်းပေး နေသလဲ။ တို့မီးရှို့မီး လုပ်နေသလဲ။ ဓာတ်ဆီလောင်းနေသလဲ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား