"လူမျိုးစုတွေရဲ့လိုလားချက်" ဆိုတဲ့ စကား

 သူပြောသွားတဲ့ စကားတွေကို ကိုးကားရရင် "တော်လှန်ရေးအလွန်ကာလမှာလည်း ခိုင်မာ အားကောင်းတဲ့ နိုင်ငံရေးပဋိညာဉ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ် တည်နိုင်မယ့် အနေအထားရှိရမယ်လို့ ယူဆပါတယ်။" ဆိုတဲ့ စကားအရ

ဒါဟာ "ဖက်ဒရယ် ဒီမိုကရေစီ" ကိုသွားမယ်လို့ တိတိကျကျ ဆိုသွားတာပါ။

ကျွန်တော် ထောက်ပြချင်တဲ့ အချက်(တွေ)ကတော့ "မူကြမ်းကို ပြင်ဆင်တဲ့အခါမှာ လူမျိုးစုတွေရဲ့ လိုလားချက်တွေနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော နိုင်ငံရေးပဋိညာဉ်ဖြစ်စေဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။" ဆိုတဲ့ အချက်နဲ့ စကြည့်ချင်ပါတယ်။

"လူမျိုးစုတွေရဲ့လိုလားချက်" ဆိုတဲ့ စကားကို သေချာ မရှင်းလင်းပါဘူး။ လူမျိုးစုတွေရဲ့ လိုလားချက်တွေဆိုတာ ဘာတွေကို ရည်ညွန်းပါသလဲ။ လူမျိုးစု တူသူတွေ အချင်းချင်းကြားမှာတောင် ညှိမရတာတွေ ရှိနေတာကို "လိုလားချက်" ဆိုတာ ဘယ်လိုလားချက်ပါလဲ။

ဥပမာ .. KNU, DKBA, BGF. ကော်သူလေး .. အဲဒီမှာတောင် "လိုလားချက်" တွေ ညှိမရဘူးဆိုတာ အားလုံးက အသိပါပဲ။ SSPP နဲ့ RCSS က ညှိမရဘူး။ KIA နဲ့ ရှမ်းနီက ညှိမရဘူး။ ဒီတော့ ဘယ်လိုလားချက်ကို ပြောတာလဲ နားမလည်ဘူး။ ဒါတောင် အထက်က ပြောသွားတဲ့ အဖွဲ့တွေဟာ လက်နက်ကိုင်ထားသူတွေရဲ့ အသံတွေပဲ ဖြစ်ပြီး အဲဒီ လူမျိုးစုတွေထဲက သာမန်ပြည်သူတွေရဲ့ အသံတွေ ပါမနေတာကိုလည်း သတိထားမိစေလိုပါသေးတယ်။ လူမျိုးစုတွေ ညှိမရရင် .. အခြေခံ ဥပဒေက ရှေ့တိုးမရ ဖြစ်နေနိုင်ပါတယ်။

(အကယ်၍ သူတို့တွေ ညှိလို့ရခဲ့မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပေါ့။ ဝမ်းသာရမှာပါ။)

ယာယီ သမ္မတ ပြောသွားတဲ့ အချက်မှာ "ပြည်သူလူထုရဲ့ လိုလားချက်(တွေ)"ကို ရည်ညွန်းတာတော့ မတွေ့ရပါဘူး။ ပြည်သူလူထု လိုလားချက်ထက်၊ လူမျိုးစု လိုလားချက်က အခရာ ပိုကျနေတဲ့ အယူအဆဟာ ယာယီသမ္မတမှာ ရှိနေတယ် ဆိုတဲ့ သဘောလို့ သုံးသပ်မိပါတယ်။ ဒါဟာ နိုင်ငံရဲ့ အခြေခံအကျဆုံးဟာ ပြည်သူလား၊ လူမျိုးစုလား ဆိုတဲ့ မေးခွန်းကို ယာယီသမ္မတ (သို့) NUG က မြင်တဲ့ အမြင် အဖြစ်ဖြေသွားတယ်လို့ မှတ်ယူစရာဖြစ်နေတော့ .. သိပ်တော့ ဘဝင်မကျလှပါ။

ကိုထိုက်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား