" ကျမဟာ NUG PDF ကို အသိအမှတ်မပြုဘူး " ဆိုတဲ့ ဂျ

နိုင်ငံရေး ပေါတာကြီးများ က .. " ကျမဟာ NUG PDF ကို အသိအမှတ်မပြုဘူး " ဆိုတဲ့ ဂျင်းကို ဟုတ်များ ဟုတ်လေမလား လို့ သံသယ ဝင်ပြီး ရေးကြ ပြောကြတယ်။
အတိအကျ သိထားဖို့က ထိုင်း FM က သတင်ထောက်တွေကို " DASSK (၁) ကျန်းမာတယ် (၂) ဆွေးနွေးရေး လိုလားတယ် " - ၂ ချက်ထဲ ပြောတယ်။
" ကျမဟာ NUG PDF ကို အသိအမှတ်မပြုဘူး " ဆိုတဲ့ ဂျင်းကို ထိုင်း FM က လုံးဝ မပြောခဲ့ဘူး။ မအလ က လော်ဘီလုပ်ဖို့ ငွေပေးထားတဲ့ (သူမသိ သူမသိ သတင်းဝက်ဆိုက်ဒ် ၂ ခု .. Pan Orient နဲ့ နောက်တခု ) က ဆိုက်ဝါး ဖြန့်တယ်။ စစ်လော်ဘီတွေက ဖွတယ်။



နိုင်ငံတကာ သတင်းဌာနကြီးတွေက မရေးပဲ မအလ FM နဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ တွေ့ပြီး ဇူလိုင်မှာ ဒီသတင်းတင်တာ ပေါ်တင်ကျလွန်းတယ်။ ဒီလို ပေါ်တင်ကြီး လိမ်တာ ( ဇော်မင်းထွန်းတောင် offically မပြောရဲတဲ့ လိမ်ဆင်) ကို နိုင်ငံရေး ပေါတာကြီးများ က ပါးစပ်ထဲ တင်ပြောနေတာ အင်မတန် သိက္ခာမဲ့တယ်။
DASSK ဟာ ကျောင်းသားလူငယ်တွေရဲ့ လနကိုင် တော်လှန်ရေးကို ၂၀၂၁ မှာ ပထမဆုံး ကြုံတွေ့ ဖူးတာ မဟုတ်။
DASSK ဟာ ၂၀၁၅ - ၂၀၂၀ အကြားမှာ ခြေဥပြင်မရတဲ့ အခါ ၂၁ ပင်လုံ ကောက်ရိုးမျှင်ကို ဆွဲရင်း မြန်မာစစ်တပ်နဲ့ EAO တွေကို အတင်းရင်ကြားစေ့ရာက တချို့စကားတွေကို ငါ့စကား နွားရ ပြောခဲ့ပေမယ့် သူ့ရဲ့ သက်တမ်းတလျောက်မှာ လနကိုင် တော်လှန်ရေး ၂ ကြိမ် ကြုံတွေ့ခဲ့ရတယ်။
(၁)
DASSK ဟာ သူ့အဖေ သခင်အောင်ဆန်းရဲ့ ဖက်ဆစ်တော်လှန်ရေး ကာလမှာ မွေးဖွားခဲ့တာ ဖြစ်တယ်။ သခင်အောင်ဆန်းရဲ့ "PBF " ဟာ ဘုရင်တပါးပါး တည်ထောင်ထားသော စစ်တပ်မဟုတ်၊ ဝရမ်းပြေး ပြည်ပြေး လူငယ် ၃၀ က ပြည်ပအားကိုးပြီး တည်ထောင်ကာ သူပုန်ထတဲ့ စစ်တပ်ဖြစ်တယ်။ DASSK ဟာ သူ့အဖေအကြောင်း ရေးတဲ့အခါ ချီးမွမ်း ဂုဏ်ယူခဲ့တယ်။ သူ့ အဖေနဲ့ မယားညီကိုတော်သူ သခင်သန်းထွန်းဟာ "ဗကပ" ဥက္ကဌ ဖြစ်ပြီး မြန်မာစစ်တပ်ကို ပထမဆုံး လက်နက်ကိုင် တိုက်ခိုက်သူ ဖြစ်တယ်။ KNU ထက်စောတယ်။
(၂)
၁၉၈၈ မှာ NLD ထဲမှာ ဗကပ နဲ့ ဆက်သွယ်သူတွေ ၊ မြေပေါ် ကွန်မြူနစ်တွေ ရှိလို့ အောင်စုတင် ကွဲကြတယ်။ DASSK ဟာ UG တွေနဲ့ မစိမ်းခဲ့ပါဘူး။ အဲ့အချိန်တုန်းက ကျောင်းသား လူငယ်တွေ တောခိုကြ လက်နက်ကိုင်ကြတာ ရှိတယ်။ DASSK ဟာ လနကိုင် လမ်းစဉ်ကို မယုံကြည်ပေမယ့် အပြစ်မတင်ဘူး။
၁၉၈၉ ဧပြီလ ၂၆ ရက်နေ့ မြစ်ကြီးနား NLD ရုံးရှေ့ မိန့်ခွန်းမှာ ထိုခေတ်က လနကိုင် လူငယ်တွေအကြောင်း ဒီလို ပြောခဲ့တယ်။ " ကျောင်းသား လူငယ်တွေ လနကိုင် လုပ်တာ မြန်မာစစ်တပ်ရဲ့ အပြစ်သာ ဖြစ်တယ်။ လူငယ်တွေ အပြစ် မဟုတ်။ မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို ပစ်thတ်လို့ တောခိုကြတာ ဖြစ်တယ် ... " လို့ ပြောခဲ့တယ်။
ဒီတော့ ၁၉၈၈ နဲ့ ၂၀၂၁ သာ ကွာခြားတယ်။ ဖြစ်ရပ် က အတူတူပဲ။
DASSK က ဆက်ပြောသေးတယ်။ " လနကိုင် လူငယ်တွေဟာ ကျမတို့ ရင်သွေးတွေ ဖြစ်တယ်။ ကျမတို့ နဲ့ လုပ်နည်းလုပ်ဟန် ကွဲပေမယ့် ဒီမိုကရေစီပန်းတိုင် အတူတူ ဖြစ်လို့ ကျမတို့ရဲ့ " ရဲဘော်ရဲဘက်တွေ " ဖြစ်တယ်။ " မဟာမိတ်တွေ " ဖြစ်တယ် ၊ ကျမ " ဘယ်တော့မှ မပစ်ပယ်ပါဘူး " ... လို့ ပြောခဲ့တယ်။
Video >>  https://www.facebook.com/100089464140526/videos/676755150451719/

ဒီတော့ DASSK ဟာ ၂၀၂၃ မှာ မြစ်ကြီးနား NLD ရုံး ရှေ့ နောက်တကြိမ် ပြန်ရောက်ရင် ဒီစကားပဲ ပြောပါလိ့်မယ်။
(၃)
ယနေ့ CRPH လိုပဲ ... ၁၉၉၈ မှာ CRPP Committee Representing the People's Parliament ပြာ်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ကို DASSK ကိုယ်တိုင် တည်ထောင်ခဲ့တယ်။ ဦးခွန်ထွန်းဦး၊ ဦးအေးသာအော​င် တို့ ပါဝင်တယ်။
အဖွဲ့ဝင် ၁၀ ဦးအနက် ၉ ဦးသည် ( မဲအနိုင်ရ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နှင့် ဇိုမီးအမျိုးသားကွန်ဂရက် တို့ကို ကိုယ်စားပြုတယ်။ ယင်းနိုင်ငံရေးပါတီ ၅ ခုသည် စုစုပေါင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၈၅ နေရာအနက် ၄၃၃ နေရာ(၈၉)ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်။ 

DASSK ဟာ သူငယ်မပြန်သေးပဲ မှတ်ဉာဏ်ကောင်းသေးရင် သူကိုယ်တိုင် ထူထောင်တဲ့ ပုံစံတူ နောက်တခု ကို ကန့်ကွက်မှာ မဟုတ်ဘူး။ 

ဒါတင်မက CRPP ရော CRPH ပါ ... ပြည်သူ့ ဆန္ဒမဲနဲ့ ဒီမိုကရေစီနည်းကျ ပြည်သူ့အာဏာတည်ရာ အဖွဲ့ကြီးတွေ ဖြစ်နေတယ် ။ NLD ဟာ ပါတီ ဖြစ်ပြီး ၊ CRPP ဟာ De Jure အာဏာပိုင် ဖြစ်တယ်။. DASSK က ဆန့်ကျင်ကန့်ကွက် ခွင့် မရှိဘူး။
(၃)
NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတာ တမူထူးခြားတယ်။
ယနေ့ NUG အစိုးရကို CRPH က တရားဝင် အာဏာ ခွဲဝေ ကျင့်သုံးစေတာ ဖြစ်တယ်။ NCGUB က အဲဒီလို မဟုတ်ဘူး။
DASSK က ၁၉၉၈ မှာ CRPP မထူထောင်ခင် .. / ၁၉၉၀ ထဲက မာနယ်ပလောမှာ သူ့မောင်ဝမ်းကွဲ ဒေါက်တာ စိန်ဝင်းက နယ်စပ်ရောက် NLD အမတ် ၄-၅ ယောက်နဲ့ ဦးတယ်ဒီဘူးရီ ( ကရင်နီအမတ်) ၊ ခွန်မာကိုဘန် ( DOKNUကယန်း အမတ်) ၊ ဒေါက်တာ ဇလှယ်ထန် ( ချင်း CNLD အမတ်) ဦးသာနို့ ( ALD ရခိုင်အမတ် ) က သီးခြား ထူထောင်တာ ဖြစ်တယ်။ ဒီအဖွဲ့ဟာ ၁၉၉၂ မှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) လို့ ပြောင်းလဲတယ်။ ၂၀၁၂ ခုနှစ် မှာ တရားဝင်ဖျက်သိမ်းခဲ့တယ်။
NCGUB အစိုးရဟာ ကျောင်းသား တပ်မတော် ABSDF နဲ့ ပူးပေါင်းတာ ဖြစ်တယ်။ NCGUB က ABSDF ကို ထူထောင်တာ မဟုတ်ဘူး။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဟာ ၁၉၈၈ နို်ဝင်ဘာမှာ ထူထောင်တယ်။

ချုပ်ကြည့်ရင် ၂၀၂၁ မှာ ပြည်သူ့ အာဏာဆင့်လွှဲခံ တဲ့ ပြည်ထောင်စု လွှတ်တော် ကို ကျင်းပပြီး CRPH ကို ချက်ချင်းဖွဲ့ခဲ့တယ်။ CRPH က NUG အစိုးရကို ထူထောင်တယ်။ NUG အစိုးရဟာ အစိုးရတပ် PDF ကို ထူထေယင်တယ်။ De Jure နဲ့ De Facto အာဏာ စီးဆင်းပုံ မှန်ကန်တယ်။ ဥပဒေကြောင်းအရ .. ဒီလို အဖွဲ့တွေကို DASSK က ဆန့်ကျင်ကန့်ကွက် ခွင့် မရှိဘူး။
DASSK တို့ ရဲ့ CRPP ဟာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးမှ (၈) နှစ်ကြာမှ ထူထောင်တယ်။ CRPP နဲ့ သူ့မောင်ဝမ်းကွဲ Dr. စိန်ဝင်း ရဲ့ NCGUB ဟာ ဘာမှ ဆက်နွယ်မှု မရှိဘူး။ DASSK က ရဲဘော်ရဲဘက် ၊ မဟာမိတ်လို့ သတ်မှတ်တဲ့ ကျောင်းသားတပ်မတော်ABSDF ဆိုရင် .. NCGUB ထက် ( ၂ နှစ်) စောတယ်။ CRPP ထက် (၁၀ နှစ်စောတယ်။ အစီးအစဉ်တွေ ကမောက်ကမပဲ။
DASSK ဟာ CRPP ကို ထူထောင်ခဲ့တယ်။ ဒါကြောင့် CRPH ကို ကန့်ကွက် မှာ မဟုတ်ဘူး။ Dr စိန်ဝင်းရဲ့ NCGUB ကိုလည်း မကန့်ကွက်ခဲ့ဘူး။ ၂၀၁၂ မှာ NLD က ၁၉၉၀ ရွေးကောက်ပွဲ mandate ကို စွန့်လွှတ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်သွားမှသာ NCGUB ဟာ ပျက်ပြယ်သွားတယ်။ ABSDF ဆိုရင် NCA တောင် ထိုးပြီး ၂၁ ပင်လုံတောင် တက်လိုက်သေးတယ်။
သေချာစွာပြောနိုင်တာက DASSK ဟာ ပုံစံတူ CRPH ၊ CRPH က အာဏာအပ်နှင်းတဲ့ NUG ၊ NUG အစိုးရက တည်ထောင်တဲ့ PDF အစိုးရတပ် ကို ... ကန့်ကွက်စရာ မမြင်ဘူး။ ရှေ့ကြောင်း နောက်ကြောင်းကို ထောက်ရှူရင် သိနိုင်တယ်။
ဒီ ဂျင်း တွေ လွှင့်ထုတ်နေတာ မအလတပ်ရဲ့ အောက်လုံးတွေပဲ ဖြစ်တယ်။
ဇော်မင်းထွန်းကိုယ်တိုင်က "ထိုင်း FM နဲ့ ပြောဆိုသမျှ သူတို့ မသိရှိပါဘူး။ record လည်း မထားပါဘူး" လို့ ငြင်းဆိုထားပါရက်နဲ့ .. Pan Orient နဲ့ ကျော်မျိုးမင်းလို စစ်လော်ဘီတွေက ဖွနေတာက တာဝန်ယူမှု မရှိတဲ့ ဆိုက်ဝါးတွေသာ ဖြစ်တယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား