အာရကန်ဒရင်း ၂၀၂၅

မင်းသေ့ဆိုတဲ့ မအလလော်ဘီက AA ဟာ အာရကန်ဒရင်း ကို ၂၀၂၅ အစား ၂၀၃၅ ဖြစ်ဖို့သင့်တယ်လို့ နှပ်ကြောင်းပေးလာတယ်။ ၂၀၃၅ အထိ ဆိုရင် ရခိုင်မှာ အစစအရာရာ ဘာမှ မကျန်တော့ဘူး။ မင်းသေ့ရဲ့ ဂိုက်လိုက်းဟာ မြှောက်လည်း မြှောက်၊ ဆွဲလည်း ဆွဲဆိုတဲ့ ကျော်လဝင်းအကွက်တွေ ဖြစ်တယ်။
ဆရာဇော်ဝေစိုး ချင်းတွေနဲ့ တွေ့ဆုံပွဲမှာ EAO တွေ တိုက်တွန်းလို့ 1 year plan ကို NUG က ရေးဆွဲရတယ်လို့ ဆိုတယ်။ ဗခထွန်းမြတ်နိုင်ဟာ AA အနေနဲ့ ၂၀၂၅ မတိုင်ခင် အပြောင်းအလဲကြီးတခု ဖြစ်ရမယ်လို့ ဆိုတယ်။ တော်လှန်ရေးဟာ ၁၅ နှစ်ထက် မကြာသင့်ဘူး ၊ ကြာနေရင် အလုပ်မလုပ်ကြလို့ ဖြစ်တယ်လို့ EAO တွေကို ရည်ညွန်းပြောခဲ့တယ်။ မင်းသေ့ရဲ့ ဆောင်းပါးတွေဟာ တော်လှန်ရေးကို သွေးခွဲ မြှောက်ပင့်ပြီး အချိန်ဆွဲကာ စကစအတွက် အချိန်ဝယ်ပေးနေတာ ဖြစ်တယ်
ရခိုင် ကို ဝနဲ့ တူသယောင် ပြောဆိုနေတာဟာ သူငယ်နှပ်စားတွေလို့ ထင်နေပုံပဲ။ ရခိုင်နဲ့ ဝ တူတာ စစ်အင်အားပဲ ရှိနိုင်မယ် ပထဝီအနေအထားက ပြောင်းပြန်ဖြစ်နေတယ်။ မအလ ဖြတ်လေးဖြတ်နဲ့ မိုခါက အငယ်ဆုံး နမူနာပဲ။ ရိုဟင်ဂျာနဲ့ ဘင်္ဂလား၊ အိန္ဒိယ ထည့်မပြောသေးဘူး။ အမေရိကန်၊ ရုရှပါထည့်လိုက်ရင် ရခိုင်နဲ့ ဝ ပြဒါးတလမ်း သံတလမ်းပဲ
ရခိုင်တွေဟာ တော်တယ်လို့ မြှောက်တယ်။ တော်တဲ့ ရခိုင်မှန်ရင် စစ်ဘောမ အေးမောင်ကို ရခိုင့်ကိုယ်စားပြုဖို့ မဲမထည့်ဘူး။ အဲ့လို ဒဲ့ပြောရင် မုန်းတယ်။ မင်းသေ့ မြှောက်ပေးလိုက်ရင် အကွက်ရွေ့ရတာကို အဟုတ်မှတ်နေတယ်။ state building တည်ဆောက်နေပြီ ဆိုပြီး ဖြတ်လေးဖြတ် မခံနိုင်လို့ အမ်းကို ကြိတ်မယ့် AAဟာ ဆာဆာကာဝါ နဲ့ အကွက်ရွေ့ရာက ဆန်ပေး အပစ်ရပ်ရင်း လစိ ခြင်ကိုက်သွားတယ်
​မအလ စစ်တပ်ကို စစ်ခွေး လို့ တစ်တစ်ခွခွ ရေးပြီး နွေဦးမအလ ပုံစံယု၊ EAO တွေကို မြှောက်ပင့်၊ EAO တွေ အရသာတွေ့မယ့် ဗမာကို နှိမ်ချပြ ၊ NUG နဲ့ လမ်းကြောင်း မတူသယောင် ခွဲထုတ်ပြီး false hope တွေရေးထားတဲ့ သူ့စာအုပ်ကို စကစ ထုတ်ဝေခွင့်ပြုပြီး ဆိုင်တွေ ပေါ်မှာ ရောက်နေတာ က သူရဲ့ ကျောထောက်နောက်ခံကို ရိပ်မိကြသင့်တယ်။





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား