စစ်ကိုင်းဖိုရမ်က ဖက်ဒရယ် ဒီိမိုကရေစီ ချာတာ FDC နဲ့ မညီညွတ်ဘူး

 စစ်ကိုင်းဖိုရမ်က ဖက်ဒရယ် ဒီိမိုကရေစီ ချာတာ FDC နဲ့ မညီညွတ်ဘူး


 ▪️ဥပဒေတခုဟာ အပေါ်က ပြဒါန်းချက်ဟာ အောက်က ပြဒါန်းချက်ကို လွှမ်းမိုးတယ်။ ပုဒ်မတခု ထဲ ကွက်ပြီး လိုရာစွဲလို့ မရဘူး။

▪️  ဖိုရမ်ဟာ သာရေး နာရေး စကားစမည် ပြောကြ တိုင်ပင်ကြဖို့ ၊ စစ်မှုထမ်း / ဟောင်း တွေရဲ့ အခွင့်အရေး အသင်း အဖွဲ့  ဆိုရင် .. FDC နဲ့ ညီညွတ်တယ်။ 

FDC အခန်ူး (၂) ပုဒ်မ (၅) အရ .. ကာကွယ်ရေးတပ် တွေ "အားလုံး  " ဒီမိုကရေစီနည်းကျ ရွေးကောင်တင်မြှောက်ထားသော အရပ်သား အစိုးရ ရဲ့ ကွပ်ကဲမှု နဲ့  စီမံမှု အောက်မှာ ရှိရမယ်။ 

 စစ်ကိုင်း ဖိုရမ်ဝင် တပ်ဖွဲ့တွေ လိုက်နာကြပြီလား။ အဲဒီပုဒ်မကို လိုက်နာမှသာ"တရားဝင်" တယ်။

▪️လနကတပ်ဖွဲ့တွေဟာ စစ်မှုရေးရာနဲ့ ပက်သက်ရင် စုဝေးခွင့် ရှိတယ်။  

လနကတပ်ဖွဲ့ဟာ နိုင်ငံရေး အဖွဲ့အစည်းတခု မဟုတ်ဘူး။ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်တယ်။ ဒါကြောင့် အခြား ဝန်ထမ်းတွေလိုပဲ  အာဏာ နိုင်ငံရေးမှာ ပါဝင်ခွင့် မရှိဘူး။ 

အခြား နိုင်ငံအရေးကိစ္စတွေမှာ ပါဝင်ချင်ရင်လည်း .. အရပ်သားအစိုးရ ရဲ့ command အောက်မှာ လုပ်ရမယ်။

၂၀၀၈ ခြေဥလို "စစ်သားသည် ထူးခြားသော ဝိသေသရှိသော အမျိုးသားနိုင်ငံရေးကို ဦးဆောင်ပါဝင်သောတွေ " ..FDC မှာ လာလုပ်လို့မရဘူး။ 

လက်နက်ကိုင်ထားသူက အာဏာနိုင်ငံရေးမှာ ဝင်ရှုပ်တာကို လက်မခံလို့ တော်လှန်ကြတာ မဟုတ်ဘူးလား

▪️ အချုပ်အခြာအာဏာသည် ပြည်နယ်နှင့် "ပြည်နယ်အတွင်းရှိ" ပြည်သူထံက ဆင်းသက်သည်.. ။ FDC အခန်း (၂) ပုဒ်မ (၅) နဲ့ အခန်း (၃) ပုဒ်မ(၄) ကို ရှူ။ 

မှတ်ပုံတင်မှာ  ၅/ မဟုတ်ရင် စစ်ကိုင်းအချုပ်အခြာအာဏာ နဲ့ မသက်ဆိုင်ဘူး။  စစ်ကိုင်းမြေမှာ တော်လှန်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  စစ်ကိုင်း အာဏာပိုင် အဖွဲ့တွေ  .. မှာ ပါဝင်ခွင့် မရှိဘူး

ဒီတော့ စစ်ကိုင်းဖိုရမ်ဟာ  ဘယ်တိုင်း ၊ ပြည်နယ်သားတွေ ပါဝင်နေသလဲ ၊  LDF စာရင်းကို ကြေညာပေးဖို့  ပွင့်လင်းမြင်သာမှု လိုအပ်တယ်။ ပြင်ပပယောဂတွေ ဝင်မစွပ်ဖက်စေနဲ့

▪️ စစ်ကိုင်းဖိုရမ်က "ကိုယ်ပိုင်ပြဒါန်းခွင့်" ကို လက်နက်ကိုင်တပ်က ပြဒါန်းနိုင်တယ် လို့ ယူဆနေတယ်။ ကွန်မြူနစ်စတိုင် "ပါတီတွင်း တပ်ဖွဲ့တွင်း ဒီမိုကရေစီ"ကို ကူးချပြီး နားလှည့်ပါးလှည့် မလုပ်ရပါ။ 

FDC မှာ သတိပြုစရာက key word က " ဒီမိုကရေစီ" ပဲ။ "အချုပ်အခြာအာဏာသည် ပြည်သူက ပိုင်ဆိုင်တယ်" လို့ တည့်တည့်ရေးထားတယ်။ FDC အခန်း (၂) ပုဒ်မ (၁) နဲ့ အခန်း (၃) ပုဒ်မ(၁, ၂) ကို ရှူ။ 

"I am the state ငါသည် နိုင်ငံတော် ဖြစ်တယ် " ဆိုတဲ့ ပြင်သစ်ဘုရင် လူဝီ ၁၄ လို .. တဦး တစု  က အာဏာပိုင်အဖြစ် ရည်မှန်းခွင့်၊ ဆောင်ရွက်ခွင့် လုံးဝမရှိဘူး။

စစ်ကိုင်း မှာ ဒီမိုကရေစီနည်းကျ ရွေးကောင်တင်မြှောက်ထားသော အရပ်သား အစိုးရ = NUG ရှိတယ်။ NUG က ဆင့်လွှဲအာဏာ ပေးထားတဲ့  ပအဖ ( ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ရှိတယ်။

▪️ FDC အခန်း (၈) ပုဒ်မ (၅၂) မှာ  "ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ယန္တရားများကို လိုအပ်ရင် ဖွဲ့စည်းရမယ် " လို့ ပြဒါန်းထားတယ်။

ဒီနေရာမှာ သတိပြုရမှာက " ယန္တရား" ဆိုတဲ့ key word ဖြစ်တယ်။ တိုင်း/ ပြည်နယ် နာမည်တပ်ထားတဲ့  အတိုင်ပင်ခံကောင်စီ ၊ ဘာကောင်စီ ဖွဲ့ရမယ်လို့ ... မပါဘူး။

ယန္တရားများ 👉 တအဖ/ ခအဖ/ ပအဖ / ရအဖ မည်သည့်အဖွဲ့တွေပဲ ဖွဲ့ဖွဲ့ ... ( NUG အစိုးရက ဖွဲ့နိုင်တယ် )..

အချုပ်အခြာအာဏာ ရဲ့ ဆင့်ကဲ စီးဆင်းပုံ ၊ လွှဲအပ်ပုံကို နားလည်အောင် လေ့လာကြပါ။ 

" ဒီမိုကရေစီ = လွတ်လပ်စွာ စုဝေးခွင့် "တခုထဲပဲ သိနေရင် အဆင်မပြေဘူး။  

လနက လူစုတိုင်းသာ တရားဝင်ရင်  ..  ပျူဖိုရမ် ပျူကောင်စီတွေကိုပါ အသိအမှတ်ပြုနေရဦးမယ်

▪️ ဒါဆို ပြည်နယ်အတိုင်ပင်ခံကောင်စီတွေရော ?  

ဒီမှာ ချရေးရင် မကောင်းဘူး

--

ပြောမှ ဖြစ်တော့မယ်။ အခြားတရသတွေကို မျက်စိတဘက် မှိတ်ပေးထားလို့ မရဘူး။ အ​ခြားတရသ EAO တွေဟာ "ပြည်မ ပြိုကွဲရေး" ကို လက်တံဝင်ရှည်နေကြပြီ။ 

အ​ခြားတရသ EAO တွေဟာ သူတို့ နယ်ခြားဒေသတွေမှာ စင်ပြိုင်ဖိုရမ် မပြောနဲ့ LDF တောင် ဖွဲ့ခွင့်မပေးဘူး။ PDF တွေကို သူတို့ ထိန်းချုပ်မှု အောက်မှာပဲ ထားတယ်။ ပြည်နယ်တွင်း နိုင်ငံရေး အုပ်ချုပ်ရေး စွပ်ဖက်ခွင့် တစိုးတစိမျှ မရှိဘူး။ 

စစ်ကိုင်းမှာ LDF တွေကို လနဝယ်ဖို့ ကူညီတယ်။ အခုတော့ နောက်တဆင့် နိုင်ငံရေးမှာ ခြေဝင်ရှုပ်ပြီး စင်ပြိုင် ကောင်စီ ဖွဲ့ဖို့ စစ်ကိုင်းဖိုရမ်ကို မြှောက်ပင့်ပေးနေတယ်။ 

" စစ်တပ်သည် နိုင်ငံရေးက ထွက်ရမယ်၊ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိရမယ် " လို့ ကြွေးကြော်နေသူတွေကိုယ်တိုင် လက်နက်ကိုင်ရင်း နိုင်ငံရေးထဲ ဝင်ရှုပ်၊ အုပ်ချုပ်ရေးအာဏာ ဥပဒေပြုအာဏာကို လုယူချင်နေတဲ့ စစ်ကိုင်း ဖိုရမ်။ ဒီဖိုရမ်ကို ကောက်ခံအားပေးနေတဲ့ KNPP နဲ့ KNDF ဟာ ဘာလဲ ပြန်ကြည့်ပါ။

ကရင်နီ"ပြည် " ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ဆိုပြီး လက်နက်အားကိုးနဲ့ ဖွဲ့စည်းတယ်။ 

ဖွဲ့စည်းကြောင်းကြေညာချက်မှာ ဖက်ဒရယ်ဒီမိူကရေစီချာတာကို ရည်ညွန်းတဲ့ ၊ တာဝန်ခံတဲ့ စာပုဒ်တခုမှ မပါဘူး။ သာမန်လူအနေနဲ အရေးမကြီးဘူး ထင်ရပေမယ့် ဥပဒေကြောင်းအရ အဲဒီပျက်ကွက်မှုဟာ အချိန်မရွေး ဖက်ဒရယ်ပြည်ထောင်စုက ခွဲထွက်ဖို့ ( KNPP ပါဝင်ရေးသားတဲ့ ချာတာကိုပင် တာဝန်မခံ) တဲ့ ခြေလှမ်းဖြစ်တယ်။

ဦးအောင်ထူးကတော့ ပညာရှိပီသစွာ ကရင်နီ"ပြည် " ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကို ကြိုဆိုပေမယ့် အချက် (၃) ချက် ကို ပါးပါးလေး ထောက်ပြထားတယ်

(၁)  ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိခြင်း

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိပဲ အစိုးရတရပ်ဖွဲ့စည်းတာ တရားမဝင်ဘူး။ 

(၂) ပြည်နယ် ဥပဒေပြု လွှတ်တော်မရှိခြင်း၊ တရားလွှတ်တော် မရှိခြင်း

ပြည်နယ် ဥပဒေပြု လွှတ်တော်မရှိတော့ ကရင်နီပြည်သူ ကိုယ်စားပြုမှု ကင်းမဲ့နေတယ်။ လွှတ်တော်က အခြေခံဥပဒေ ပြဒါန်းပြီး အဲဒီခြေဥအရ အစိုးရကို ဖွဲ့စည်းရမှာ ဖြစ်တယ်။ ဒါကြောင့် လွှတ်တော်မရှိ အစိုးရတရပ်ဖွဲ့စည်းတာ တရားမဝင်ဘူး။ 

တရားလွှတ်တော် တရားရုံးချုပ် မရှိဘူး

(၃) အာဏာရှင်စနစ်ကို ဦးတည်နေခြင်း

KNPP + KNDF စစ်တပိုင်းကောင်စီနဲ့ "CSO ဆွဲခန့်တွေ"က ဥပဒေပြုမယ်၊ တရားစီရင်ရေး အဖွဲ့ ဖွဲ့မယ် ၊ အုပ်ချုပ်မယ် ဆိုတော့ ကရင်နီစကစ တခုပေါ်လာတာပဲ ဖြစ်တယ်။

(*) ပြည်နယ်အတွင်း အခြားသော ကယား /ကယန်းလူမျိုးတွေရဲ့ ထောက်ခံမှု မရှိဘူး။

(*) ကရင်နီ"ပြည် " ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ( ကရင်နီစကစ)  ကြေညာချက်မှာ နယ်နိမိတ် ကို မရေးသားထားဘူး။ 

ဒါပေမယ့် .. KNDF ကြေညာချက်မှာ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်းနဲ့ ပျဉ်းမနားအထိ ပါထင်တယ်လို့ ရေးထားတယ်။

IEC ကြေညာချက် သမိုင်းကြောင်းမှာ ကင်းဝန်မင်းကြီး နဲ့ အင်္ဂလိပ် သဘောတူတဲ့ ၂ နိုင်ငံသဘောတူ စာချုပ်မှာ  သံလွင်အနောက်ခြမ်း ကြယ်ဖိုးကြီး၊ နန့်မယ်ခုံ၊ နောင်ပုလဲ၊ ဘော်လခဲ နယ် (၄) ခုပဲ ပါတယ်။ သံလွင်အရှေ့ခြမ်း စော်လဖော်ရဲ့ ကန္ဒရဝတီ ဟာ မြန်မာမင်း သစ္စာခံ ဖြစ်တယ်။

ဒါကြောင့် ကရင်နီ  IECရဲ့ အုပ်ချုပ်ရေးဟာ ကြယ်ဖိုးကြီး၊ နန့်မယ်ခုံ၊ နောင်ပုလဲ၊ ဘော်လခဲ နယ် (၄) နယ်လား၊ ဘယ်အထိလဲ မတိမကျ တဲ့အတွက်  အစိုးရတရပ်ဟာ နယ်မြေစိုးမိုးဖို့ "နယ်မြေ" မရှိပဲ သဘာဝမကျ။ ဖွဲ့စည်းပုံ ပျက်ယွင်းနေတယ်။

ဒါကြောင့် IEC ဟာ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းအရ လုံးဝ တရားမဝင်ဘူး.. ဘယ်အဖွဲ့အစည်းမဆို မျက်စိမှိတ်ပြီး ထောက်ခံကြောင်း ကြေညာပါစေ၊ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းနဲ့ rule of law အရ အလိုလို ပျက်ပြယ်ပြီး ဖြစ်တယ်

---

ဖက်ဒရယ် ဒီမိုကရေစီကို တကယ်တမ်း လုပ်ကြမယ်ဆိုရင်

လက်ရှိ ပြည်နယ်နဲ့ တိုင်း နာမည်တွေ နယ်နိမိတ်တွေကို ပြည်သူ့ဆန္ဒခံယူပြီး ပြောင်းလဲသင့်တယ်။

ဖက်ဒရယ် ဒီမိုကရေစီဆိုတာ   နယ်မြေတွေ  ရှိမယ်။ အဲဒီနယ်မြေက ဌာနေ  ပြည်သူလူထု အာဏာ ရှိမယ်။ နယ်မြေတွေ စုပေါင်းထားတဲ့ နယ်မြေစု စုပေါင်း ပြည်သူ့ အာဏာရှိမယ်။ ဒီ အာဏာတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေက တဆင့် ဆင့်လွဲ အာဏာကို လွှတ်တော်ကို အပ်နှင်းတယ်။ လွှတ်တော်က အစိုးရကို အုပ်ချုပ်ရေး အာဏာ လွှဲတယ်။ ဒါမှ မဟုတ် ပြည်သူက အစိုးရအဖွဲ့ကို တိုက်ရိုက် ​ေရွးကောက်တယ်။ အစိုးရက အဆိုပြုပြီး လွှတ်တော်က ခန့်အပ်တဲ့ တရားရုံးချုပ်တွေ ရှိတယ်။

ဒီတော့ ပြည်နယ်လား တိုင်းလား၊ ပြည်နယ်ဆိုရင်လည်း ဘယ်လိုနာမည်မပးမလဲ ၊ နယ်နိမိတ်က ဘယ်လိုလဲ ဆိုတာ ... ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ အင်္ဂလိပ် သတ်မှတ်ပေးတဲ့ တိုင်း ၈ တိုင်း ၊ ပြည်နယ် ၁  ခု  - ပင်လုံစာချုပ်အရ ဖြစ်လာတဲ့ ပြည်နယ် ၂ ခု၊ ဦးနု သတ်မှတ်ပေးတဲ့  ပြည်နယ် ၁ ခု နဲ့ ဗိုလ်ချုပ်နေဝင်း သတ်မှတ်ပေးတဲ့ ပြည်နယ်  ၃ ခုတို့ ထဲက.. (လိုရာကွက်ပြီး..)   စစ်ကိုင်း၊ မကွေး၊ မန်းလေး ကို ဗမာပြည်နယ် လုပ်ပါ ဆိုရုံနဲ့ မပြီးဘူး။ ဒီလို အမိန့်အာဏာပေးခိုင်းခွင့် မရှိဘူး။ ၁၉၄၇ ၊ ၁၉၇၄ ၊ ၂၀၀၈ ခြေဥက သတ်မှတ်ပေးတဲ့ ပြည်နယ် အမည်တွေကိုလည်း ဒီအတိုင်းထားရမယ် ဆိုတာ မဖြစ်သင့်ဘူး။ အကုန်လုံး အသစ်က စဖွဲ့ကြဖို့ လိုတယ်။

အခုဆိုရင် ဗိုလ်နေဝင်း တို့ MAF နာမည်ပေးခဲ့တဲ့ ကယားပြည်နယ်ကို ဦးခူရယ် KNPP နဲ့  ခွန်ဘီထူး KNDF က ရင်နီပြည် လို့ ခပ်တည်တည်ပဲ နာမည်တွေ ပြောင်းပစ်တာ ၊ KNDF က ကရင်နီပြည်ကို  မိုးဗြဲ ဖယ်ခုံ ပင်လာင်း ပျဉ်းမနား အရှေ့အထိ သတ်မှတ်တတာ လုံးဝ တရားမဝင်ဘူး။ ဒီမိုကရေစီ နဲ့ မညီဘူး။ ဒီလိုပြောလို့ ကယားပြည်နယ် ကို လက်ခံတာလည်း မဟုတ်ဘူး။ ဒေသပြည်သူလူထု ဆန္ဓီမိုကရေစီ မပါတဲ့ ဘယ် ကိစ္စမဆို ဖက်ဒရယ် ဒီမိုကရေစီ မဟုတ်ဘူး အတုအယောင်တွေသာ ဖြစ်တယ်

ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ( IEC) ဆိုတာလည်း ဖက်ဒရယ် ဒီမိုကရေစီ မဟုတ်ဘူး ။ လက်နက်ကိုင် ၂ ဖွဲ့က ခပ်တည်တည်နဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ ဒီလို ပရမ်းပတာတွေကို .. "ပေးထားချက် တို့ .. မြေပြင်အခြေအနေတို့ .. လက်တွေ့ကျကျတို့ " .. ဆိုတဲ့ ဆင်ခြေတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ  ကို မျက်ကွယ်ပြုကြရင် .. အစ မကောင်းဘူး။ အနှောင်း ပျက်စီးမယ်။ လက်နက်ကိုင်တိုင်း IEC  ဖွဲ့စတမ်း ဆိုရင် ဗိုလ်နဂါးက ပုလဲ IEC ဖွဲ့ပြီး ၊ စိုးဝင်းဆွေက စစ်ကိုင်း IEC ၊ မောင်ဆောင်းခက ဗမာပြည်နယ် IEC ဖွဲ့ကြရင် ဖြင်​့ ..  ရှေ့ဆောင် နွားလား ကောက်ကောက်သွား နောက်နွားတသိုက် ကောက်ကောက်လိုက်ကြလိမ့်မယ်

ကျနော်တို့ဟာ စစ်အာဏာရှင် စနစ်ကို မူဝါဒနဲ့ တိုက်ဖျက်နေတာ ဖြစ်တယ်။ စစ်အာဏာရှင် စနစ် ဆင်တူရိုးမှားတွေ ထပ်ပြီး ဖြစ်လာရင် မအလစစ်တပ်က လက်ညိုးထိုးပြီး တော်လှန်ရေး အခြေခံအတွေးအခေါ်ကို အလွယ်တကူပဲ နှိုင်းယှဉ် ဖြိုခွဲသွားလိမ့်မယ်။ လူမျိုးကြီး ဝါဒတိုက်ဖျက်ရေး ကြွေးကြော်တဲ့ လူတွေဟာ ပြည်နယ်နာမည်ကို မိမိလူမျိုး နာမည်တွေ လျှောက်ပေးနေတာ မူပျက်တယ်။ ဗမာလူမျိုးကြီး ဝါဒ အာဏာရှင် ဝါဒ တိုက်ဖျက်မယ် ပြောပြီး ဦးနု နေဝင်း သန်းရွှေ ဂရမ်ချပေးထားတဲ့ လူမျိုးနာမည်နဲ့ ပြည်နယ် ၇ ခုကို ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက် လက်ခံနေတာ ရှက်စရာပဲ။

လူမျိုးနာမည်နဲ့ ပြည်နယ် ၇ ခု၊ ပထဝီနာမည် တိုင်း ၇ ခုကို ဖျက်သိမ်းပြီး ဒေသခံ ပြည်သူလူထု ဆန္ဒအရ နာမည်သစ်တွေ နယ်နိမိတ်သစ်တွေ သတ်မှတ်ရပါမယ်။ အဲဒါကို မလုပ်ပဲ ဗမာပြည်နယ် ဖွဲ့ပါချည်း ထိုင်အော်နေတာ မူဝါဒရော စိတ်စေတနာပါ ပျက်စီး ညစ်ထေးနေတယ်




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား