FPNCC

FPNCC ရဲ့ အင်္ဂလိပ်လို က Federal Political Negotiation and Consultative Committe လို့ ခေါ်တယ်။
Federal ဖက်ဒရယ် Political နိုင်ငံရေး Negotiation ညှိနှိုင်းရေး and Consultative အတိုင်ပင်ခံ Committe ကော်မတီ လို့ ဘာသာပြန်ရတယ်။
အဲဒီမှာ F - Federal ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို မြန်မာလို ရေးတဲ့အခါ ပြည်ထောင်စုလို့ ပြင်ဆင်လိုက်တယ်။ Consultative အတိုင်ပင်ခံ ဆိုတာကိုလည်း ဆွေးနွေးရေး လို့ ပြင်ဆင်လိုက်တယ်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ဆိုပြီး မြန်မာလို ရေးတယ်။
ဒီတော့ FPNCC အဖွဲ့ဝင်တွေဟာ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ပါတယ်လို့ ဆိုလိုတယ်
ဒီနိုင်ငံမှာ မြန်မာစစ်တပ်ဟာ ဆိုရှယ်လစ် အမည်ခံပြီး တပါတီစစ်အာဏာရှင်ကို တည်ထောင်တယ်။ ဒီမိုကရေစီအမည်ခံပြီး ကြံဖွတ်စစ်အာဏာရှင်ကို တည်ထောင်တယ်
ကဲ .. ရိုးသားပါတယ်ဆိုသော တိုင်းရင်းသား ညီနောင်တို့ရော ဘယ်လိုပါလဲ။ မြန်မာစစ်တပ်လို လုပ်ကြမလား။ မလုပ်သင့်ပါဘူး။ IT ခေတ်မှာ ဒီလို ဝေဖန်စာမျိုးပဲ ဖတ်ရတာပါ။ မကြာခင်လာမယ့် AI ခေတ်မှာ အကုန်ပေါ်ပါမယ်။
မင်းသေ့လို မအလလော်ဘီတွေကလည်း တိုင်းရင်းသားတွေကို လူလိမ်တွေ ဖြစ်အောင် မြှောက်ပင့် သွေးခွဲနေတယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ ဆိုခဲစေ မြဲစေ ဆိုတဲ့ အတိုင်း ဖက်ဒရယ် ပြည်ထောင်စုကို တကယ်အရောက် သွားကြဖို့ လိုပါတယ်
နေဝင်းက ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး လို့ ပြောခဲ့တယ်။ မအလက ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းနေတာလို့ ၂၁ ပင်လုံညီလာခံ ပြောခဲ့တယ်။ သူတို့စကား မှန်သလား မှားသလား လူငယ်တွေ ကြည့်ကြလိမ့်မယ်။
မင်းသေ့လို ဖက်ဒရယ်အမည်ခံ ခွဲထွက်ရေး ဂျာနယ်တွေက မအလ false hope လော်ဘီတွေ ပမာ ကွန်ဖက်ဒရေးရှင်းနဲ့ ခွဲထွက်ရေးဆိုသော လမ်းကြောင်းအမှားတွေ မြှောက်ပင့်ရေးသားနေကြတယ်။
NUG ဝန်ကြီး ဒေါက်တာ တူးခေါင်က သံယောင်လိုက်ပြီး ကွန်ဖက်ဒရေးရှင်းကို ထအော်တယ်။ ဖက်ဒရယ် ဒီမိုကရေစီကို မယုံကြည်ပဲ ခြေနင်းခုံ အဖြစ်သဘောထားနေကြလား Gen Z တွေက ဝေဖန်ကြရင် ဘာပြောမလဲ။
ကွန်ဖက်ဒရေးရှင်း နဲ့ ဖက်ဒရယ် မတူတာကို အမေရိကန်ပြည်တွင်းစစ်ကြီးက သက်သေပြခဲ့ပြီ။ လူမျိုးပြဿနာ အများကြီးမရှိတဲ့ လူဖြူနဲ့ လူမဲ ပြဿနာ တမျိုးပဲရှိတဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ အမေ ရိကန်မှာ တောင် ကွန်ဖက်ဒရေးရှင်း ပြည်တွင်းစစ်ကြီး ဖြစ်ပြီးမှ ၊ ကွန်တွေ ရှုံးပြီး လင်ကွန်း ဖက်ဒရယ်က အနိုင်ရပြီး ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ခဲ့တာပါ
စာရေးဆရာ ကိုထိုက်ကတော့ " ကွန်ဖက်ဒရေးရှင်းနဲ့ ခွဲထွက်ရေးကို သွားမယ်ဆိုလည်း ပေါ်တင်ကြေညာပြီး လုပ်ကြပါ " လို့ ပြောတယ်" ။ မြန်မာ ( ဗမာ) တွေကတော့ အခြားတိုင်းရင်းသားတွေ ရိုးသားတယ်လို့ ထင်နေကြတုန်းပဲ
ဗမာတွေကို လူညာတွေလို့ ပြောသူတွေဟာ AI ခေတ် သမိုင်းမှာ လူမှန်တွေ ဖြစ်ကြပါစေ


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား