Posts

Showing posts from July, 2023

မအလဟာ မြန်မာစစ်တပ် တခုပဲ ကိုးကွယ်နေတဲ့ ၂၀၀၈ ခြေဥကို ထပ်မံ ချိုးဖောက်လိုက်ပြန်ပြီ။

Image
မအလဟာ မြန်မာစစ်တပ် တခုပဲ ကိုးကွယ်နေတဲ့ ၂၀၀၈ ခြေဥကို ထပ်မံ ချိုးဖောက်လိုက်ပြန်ပြီ။ ၂၀၂၁ ဩဂတ် ၁ ရက်နေ့တုန်းက .. မအလဟာ ၂၀၀၈ ခြေ/ဥ မှာ အရေးပေါ်ကာလဆိုတာ #အကန့်အသတ်ရှိ ကြောင်း။ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လ #နှစ်ကြိမ်သ ာ တိုးမြှင့်နိုင်ကြောင်း။ ၂၀၂၃ ဩဂုတ် မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ကြောင်း ကမ္ဘာနဲ့ နိုင်ငံကို ကတိတွေပေးခဲ့တယ်။ ဗီဒီယိုဖိုင် သက်သေ https://www.facebook.com/100089464140526/videos/295155492998330/ အဲဒီ ကတိစကားပြောပြီး အရေးပေါ်ကာလကို .. ဥပဒေမဲ့ နောက်ထပ် ၆ လ ၂ကြိမ် တိုးလိုက်ပြန်တယ်။ rule of law ဥပဒေက အုပ်ချုပ်ခြင်း ကို မလိုက်နာတဲ့ နောက်ထပ် သာဓက တခုပါ။ မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုစကားရှိပါတယ်။ မအလဟာ မင်းလည်း မဟုတ်၊ လူလည်း မဟုတ်တဲ့အတွက် သူတို့ ရေးပြီး သူတို့ဖောက်ဖျက်နေတဲ့ ၂၀၀၈ ခြေဥ ကို (၉ ကြိမ်မြောက်) ဥပဒေချိုးဖောက်လိုက်ပြန်ပြီ။ . တိုင်းရင်းသား ပါတီ/ လက်နက်ကိုင်တွေအနေနဲ့ အဲဒီလို သစ္စာမရှိ၊ ကတိမတည်တဲ့ အဖွဲ့အစည်းနဲ့ သဘောတူညီချက်တွေ ယူနေကြတာ ပုလင်းတူ ဗူးစို့တွေမို့လို့လား မေးရပါတော့

" ကျမဟာ NUG PDF ကို အသိအမှတ်မပြုဘူး " ဆိုတဲ့ ဂျ

Image
နိုင်ငံရေး ပေါတာကြီးများ က .. " ကျမဟာ NUG PDF ကို အသိအမှတ်မပြုဘူး " ဆိုတဲ့ ဂျင်းကို ဟုတ်များ ဟုတ်လေမလား လို့ သံသယ ဝင်ပြီး ရေးကြ ပြောကြတယ်။ အတိအကျ သိထားဖို့က ထိုင်း FM က သတင်ထောက်တွေကို " DASSK (၁) ကျန်းမာတယ် (၂) ဆွေးနွေးရေး လိုလားတယ် " - ၂ ချက်ထဲ ပြောတယ်။ " ကျမဟာ NUG PDF ကို အသိအမှတ်မပြုဘူး " ဆိုတဲ့ ဂျင်းကို ထိုင်း FM က လုံးဝ မပြောခဲ့ဘူး။ မအလ က လော်ဘီလုပ်ဖို့ ငွေပေးထားတဲ့ (သူမသိ သူမသိ သတင်းဝက်ဆိုက်ဒ် ၂ ခု .. Pan Orient နဲ့ နောက်တခု ) က ဆိုက်ဝါး ဖြန့်တယ်။ စစ်လော်ဘီတွေက ဖွတယ်။ နိုင်ငံတကာ သတင်းဌာနကြီးတွေက မရေးပဲ မအလ FM နဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ တွေ့ပြီး ဇူလိုင်မှာ ဒီသတင်းတင်တာ ပေါ်တင်ကျလွန်းတယ်။ ဒီလို ပေါ်တင်ကြီး လိမ်တာ ( ဇော်မင်းထွန်းတောင် offically မပြောရဲတဲ့ လိမ်ဆင်) ကို နိုင်ငံရေး ပေါတာကြီးများ က ပါးစပ်ထဲ တင်ပြောနေတာ အင်မတန် သိက္ခာမဲ့တယ်။ DASSK ဟာ ကျောင်းသားလူငယ်တွေရဲ့ လနကိုင် တော်လှန်ရေးကို ၂၀၂၁ မှာ ပထမဆုံး ကြုံတွေ့ ဖူးတာ မဟုတ်။ DASSK ဟာ ၂၀၁၅ - ၂၀၂၀ အကြားမှာ ခြေဥပြင်မရတဲ့ အခါ ၂၁ ပင်လုံ ကောက်ရိုးမျှင်ကို ဆွဲရင်း မြန်မာစစ်တပ်နဲ့ EAO တွေကို အတင်းရင်ကြားစေ့

ပြဒါးတလမ်း သံတလမ်း ဖြစ်သွားပြီ ဖြစ်တဲ့ DASSK နဲ့ မအလ စစ်တပ်

Image
ပြဒါးတလမ်း သံတလမ်း ဖြစ်သွားပြီ ဖြစ်တဲ့ DASSK နဲ့ မအလ စစ်တပ် ဒီနိုင်ငံက နိုင်ငံရေး သမား စာရေးဆရာ တွေရော လက်နက်ကိုင်တွေရော ဟာ rule of law နဲ့ ပက်သက်လာရင် ယုံကြည်ချက်က " zero သုည "အဆင့်မှာပဲ ရှိတယ်။ Rule of law ကို ကိုင်ပြောတဲ့ ဦးအောင်ထူးပင်လျှင် EAO တွေနဲ့ ပက်သက်ရင် အဖျားရှူးသွားတယ်။ ကြောင်ပျောက်သွားတယ်။ ကရင်နီ ကြားကာလ အစိုးရတို့ စစ်ကိုင်းဖိုရမ် ရည်ရွယ်ချက်တွေဟာ rule of law ကို ဖောက်ဖျက်နေတာပဲ။ မအလ စစ်တပ်ဆိုရင် rule of law ကို အကြိမ်ကြိမ် ဖောက်ဖျက်တယ်။ ကိုကိုကြီးတို့လို အေးမောင်တို့လို လူတွေက မသိချင်ယောင်ဆောင်နေတယ်။ Rule of Law ဆိုတာ ဥပဒေရဲ့ အုပ်ချုပ်မှုကို လိုက်နာ ခြင်း ဖြစ်တယ်။ ဥပဒေ ဆိုတာ .. ပဒေသရာဇ်ခေတ်မှာ ပဒေသရာဇ် ဓလေ့ အရ ပြဒါန်းတဲ့ ဥပဒေဟာ တရားဝင်တယ်။ ဒီမိုကရေစီ ခေတ်မှာ ဒီမိုကရေစီနည်းကျ ပြဒါန်းတဲ့ ဥပဒေဟာ တရားဝင်တယ်။ ၂၀၀၈ ခြေဥဟာ ဒီမိုကရေစီ နည်းကျ မဟုတ်တဲ့အတွက် နအဖဟာ တရားဝင်မှုရအောင် နည်းပေါင်းစုံနဲ့ လုပ်ခဲ့တယ်။ လမ်းတဝက်မှာ ခြေဥပျက်တယ်။ ၂၀၀၈ ခြေဥ ဖြစ်စေ၊ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ ဖြစ်စေ .. လိုက်နာမယ်လို့ ကတိခံထားသူတွေဟာ ( အဲဒီ ဥပဒေ ကို ဒီမိုကရေစီနည်းကျ မဖျက်မချင်း)

စကစ ဟာ ငွေစက္ကူ နှစ်သောင်းတန် ထုတ်တာကို သုံးသပ်ရရင်

Image
စကစ ဟာ ငွေစက္ကူ နှစ်သောင်းတန် ထုတ်တာကို သုံးသပ်ရရင် စကစ ဟာ သူတို့ လုပ်ချင်တာ လုပ်ပြီးမှ တရားခံရှာတဲ့ လက်ညိုးပေါင်းစုံ ထိုးတော့တာပဲ။ ငွေစက္ကူ အသစ် ထုတ်ရင် ဈေးကွက်ထဲ ဂယက်ထမယ်ဆိုတာ စစ်ဖွတ်လို ငပိန်းအဆင့်ကတောင် သိတယ်။ ဈေးကွက် ထဲ ဘာဖြစ်ဖြစ် ငတေမာရင် ပြီးရော လုပ်ချလိုက်တာပါ။အထိမ်းအမှတ် ထုတ်ချင်ဦးတော့ တံဆိပ်ခေါင်း ဖြစ်စေ၊ တန်ဖိုးတူ ငွေစက္ကူ ဖြစ်စေ ထုတ်လို့ရပါမယ်။ ( ဥပမာ ၅၀၀ တန် ပေါ့။ ) မအလ ကြေညာချက်မှာ တိရစ္ဆာန် မွေးနေ့ ဆိုတယ်။ မဲလုံးက စုတ်ပြဲ ငွေစက္ကူအဟောင်းတွေ လဲလှယ်ဖို့ လို ဆိုတယ်။ စကား ၂ ခွန်းဟာ ရှေ့နောက် မညီဘူး။ ယုတ္တိကင်းမဲ့တယ်။ ၅၀၀ တန် အစုတ်ကို လဲဖို့ နောက်ထပ် ၅၀၀ တန် ထပ်မံထုတ်မှသာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်စည်းရာရောက်တယ်။ ၅၀၀ တန် အ ရွက် ၄၀ ကို သိမ်းပြီး ၊ ၂၀၀၀၀ တန် တရွက်ထုတ်ရင် တန်ဖိုးနည်း ငွေစက္ကူ (အတန်သေး) တွေ ရှားပါးလာမယ်။ သံသယ ဝင်စရာ အချက်က - စကစမှာ အတန်သေး ငွေစက္ကူ ထုတ်ဖို့ ကုန်ကြမ်း ပြဿနာ ရှိနေသလား - ရိုက်နှိပ်ပြီးသား ငွေစက္ကူတွေဟာ serial number limit ပြည့်နေပြီလား - အတန်သေးတွေကို တဖြည်းဖြည်း ဖျက်သိမ်းကာ ၅၀၀၀ တန် နဲ့ အထက်ပဲ ဈေးကွက်ထဲ ရှိစေပြီး တသိန်းတန် အထိ ထုတ်ဖို့ ရည

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်နဲ့ ရင်ကြားစေ့တယ်လို့ အပုပ်ချသူတွေ

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်နဲ့ ရင်ကြားစေ့တယ်လို့ အပုပ်ချသူတွေဟာ စစ်တပ်ကို တနည်းတဖုံ အားပေးကူညီနေတာ ဖြစ်တယ်။ DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ သူတို့ ပြောသလို အပေါစား မဟုတ်ဘူး။ နိုင်ငံရေးမှာ ဆရာလို သဘာလိိုလို ပြောဆိုနေကြတဲ့ လူတွေကိုယ်တိုင် ​အဲဒါကို အပေါ်ယံလျှပ်ပြီး ပြောဆိုနေတယ်။ လေးလေးနက်နက် သုံးသပ်တာ မရှိဘူး။ ဒါဟာ အင်မတန်ကြီးမားတဲ့ အတွေးအခေါိ အန္တရာယ်တရပ်ဖြစ်တယ်။ DASSK ရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ စင်စစ်တော့ (၁) လက်နက်ကိုင် စစ်တပ် တွေအကြား ရင်ကြားစေ့ရေး (၂) လူမျိုးတွေ အကြား ရင်ကြားစေ့ရေး ဖြစ်တယ်။ နံပါတ် (၁) အုပ်စုမှာ မြန်မာစစ်တပ် တခုပဲ ပါဝင်တာ မဟုတ်ဘူး။ EAO တွေလည်း ပါဝင်တယ်။ ၂၁ ပင်လုံညီလာခံဟာ အဲ့ဒီအတွက် လုပ်တာ ဖြစ်တယ်။ နံပါတ် (၁) အုပ်စုဟာ လွှမ်းမိုးနေတယ်။ အဲဒီ နံပါတ် (၁) အစုထဲမှာ မြန်မာစစ်တပ်က လွှမ်းမိုးနေတယ်။ ဒီတော့ မြန်မာစစ်တပ်နဲ့ ညှိုနှိုင်းပေးရတာပဲ။ ရှင်းအောင်ပြောရရင် DASSK ဟာ မြန်မာစစ်တပ်နဲ့ EAO တွေအကြား အောင်သွယ်တော် လုပ်ပေးနေတာ ဖြစ်တယ်။ နံပါတ် (၁) လက်နက်ကိုင်များ အရေးဟာ ရှုပ်ထွေးပွေလီနေပြီး တကယ့်ရင်ကြားစေ့ရမယ့် လူမျိုးစုအချင်းချင်း ရင်ကြားစေ့ရေးကို မရောက်တော့ဘူ

၁၉၄၇ အခြေခံဥပဒေကို ရေးတာ ဗမာတွေလို့ ဂျင်းထည့်နေကြတယ်

Image
၁၉၄၇ အခြေခံဥပဒေကို ရေးတာ ဗမာတွေလို့ ဂျင်းထည့်နေကြတယ် ...  ဟောဒီမှာ ကြည့်ပါ လူမျိုးစုလွှတ်တော်မှာ ၁၆၀ ရှိတယ် မြန်မာ ( မြန်မာနော် သေသေချာချာ ဖတ်၊ တရားဝင် ဗမာ လူမျိုး မရှိသေးတဲ့ အချိန်) ... အဲ့ မြန်မာက ၇၀ နေရာ ပဲပါတယ် ... ကျန်တဲ့ တဝက်ကျော်က အခြားတရသတွေ ဖြစ်တယ် သူတို့က မဲ ၅၀% ကျော်ယူထားတာပါ ဒီတော့ ၁၉၄၇ ခြေဥဟာ ဖက်ဒရယ် မဟုတ်ဘူးလို့ အပြစ်တင်ရင် ရေးတဲ့ လူ တယောက်ထဲ ကွက်ပြီး ဖောင်းထုနေတာ တရားပါ့မလား ....  ​မဲခွဲ အတည်ပြုကြတဲ့ အဲဒီ အခြားတရသ အမတ် ၉၀ ကို ကောင်းကောင်း အပြစ်တင်သင့်တယ်  …. --- Comment ၁၉၄၇ ခြေဥကို ရေးခဲ့တာ ရခိုင်လူမျိုး ဥပဒေပါရဂူ သတိုးမဟာသရေစည်သူ ဦးချန်ထွန်း... ဒါပေမဲ့ အရင်တုန်းက  ရခိုင်  ကို   မြန်မာလို့ ခေါ်ကြတော့ မြန်မာလူမျိုးတွေရေးတယ်လို့ ပြောခဲ့ကြပုံရတယ်.  

ဇူလိုင် ၁၉ အာဇာနည်နေ့ဟာ ဗမာအာဇာနည်နေ့မဟုတ်ဘူး

Image
သောက်ပေါတွေ သူ့ဘာသာ ငစောသတ်လို့ သေတဲ့ လူကြီးတွေကို လူမျိုးကြီးဝါဒ နဲ့ ဆွဲကပ်ပြီး သိက္ခာချနေတယ်။      အာဇာနည် ၉ ဦးက ဗမာရှမ်းကရင်ကုလား လူမျိုးစုံတယ်။  ရှမ်း ၁ + ကရင် ၁ + မြန်မာ ၅ + ကု-လား ၂ ...  ။ ရခိုင်က အရှောင်ကောင်းလို့လွတ်သွားတာ။ လူမျိုးကြီးဝါဒနဲ့ ဘာမှ မဆိုင်ဘူး။ ဇူလိုင် ၁၉ အာဇာနည်နေ့ဟာ ဗမာအာဇာနည်နေ့မဟုတ်ဘူး။ လူမျိုးစုံအာဇာနည်နေ့ဖြစ်တ ယ်။ တကယ်ဆိုင်တာက ကရင့်အာဇာနည်နေ့။ ကရင့်အာဇာနည်နေ့ လုပ်တော့ ဘာကြောင့် အပေါက်ပိတ်နေသလဲ။ အာဇာနည်နေ့ ရောက်တိုင်း “အာဇာနည်ဟာ ၉ ဦး မက၊ လူမျိုးကြီးဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ အကွက်က သမိုင်း မရှိတဲ့ “လူမျိုးစွဲ အာဇာနည်နေ့” ကို အတင်းကြီး ဇွတ်သွတ်သင်းနေတာ ဖြစ်တယ် ... သူတို့မှာ လူမျိုးနာမည်နဲ့ အာဇာနည်နေ့တွေ ရှိတယ်။ သူတို့မှာ လူမျိုးနာမည်နဲ့ လူမျိုးစွဲ ပြည်နယ်တွေ ရှိတယ်။ အဲဒီတော့ “ဗမာပြည်နယ်” ဖွဲ့ပါ ဖြစ်ပြန်ရော။

NUG က တိုင်းရင်းသား EAO တွေရဲ့ ဆန္ဒကို မလိုက်လျောလို့ တော်လှန်ရေး ကြာနေတာ။

Image
မင်းသေ။ ။ NUG က တိုင်းရင်းသား EAO တွေရဲ့ ဆန္ဒကို မလိုက်လျောလို့ တော်လှန်ရေး ကြာနေတာ။ မေး။ ။ EAO တွေရဲ့ ဆန္ဒဆိုတာ ဘာလဲ ? မင်းသေ။ ။ တိုင်းရင်းသားပြည်သူတရပ်လုံးက ဖက်ဒရယ် ဒီမိုကရေစီ လိုချင်တာ မသိဘူးလား နီပိတ်ရဲ့ မေး။ ။ ငါ မေးနေတာ EAO တွေရဲ့ ဆန္ဒ။ မင်းဖြေနေတာ တိုင်းရင်းသားပြည်သူ တခြားစီ မင်းသေ။ ။ EAO တွေက သူတို့ လူမျိုးကို ကိုယ်စားပြုတယ်။ အတူတူပဲ မေး။ ။ အဲဒါဆို စောမြရာဇာလင်းရဲ့ ALP က ရခိုင်လူမျိုးကို ကိုယ်စားပြုသလား မင်းသေ။ ။ အဲ ... ပြုတယ်။ အဲ .. မပြုဘူး ။ ရခိုင်တွေက AA ကို ထောက်ခံနေတာ။ AA က ကိုယ်စားပြုတယ်။ မေး။ ။ အဲဒါဆို ရွေးကောက်ပွဲတွေမှာ မဲပေး တင်မြှောက်တဲ့ AFP , ANP က ရခိုင်ကို ကိုယ်စားမပြုဘူးလား မင်းသေ။ ။ မပြု ... အဲ .. ပြုတယ်။ ဘယ်လို ပြောရမလဲ .. အဲ မေး။ ။ ALP နဲ့ ANP က ဖက်ဒရယ်ကို လိုလားတယ်။ AA က ကွန်ဖက်ဒရေးရှင်းတဲ့။ မင်းရေးနေတာတွေက ..ခွဲထွက်ရေးတဲ့။ ရခိုင်နိုင်ငံတော်တဲ့.. ဘယ်ဟာက ရခိုင်ပြည်သူတွေ လိုချင်တာလဲ မင်းသေ။ ။ AA ပြောတာ အမှန် ပဲ။ ကျန်တဲ့လူတွေက လိမ် ... လိမ် .. အဲ .. နိုင်ငံရေးနည်းလမ်း နဲ့ .. ညာ .. ညာ .. အဲ .. အဝှာ မေး ။ ။ အဲဒီတော့ NUG က တိုင်းရင်းသားတွေရဲ့ ဆန္ဒကို လိုက်လျော