လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ဝါဒ လား

NLD ၃ မျိုး - အကြမ်းနည်း ၃ မျိုး (minthitburma.blogspot.com)

မင်းသေ့က ဘာရေးသလဲ ဆိုတော့ " NLD ဟာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖို့ မူဝါဒရှိသလား" တဲ့။  

လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ဝါဒ လို့ တခါတရံ သုံးတယ်။ မြန်မာစကားဟာ လိုရာဆွဲကြတာပဲ။ 

"အကြမ်းဖက်" ဝါဒ ဆိုတဲ့​ ​ဝေါဟာရဟာ အရှေ့အလယ်ပိုင်းဒေသက စစ်သွေး​ကြွ တွေနဲ့ ပက်သက်ပြီးမှ ဆိုးရွားတဲ့ ဝေါဟာရ ဖြစ်လာတာ။ အင်္ဂလိပ်လို terrorist လို့ ခေါ်တယ်။    အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း လို့ ဘာသာပြန်သင့်တယ်။ 


ဒါပေမယ့် မြန်မာ စကားမှာ "အကြမ်းနည်း" ဆိုတာ terrorism ကိုချည်း သုံးတာ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန် ရေး armed revolution ကို ဖြစ်စေ၊ စစ်ရေး military mean ကို ဖြစ်စေ အကြမ်းနည်းလို့ သုံးတယ်။ ဒါကို ဘယ်မှာ တွေ့နိုင်သလဲ ဆိုတော့ ..  ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေမှာ တွေ့ရတယ်။ လွတ်လပ်ရေးကို " အသာတကြည် ရရင်ရ မရရင် အကြမ်းပတမ်း လုပ်ရမှာပဲ " လို့ ပြောသွားတယ်။ 


မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ  ဒု-သဘာပတိ (ဝန်ကြီးချုပ် )  ဦးအောင်ဆန်း ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း - 

" အဲဒီလို အာဏာ လွှဲပြောင်းတာဟာ အေးအေးဆေးဆေးနဲ့လဲ လုပ်ချင် လုပ်နိုင်တာဘဲ။ ဒီလိုမှ မဟုတ် အကြမ်းပတမ်းဖက်ပြီးလဲ လုပ်ချင် လုပ်ရမှာဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အာဏာ လွှဲပြောင်းတာ မရှိဘဲနှင့် လွတ်လပ်ရေး မရနိုင်ဘူး။ "   (၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀ )


ဒီတော့ မြန်မာဝေါဟာရအရ " အကြမ်းဖက် " လို့ သုံးရင် ..  

▪️အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း   terrorism ကို ဖြစ်စေ၊ 

▪️ လက်နက်ကိုင် တော်လှန် ရေး armed revolution  ကို ဖြစ်စေ၊ 

▪️ စစ်ရေး နည်းလမ်း military mean ကို ဖြစ်စေ၊  ..  ရည်ညွန်းနေတယ်။ 

မြန်မာဝေါဟာရ  " အကြမ်းဖက် "  ဟာ  violence လို့ အဓီပပါယ်ရှိတယ်။


"အကြမ်းဖက်" အကြောင်း ခဏနားပြီး NLD စကားလုံး တလုံးကိုပဲ အမျိုးစုံ ရေလဲသုံးနေကြတာကို သရုပ်ခွဲပြဖို့ လိုတယ်။ 

------------------------------------


NLD စကားလုံး တလုံးကို အနောက်က နာမ်ပုဒ်ကပ်ရင် ကွဲပြားမှု ၃ ခုရှိတယ်။ ။ ဒါကို ဦးစွာပထမ ကွဲကွဲပြားပြား ပြောဆိုကြဖို့ လိုတယ်။ 


(၁) NLD ပါတီ ။     ။ NLD ပါတီ ဟာ ၂ ပါတီ ရှိတယ်။  ၁၉၉၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်တဲ့ NLD ပါတီ က တခု၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံတင်တဲ့ NLD ပါတီက တခု။ တူတာ ရှိသလို ၊ မတူတာ ရှိတယ်။ ထားတော့။ NLD ပါတီဟာ ရိုးရိုးပါတီဝင်+ ရွေးကောက်ခံ အမတ် ဆိုပြီး ၂ စားရှိတယ်။ ဒီတော့ ဘူး လုံးနားမထွင်း ပြောရင် အကြံဆိုးတခုခု ရှိနေတတ်တယ်။  ရွေးကောက်ခံ အမတ် မဟုတ်ရင်  ပြည်သူ့ဆင့်လွှဲအာဏာ mandate မရှိဘူး။ 


(၂) NLD လွှတ်တော်။     ။  ဒါလည်း ၂ မျိုးရှိတယ်။  NLD လွှတ်တော်လို့သာ ပြောနေကြတာ၊ တကယ်တော့ ၂၀၀၈ ခြေဥအောက်က ဘယ်လွှတ်တော်မှ NLD ပိုင်စိုးတာ မရှိဘူး။ ၂၅% စစ်အမတ် နဲ့ ပုဒ်မ ၄၃၆ က ထောက်ထားတာ။ အက်ဥပဒေ နည်းဥပဒေလောက်ပဲ ပြဒါန်းပေးလို့ရတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာတွေ ဖြစ်ဖို့ လုပ်ပေးလို့ မရဘူး။ ကြံဖွတ်နဲ့ တိုင်းရင်းသား ပါတီတွေက ၂ဝ% ရှိတယ်။ ဒီမိုကရေစီ အာဏာရှင်၊ တပါတီအစိုးရလို့  အပုပ်ချပြောသူတွေ ဟာ လွှတ်တော်ထဲ ရောက်မှ အုတ်ရောရော ကျောက်ရောရော လုပ်ခံထားရတဲ့ ရာခိုင်နှုန်း ကို တွက်ကြည့်ပါ။


 နောက်လွတ်တော်တခုက ..  ၂၀၂၁ မှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ CRPH ။ အဲဒီမှာတော့  ဥပဒေပြုအာဏာ အပြည့်အဝရှိတယ်။ ၂၀၀၈ ခြေဥလည်း မရှိဘူး။၂၅% စစ်အမတ် နဲ့ ပုဒ်မ ၄၃၆  မရှိဘူး။ ပြည်သူ့ဆင့်လွှဲအာဏာကို ၁၀၀% အပြည့်အဝ သုံးထားတယ်။ ဒီမိုကရေစီနည်းအရ ၅၀% ကျော်ရင် ဘယ်ဥပဒေမဆို ပြဒါန်းနိုင်တယ်။


(၃) NLD အစိုးရ။ ။  NLD အစိုးရလို့ နုတ်ကျိုးပြီး ခေါ်နေကြတာ။ NLD က ၁၀၀% အပြည့်အဝ အုပ်ချုပ်ရေးအာဏာ ယူတဲ့ အစိုးရ ဒီကမ္ဘာမြေပေါ်မှာ တခါမှ မပေါ်ဘူးသေးဘူး။ 


ပထမ တမျိုးက ...  ၂၀၀၈ ခြေ/ဥ အောက် က အစိုးရ။ အဲဒီ အစိုးရမှာ အရေးပါတဲ့ အုပ်ချုပ်ရေး ယန္တရား ရဲ၊ အကျဉ်းထောင်၊ တရားရုံးဟာ NLD လက်အောက်မှာ ရှိမနေဘူး။ ( ရှိမရှိ အခု မြင်နေတာပဲ) ။ နောက်ပြီး ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေး ဆိုတဲ့ စိုးမိုးရေးယန္တရားလည်း NLD လက်အောက်မှာ မရှိဘူး။ အဲဒီ အစိုးရထဲမှာလည်း ကြံဖွတ်တွေ၊ စစ်ထွက်တွေ၊ မိုးကျရွှေကိုယ်တွေ၊ စစ်ဘောမတွေ ၈၀% ရှိတယ်။ NLD အစိုးရ ဆိုတာ ခေါင်းအငှါးခံပေးတဲ့ အဖွဲ့ပဲ ဖြစ်တယ်။ 


ဒုတိယတမျိုးက ...  ၂၀၂၁ မှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ CRPH က အုပ်ချုပ်ရေးအာဏာ  အပ်နှင်းတဲ့ NUG မှာလည်း NLD ၁၀၀% မဟုတ်ဘူး။ သမတကအစ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ NLD မဟုတ်သူ ၆၀% ရှိတယ်။ 


ဒီတော့ NLD အစိုးရလို့ နုတ်ကျိုးပြီး ခေါ်နေကြတာ တကယ့် NLD တပါတီအစိုးရ ဆိုတာ ဒီကမ္ဘာမြေပေါ်မှာ တခါမှ မရှိဘူး။


------------------------------------


မြန်မာဝေါဟာရ " အကြမ်းဖက်" အသုံးအနှုန်းဟာ   အဓိပ္ပာယ် ဖွင့်ဆိုမှု ကွဲပြားတာလည်း     သိပြီ၊ " NLD" စကားလုံး တလုံးကို ရေလဲသုံးနေကြပေမယ့် အမျိုးအစား မတူတာလည်း သိပြီ ... ဆိုတော့ .... 


 " NLD ပါတီမှာ အကြမ်းဖက်လမ်းစဉ် မရှိဘူး"  ဆိုတာ ဘယ်တုံးက ဘယ်အမျိုးအစားကို ပြောတာလဲ ?  ဖြေကြည့်ဖို့ လိုတယ်။  နောက်ပြီး NUG အစိုးရဟာ  အကြမ်းနည်းကို သုံးနေတယ် လို့ ယိုးစွပ်ရင် ဘယ်အမျိုးအစားကို အသုံးပြုနေတာလဲ ? ထပ်မံ ဖြေကြည့်ဖို့ လိုတယ်။ 

violence အကြမ်းနည်း ၃ မျိုး

▪️အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း   terrorism 

▪️ လက်နက်ကိုင် တော်လှန် ရေး armed revolution  

▪️ စစ်ရေး နည်းလမ်း military mean


ကာလ (၁)  1990-2012  ။ ။ NLD ပါတီဟာ ၂၀၁၂  မတိုင်ခင်အထိ ပါတီ နိုင်ငံရေး မျှသာ ဖြစ်တယ်။ လက်နက်ကိုင် တော်လှန် ရေး armed revolution  မလုပ်ဘူး။ စစ်ရေး နည်းလမ်း military mean နဲ့လည်း ပါဝင် ပက်သက်မှု မရှိဘူး။ ဒီတော့ အကြမ်းမဖက် ဘူးလို့ ၁၀၀% ဆိုနိုင်တယ်။

ကာလ (၂)  2012 - 2015 ။ ။  ဒါပေမယ့် NLD အမတ်တွေဟာ ၂၀၁၂ ကစပြီး လွှတ်တော်ထဲ ရောက်လာပြီ။ လုံခြုံရေး ကာကွယ်ရေး စစ်ရေးဘက်ဂျက်ကိစ္စတွေ ဆွေးနွေးလာပြီ။ ဒီတော့ NLD အမတ်တွေဟာ  စစ်ရေး military နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းနိုင်သူ ရှိသလား။ မငြင်းနိုင်။  ဒီတော့ NLD အမတ်တွေ အကြမ်းဖက် ဝါဒ မကိုင်စွဲဘူးလို့ ၁၀၀%  မဆိုနိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူသ/တ် လ/က်န/က်ဝယ်ဖို့ ငွေကြေးတွေကို အတည်ပြုပေးနေလို့ပဲ ဖြစ်တယ်။ ဒီတော့ NLD အမတ်တွေဟာ military mean အကြမ်းနည်းလမ်းကို ပံ့ပိုးကြတယ်လို့ ဆိုရမှာပဲ။


ကာလ (၃) 2015-2020 ။ ။   ( ဒီကမ္ဘာမြေမှာ NLD အစိုးရ မရှိဘူးလို့ ရှေ့က ပြောခဲ့ပြီ။ ဒါပေမယ့် လူအများ နှုတ်ကျိုးနေတဲ့ အတိုင်း ဆက်သုံးပါမယ်။ )  ၂၀၁၅ မှာ စစ်တပိုင်း NLD အစိုးရ ဖြစ်လာတယ်။ အကြမ်းမဖက် ရေး၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် ရာထူးထက် တဆင့်မြင့်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာတယ်။ ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီမှာ ပါလာတယ်။ အဲဒီအချိန်မှာ ARSA  နဲ့  စစ်ပွဲတွေ ဖြစ်တယ်။  ရခိုင့်တပ်မတော်နဲ့ စစ်ပွဲတွေ ဖြစ်တယ်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ  " စစ်ပွဲတွေရပ်ကြ" လို့ ကြေညာချက်ထုတ်ဖူးသလား။  NLD သမတ ဦးဝင်းမြင့်ကရော စစ်ရေး ဘက်ဂျက်တွေ လက်မှတ်မထိုးဘူးလို့ ငြင်းခဲ့သလား။ စစ်ရေး military meanဟာလည်း အကြမ်းဖက်တာပဲ။ ဒီတော့ NLD အစိုးရဟာ military mean  အကြမ်းနည်းလမ်းကို ပံ့ပိုးကြတယ်လို့ ဆိုရမှာပဲ။ မသက်ဆိုင်ဘူးလို့ ငြင်းနိုင်သူ ရှိသလား။ ( ICJ အထိ တက်ရှင်းရတယ် )


ကာလ (၄) 2021 onward ။ ။   ၂၀၂၁ မှာ NUG အစိုးရ ပေါ်ပေါက်လာတယ်။ ( NUG ဟာ NLD အစိုးရ မဟုတ်ဘူးလို့ ရှေ့က ဆိုခဲ့ပြီ။  )  ပြည်သူ့ဘက်သား စာရေးဆရာမှန်ရင် ပထမဆုံး သတိပြုရမှာ NUG ဟာ  တရားဝင် အစိုးရတရပ် ဖြစ်တယ် ဆိုတာပဲ။ ဒါဟာ အရေးကြီးတယ်။ "မအလ စကစကို အစိုးရလို့   မှတ်ထားတယ် .. မြန်မာတပ်မတော် ကို အစိုးရ တပ်မတော်လို့ ခံယူချက်ရှိရင် " ရှေ့ဆက် မဖတ်ပါနဲ့။


NUG ဟာ တရားဝင် မြန်မာနိုင်ငံတော်အစိုးရ ဖြစ်တယ်။ အစိုးရတရပ်ဖြစ်သည်နှင့်မျှ ကာကွယ်ရေးဝန်ကြီးဌာန ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှိတယ်။ မြန်မာနိုင်ငံတော်အစိုးရဟာ စစ်တပ်တွေ ထူထောင်ခွင့်ရှိတယ်။ ပြည်သူကို ကာကွယ်ဖို့ စစ်ရေးနည်းလမ်း သုံးခွင့်ရှိတယ်။ 


NUG ဟာ  အကြမ်းနည်း သုံးနေသလား  ဆိုရင် ... 

▪️အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း   terrorism 

▪️ လက်နက်ကိုင် တော်လှန် ရေး armed revolution  

▪️ စစ်ရေး နည်းလမ်း military mean မှာ ...

၃ ခုမှာ တတိယမြောက်   စစ်ရေး နည်းလမ်း military mean ကို သုံးနေတာ ဖြစ်တယ်။ 


စကစသည် သူပုန်တပ် ဖြစ်တယ်။ သူပုန်တပ်ကို နှိမ်နင်းဖို့ အစိုးရတရပ်ဟာ စစ်ရေးနည်းလမ်းကို သုံးနိုင်တယ်။ စစ်ကြေညာခွင့်ရှိတယ်။  စစ်ရေးအရေးပေါ်ကာလမှာ NLD ပါတီအပါအဝင် ပြည်သူတိုင်း၊ ပါတီတိုင်း၊ လက်နက်ကိုင်တပ်တိုင်းဟာ ပါဝင်ရမယ်။ အမိန့်နာခံရမယ်။   ဒီတော့ NLD ပါတီ အပါအဝင် ပြည်သူတိုင်းဟာ ( လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာလည်း မဟုတ်ဘူး။ ပရမ်းပတာသ/တ်ဖြတ်နေတာလည်း မဟုတ်ဘူး။)  စစ်ရေး နည်းလမ်း military mean နဲ့ သူပုန် စကစတပ်ကို ခုခံကာကွယ်နေတာ ဖြစ်တယ်


ဒီလို အတွေးအခေါ် ပိုင်း အစာကြေဖို့ လိုတယ်။


--


အနှစ်ချုပ် ပြောရရင် NLD ရိုးရိုးပါတီဝင်အနေနဲ့ ကျန်ရစ်သူတွေကတော့   မဟတ္တမ ဂန္ဒီလို အဟိံသ တရား ပွါးများချင်ရင်၊ မာတင်လူသာကင်း ဂျူနီယာလို အကြမ်းမဖက်  လူထုလှုပ်ရှားမှု non-violence movement လုပ်ချင်ရင်   အာဏာ မယူပဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေလို၊ သူတော်စင်တွေလို နေသင့်တယ်။  ပြည်သူ့ကိုယ်စားပြု ဆင့်လွှဲအာဏာ mandate ရှိတဲ့ လူတွေ ၊အစိုးရထဲ၊ လွှတ်တော်ထဲရောက်နေသူတွေအဖို့  "violence အကြမ်းနည်း " ကို ရှောင်ရှားလို့ မရဘူး။ (အတိတ်ကလဲ မရှောင်ကြပါဘူး။)  ငါးပါးသီလမြဲချင်ရင် တေမိမင်းလို မင်းအစိုးရမလုပ်ပဲ တောထွက်ဖို့ပဲ။ မင်းအစိုးရဖြစ်မှတော့ အကြမ်းပတမ်း ကိုင်သင့်တာ ကိုင်ရမှာပဲ၊ ဘယ်လို အမျိုးအစားကို လက်ကိုင်ပြုမလဲပဲ ရွေးချယ်စရာရှိတယ်။


  ပြည်သူ့ကိုယ်စားလှယ်တွေ၊ NLD အမတ်တွေပါဝင်တေဲ့ NUG နိုင်ငံတော် အစိုးရအနေနဲ့ မအလ စကစ သူပုန်သူကန်တွေ ထကြွသောင်းကျန်းလို့ ပြည်သူ့ ခုခံတွန်းလှန်စစ်ပွဲကို ဆင်နွဲနေချိန်မှာ NLD ပါတီ CEC က ကန့်ကွက်လို့လဲမရသလို၊ ( အတိတ်က ကန့်ကွက်ခဲ့တာလည်း မရှိဘူး) ။

================

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲ။ (minthitburma.blogspot.com)

 ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲ။

NUG တွေ PDF တွေ အသာထားဦး၊ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် အကြီးမားဆုံး ပြဿနာက  Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ဖြစ်တယ်။ အဲဒီအဆင့်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ မကျော်ဖြတ်ပဲ၊ NUG ကိစ္စ၊ PDF ကိစ္စ၊ ဖက်ဒရယ် ဒီမိုကရေစီ ကိစ္စ ဆီကို လက်လှမ်းလို့ မရဘူး။

လူအများစုဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ပြီး ရင်ကြားစေ့တယ် လို့ အပေါ်ယံ ပြောဆိုနေကြတယ်။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နားမလည်ပဲ ဝေဖန် နေကြတာ ဖြစ်တယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်လမ်းကြောင်းကို ရွေးတဲ့အခါ အရေးကြီးဆုံး စကားတခွန်းကို အမြဲပြောတယ်။ အဲဒါ Rule of Law ပဲ။  အဲဒီမှာ လူအများစု က နဝေတိမ်တောင် ဖြစ်ရပြန်တယ်။ Rule of Law  ကို တရားဥပဒေစိုးမိုးရေး လို့ အလွယ်တကူ မြန်မာဘာသာပြန် ကြတယ်။ ၂၀၀၈ အခြေခံဥပဒေ စိုးမိုးရေးလို့ ထင်ကြတယ်။ ဒီနိုင်ငံမှာ  အဲဒီဝေါဟာရတွေ ရှင်းရတာ အလုပ်တခု။ 

(၂) ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး လို့ အမြဲတမ်း ပြောတယ်။ အဲဒီမှာ လူအများစု NLD နဲ့ စစ်တပ်နဲ့ ရင်ကြားစေ့တာလို့ မြင်ကြတယ်။ တကယ့် ရည်ရွယ်ချက်က တိုင်းရင်းသား အချင်းချင်း ရင်ကြားစေ့ရေး၊ စစ်တပ်အချင်းချင်း ရင်ကြားစေ့ရေး ဖြစ်တယ်။ 

ဒါပေမယ့် ပြသနာ ပထမအရင်းခံက မအလစစ်တပ် ဖြစ်တယ်။ ဒုတီယ အရင်္ငးခံက EAO တွေ ဖြစ်တယ်။ အဲဒီ လက်နက်ကိုင် တွေဟာ ဝိုင်းကြီးပတ်ချာ လှည့်၊ မတည့်ကြဘူး။    အဲဒီ လက်နက်ကိုင်  ပြဿနာက ရှေ့တန်းရောက်ပြီး၊ တကယ်ဖြေရှင်းရမယ့် ဖက်ဒရယ်ရေး ဒီမိုကရေစီက နောက်တန်းရောက်နေတယ်။

၁၉၄၇ ပင်လုံညီလာခံမှာ စစ်တပ်တွေ တခုမှ မပါဘူး။ ၂၁ ပင်လုံညီလာခံမှာ လက်နက်ကိုင် တွေပဲ ကြီးစိုးနေတယ်။ တရသ ပြည်သူကိုယ်စားလှယ်တွေက အရံခုံ မှာ ထိုင်ရတဲ့ လူတွေဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ " မအလစစ်တပ်ရော တရသလနက တွေပါ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း ကို လိုက်နာကြရင်  ရင်ကြားစေ့ပေး" လို့ ရနိုင်ကောင်းရဲ့ ဆိုပြီး "ပွဲစား" ဝင်လုပ်တယ်။ သူမရဲ့  အားနည်းချက်က စိတ်ကူးယဉ် မေတ္တာနိုင်ငံရေး ဖြစ်တယ်။ နောက်တချက်က သူမရဲ့ ပင်ကိုယ် ဗီဇဟာ "ညှိနှိုင်းဆွေးနွေးတဲ့ ပွဲစား မဟုတ်။ သင်ကြားပြသပေးတဲ့ ဆရာ " ဖြစ်နေတယ်။ ငြိမ်းချမ်းရေး စကားဝိုင်းတွေ live တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အံဝင်ဂွင်ကျ အလုပ်မဟုတ်ဘူး။ သူမဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ဩဝါဒ ပေးတဲ့ နေရာမှာပဲ နေသင့်ခဲ့တယ်

သူမဟာ "၂၀၀၈ ခြေဥကို ပြင်ဆင်မယ်။ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း နဲ့  ထိန်းချုပ်ထားရင် မအလစစ်တပ်ဟာ အာဏာပြန်မသိမ်းတန်ကောင်းရဲ့ " လို့ ယုံကြည်တယ်။ နေဝင်းမောင်လို လော်ဘီတွေကလည်း " ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကို မလိုက်ပဲ၊ ခေါင်းမမာပဲ စစ်တပ်ရဲ့ Exit Strategy နိုင်ငံရေးက တဖြည်းဖြည်း ဆုတ်ခွာနေမှုကို နားလည်ပါ။ ပြည်တွင်းစစ် လိုအပ်ချက်ကြောင့် စစ်တပ်က လွှတ်တော်နဲ့ အစိုးရထဲ အရေးကြီးတဲ့ နေ ရာတွေကို ချုပ်ကိုင်ထားတာ ဖြစ်တယ်။ တဖက်က ချော့မြူ လက်ဆုပ်ဖြေဆက်ဆံရေး၊ တဖက်က NCA နဲ့  EAO တွေကို BGF လုပ်ရေး အဆင်ပြေရင် စစ်တပ်က နိုင်ငံရေးက ထွက်မယ်" လို့ ဆိုကြတယ်။ အမေရိကန်နဲဲ့ နိုင်ငံတကာကလည်း ပေးထားချက်ကို လက်ခံစေချင်တယ်။။ ဟိုဘက် ဒီဘက် လော်ဘီပေါင်းစုံကလည်း  ၂၀၀၈ ခြေဥကို ပြင်ဆင်နိုင်မယ်လို့ အကြံပြုကြတယ်။ EAO တွေကလည်း  ၂၀ဝ၈ ခြေဥကို ညောင်နှစ်ပင်တက်ရေးထားလို့ " ပါးစပ်က ၂၀ဝ၈ မကြိုက်ဘူး၊ စိတ်က သံယောဇဉ်တွယ်" နေကြတယ်။ NCA ကို အစထောင်ပြီးမှ   NCA အပေါက်ဝရောက်ခါမှ "သားမှားပြီ" ဆိုပြီး နောက်ပြန်ပြေးသူတွေ  သိန်းစိန် နဲ့ EAO ၇ ဖွဲ့ NCA ထိုးပြီးခါမှ ချီးထုပ်ကြီးကို ဒေါ်စုလက်ထိုးအပ်သူတွေ။ ( စကားချပ်။ အခုအချိန်အထိ ၂၀ဝ၈ ခြေ/ဥ နဲ့ NCA ကို လက်မခံကြောင်း ဘယ်အဖွဲ့မှ မကြေညာဘူး။ NLD ကို ပြောသလိုလို စကစကို ပြောသလိုလို  အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတဲ့ ယေဘုယျသဘောပဲ ကြေညာတယ်။ )

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA) ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့) ၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး ) ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် - PNO / PNA) ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် - PLSP) ၊ ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း - ပန်ဝါ NDA- K) ၊ ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA) ၊ ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်) ၊ ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF ) ၊ ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP - ဘီစီကုန်း) ၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊ မွန်ပြည်သစ်ပါတီ (NMSP/ MNLA) ၊ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊ ၊ ဟောင်သရော အထူးဒေသအဖွဲ့၊လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်  ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊ ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)၊ ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊ ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့ ၊ မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊ မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊ မွန်(ခွဲထွက်) - နိုင်စိုက်ချမ်းအဖွဲ့နှင့် ရခိုင်တပ်မတော် - (အေအေ)အဖွဲ့ 

ဒေါ်အောင်ဆန်းစုကြည်က မအလတပ်နဲ့ EAO တွေရေးထားတဲ့  ၂၀၀၈ ခြေဥကို ပြင်ပေးလိုက်ရင် သူတို့  လိုက်နာ မှာပဲ ဆိုပြီး Rule of Law အားကိုးနဲ့  ရင်ကြားစေ့ရေး လုပ်တယ်။ ၂၀၁၂ - ၂၀၂၀ ကာလ တလျောက်လုံး ဒေါ်အောင်ဆန်းစုကြည်က rule of law ပြောလိုက်၊ ရွှေမန်းက no one above the law ပြောလိုက်၊ မအလက အခြေခံဥပဒေကို လိုက်နာပါမယ် ပြောလိုက်နဲ့ .. သူတပြန် ကိုယ်တပြန် .... ကတိတွေ ပေးနေကြတာ။ 

၂၀၂၁ ဖေ ၁ လည်းရောက်ရော မအလတပ်က rule of law ကို ရိုက်ချိုးပြီး အာဏာသိမ်းလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မူမဲ့ ရင်ကြားစေ့  မဟုတ်။ မူမဲ့ သင်ပုန်းချေ  မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူက rule of law  ဆိုတဲ့ ပြိုင်ပွဲစည်းကမ်း နဲ့  ပြိုင်ပွဲ ဝင်တာ။ ပြိုင်ပွဲ စည်းကမ်းဖေါက်တဲ့ ကစားကွင်းထဲ ဘယ်ကစားသမားက ထပ်ကစားကြမှာလဲ။ 

ဒီနေရာမှာ rule of law  ဆိုတာ ( အုပ်စိုးသူက စိတ်ကြိုက် ဥပဒေတွေ ထုတ်၊ အုပ်စိုးခံက မတရားလည်း အတင်းအကြပ် လိုက်နာကြ ၊ အုပ်စိုးသူ အလိုကျ ရေးချင်တာ ရေး၊ ပြင်ချင်တဲ့အခါ ပြင်) ဆိုတဲ့ ဥပဒေနဲ့ ဖိနှိပ်စိုးမိုးခြင်း မဟုတ်။   rule of law  ဆိုတာ အုပ်စိုးသူရော၊ အုပ်စိုးခံရော ဥပဒေကို လိုက်နာကြတာ၊ အဲဒီဥပဒေကလည်း  အုပ်စိုးခံတွေက ရေးဆွဲပြဒါန်းပြီး အုပ်စိုးသူကို တာဝန် ပေး ခိုင်းထားသလို၊ တာဝန်ခံဖို့  ချည်နှောင်ထားတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲ။

(NUG တွေ PDF တွေ အသာထားဦး) ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် အကြီးမားဆုံး ပြဿနာက  Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ကို ဘယ်တုန်းကမှ မလိုက်နာပဲ၊ 

အကြိမ်ကြိမ်အခါခါ ချိုးဖောက်တဲ့၊ ကစားပွဲ မနိုင်ရင် ပွဲဖျက်ပစ်တဲ့ ၊ ယုတ်မာညစ်ပတ် ကောက်ကျစ်တဲ့  မအလရဲ့ ပြစ်မှုတွေကို .......

တရားဥပဒေစိုးမိုးရေး သမား ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သဘောထားမလဲ ဆိုတာ သူမအတွက် အဖြေရှိပြီး ဖြစ်ရမယ်။ အဖြေမှားရင် သူမဟာ Rule of Law  လမ်းက လွင့်စင်ပြီး၊  မြောင်းထဲ ကျသွားမယ့် အန္တရာယ်ရှိတယ်။

မအလရဲ့ ပြစ်မှုတွေတွေက သိပ်မများပါဘူး

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၁ (ဃ) နိုင်ငံတော် ပုန်ကန်မှုက စတင်ပြီး စစ်ရာဇဝတ်မှုတွေ တန်းစီနေတာပဲ။

တဖက်က  ရာဇဝတ်ကြောင်း ပြစ်မှုတွေ နဲ့  နောက်တဖက်က သစ္စာမဲ့ခြင်း ယုံကြည်ခြင်းငှါ မထိုက်တန်တဲ့ နာမည်ပျက် black list ဝင်သွားတဲ့ မအလတပ်ကို  . ..  ဘယ်လို မှ Rule of Law အရ တာဝန်ယူမှု ၊တာဝန်ခံမှု တွေ ပြောရင်း ထပ်မံ ရင်ကြားစေ့လို့ မရနိုင်တော့ဘူး ... ဆိုတာ 

  နိုင်ငံရေး  လေ့လာကြသူတိုင်း သိပါတယ်။

===============

 ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် (minthitburma.blogspot.com)

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ...

( NUG တွေ PDF တွေ အသာထားဦး၊ ) ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် အကြီးမားဆုံး ပြဿနာက  Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ဖြစ်တယ်။ 

လူအများစုဟာ " ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ပြီး ရင်ကြားစေ့တယ် " လို့ အပေါ်ယံ ပြောဆိုနေကြတယ်။

(၁) ဒေါ်အောင်ဆန်းစုကြ
ည် လွှတ်တော်လမ်းကြောင်းကို ရွေးတဲ့အခါ အရေးကြီးဆုံး စကားတခွန်းကို အမြဲပြောတယ်။ အဲဒါ Rule of Law ပဲ။ အဲဒီမှာ လူအများစု က နဝေတိမ်တောင် ဖြစ်ရပြန်တယ်။
 


Rule of Law ကို တရားဥပဒေစိုးမိုးရေး လို့ အလွယ်တကူ မြန်မာဘာသာပြန် ကြတယ်။ ၂၀၀၈ အခြေခံဥပဒေ စိုးမိုးရေးလို့ ထင်ကြတယ်။ ဒီနိုင်ငံမှာ အဲဒီ သောက်တလွဲ ဝေါဟာရတွေ ရှင်းရတာ အလုပ်တခု။

(၂) ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အမျိုးသားရင်ကြားစေ့ရေး ..
ရည်ရွယ်ချက်က-
"တိုင်းရင်းသား အချင်းချင်း ရင်ကြားစေ့ရေး၊ စစ်တပ်အချင်းချင်း ရင်ကြားစေ့ရေး "ဖြစ်တယ်။

ပြသနာ ပထမအရင်းခံက မအလစစ်တပ် ဖြစ်တယ်။ ဒုတီယ က EAO တွေ ဖြစ်တယ်။ မအလစစ်တပ် "EAO တွေရှိလို့ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်နေရတယ် "လို့  အကြောင်းပြတယ်။



လက်နက်ကိုင်အဖွဲ့တွေမရှိမှ တပ်မတော်က နိုင်ငံရေးကနေ ထွက်သွားမည်

https://www.rfa.org/burmese/news/military-press-conference-02232019080422.html

အဲဒီ လက်နက်ကိုင် ပြဿနာက ရှေ့တန်းရောက်ပြီး၊ တကယ်ဖြေရှင်းရမယ့် ဖက်ဒရယ်ရေး ဒီမိုကရေစီက နောက်တန်းရောက်နေတယ်။ ၁၉၄၇ ပင်လုံညီလာခံမှာ စစ်တပ်တွေ တခုမှ မပါဘူး။ ၂၁ ပင်လုံညီလာခံမှာ လနကတွေပဲ ကြီးစိုးနေတယ်။ တရသ ပြည်သူကိုယ်စားလှယ်တွေက အရံခုံ မှာ ထိုင်ရတဲ့ လူတွေဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ " မအလစစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်တွေပါ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း ကို လိုက်နာကြရင်  ရင်ကြားစေ့ပေး" လို့ ရနိုင်ကောင်းရဲ့ ဆိုပြီး "ပွဲစား" ဝင်လုပ်တယ်။ သူမဟာ "၂၀၀၈ ခြေဥကို ပြင်ဆင်မယ်။ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း နဲ့  ထိန်းချုပ်ထားရင် မအလစစ်တပ်ဟာ အာဏာပြန်မသိမ်းတန်ကောင်းရဲ့ "လို့ ယုံကြည်တယ်။ 

၂၀၂၁ ဖေ ၁ လည်းရောက်ရော မအလတပ်က rule of law ကို ရိုက်ချိုးပြီး အာဏာသိမ်းလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မူမဲ့ ရင်ကြားစေ့တာ မဟုတ်။ မူမဲ့ သင်ပုန်းချေ
တာ မဟုတ်။ 

ဒီနေရာမှာ rule of law  ဆိုတာ ( အုပ်စိုးသူက စိတ်ကြိုက် ဥပဒေတွေ ထုတ်၊ အုပ်စိုးခံက မတရားလည်း အတင်းအကြပ် လိုက်နာကြ ၊ အုပ်စိုးသူ အလိုကျ ရေးချင်တာ ရေး၊ ပြင်ချင်တဲ့အခါ ပြင်) ဆိုတဲ့ ဥပဒေနဲ့ ဖိနှိပ်စိုးမိုးခြင်း မဟုတ်။  

rule of law  ဆိုတာ အုပ်စိုးသူရော၊ အုပ်စိုးခံရော ဥပဒေကို လိုက်နာကြတာ၊ အဲဒီဥပဒေကလည်း  အုပ်စိုးခံတွေက ရေးဆွဲပြဒါန်းပြီး အုပ်စိုးသူကို တာဝန် ပေး ခိုင်းထားသလို၊ တာဝန်ခံဖို့  ချည်နှောင်ထားတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင်  ....

Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ကို ဘယ်တုန်းကမှ မလိုက်နာပဲ၊  အကြိမ်ကြိမ်အခါခါ ချိုးဖောက်တဲ့၊ ကစားပွဲ မနိုင်ရင် ပွဲဖျက်ပစ်တဲ့ ၊ ယုတ်မာညစ်ပတ် ကောက်ကျစ်တဲ့  မအလရဲ့  ...
ပြစ်မှုတွေကို ....

တရားဥပဒေစိုးမိုးရေး သမား ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သဘောထားမလဲ ဆိုတာ သူမအတွက် အဖြေရှိပြီး ဖြစ်ရမယ်။ အဖြေမှားရင် သူမဟာ Rule of Law  လမ်းက လွင့်စင်ပြီး၊  မြောင်းထဲ ကျသွားမယ့် အန္တရာယ်ရှိတယ်။

မအလရဲ့ ပြစ်မှုတွေတွေက ..
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၁ (ဃ) နိုင်ငံတော် ပုန်ကန်မှုက စတင်ပြီး စစ်ရာဇဝတ်မှုတွေ တန်းစီနေတာပဲ။

တဖက်က ရာဇဝတ်ကြောင်း ပြစ်မှုတွေ နဲ့ ...

နောက်တဖက်က ...
သစ္စာမဲ့ခြင်း ယုံကြည်ခြင်းငှါ မထိုက်တန်တဲ့ နာမည်ပျက် black list ဝင်သွားတဲ့ မအလတပ်ကို . ..

ဘယ်လို မှ Rule of Law အရ တာဝန်ယူမှု ၊တာဝန်ခံမှု တွေ ပြောရင်း ထပ်မံ ရင်ကြားစေ့လို့ မရနိုင်တော့ဘူး ... ဆိုတာ ...

ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့၊ နိုင်ငံရေး ကို ရိုးသားစွာ လေ့လာကြသူတိုင်း သိပါတယ်။

လက်ရှိနိုင်ငံ့ပြဿနာက ၂ ပိုင်းရှိတယ်။  

(၁) ၁၉၆၂ ၊ ၂၀၂၁  မှာ ၂ ကြိမ်  ... ပေါ်တင် .. အခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ မြန်မာ့တပ်မတော်ဟာ  rule of law ဥပဒေရဲ့ အုပ်ချုပ်မှုကို မခံယူပဲ ၊  ဥပဒေမဲ့ မင်းမဲ​့ သောင်းကျန်းနေတဲ့ မြန်မာစစ်တပ်ကို  ... ဖျက်သိမ်း ပစ်ရမှာ အလုပ်တခု

(၂) ဖက်ဒရယ် ဒီမိုကရေစီ ခြေ/ဥကို မြန်မာစစ်တပ် မပါပဲ ရေးဆွဲရမှာ အလုပ်တခု။ 
 
အခြေခံဥပဒေကိုတောင် ဖောက်ဖျက်ပြီး  တရားဝင် အစိုးရကိုတောင် ဥပဒေမဲ့ ဖမ်းဆီးပြီး  အာဏာသိမ်းသေးတာပဲ။  EAO တွေနဲ့ ချုပ်တဲ့ NCA က ဘာမို့လို့  ကတိတည်မယ် ထင်နေသလဲ ။ ဒီလို "rule of law ဥပဒေရဲ့ အုပ်ချုပ်ခံခြင်း" မရှိတဲ့ မအလတပ်ကို  EAO တွေက ခြေ/ဥ ပြင်ဖို့ ကိစ္စ သွားပြောနေတာ နောက်ထပ် အကြိမ် တထောင် အာဏာသိမ်းတာ မြင်ချင်လို့လား။ 

၂၀ဝ၈ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ကြသော တိုင်းရင်းသားလက်နက်ကိုင်များ

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA) ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့) ၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး ) ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် - PNO / PNA) ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် - PLSP) ၊ ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း - ပန်ဝါ NDA- K) ၊ ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA) ၊ ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်) ၊ ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF ) ၊ ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP - ဘီစီကုန်း) ၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊ မွန်ပြည်သစ်ပါတီ (NMSP/ MNLA) ၊ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊ ၊ ဟောင်သရော အထူးဒေသအဖွဲ့၊လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်  ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊ ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)၊ ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊ ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့ ၊ မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊ မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊ မွန်(ခွဲထွက်) - နိုင်စိုက်ချမ်းအဖွဲ့နှင့် ရခိုင်တပ်မတော် - (အေအေ)အဖွဲ့ 
==============

 တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိသမျှ တပ်မတော် နိုင်ငံရေးက မထွက်
By ငြိမ်းငြိမ်း 2 March 2019
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်ငြိမ်းချမ်းသွားသည့် အချိန်တွင် တပ်မတော်က နိုင်ငံ ရေး လမ်းကြောင်းမှ စွန့်ခွာမည်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားထားပြီး ဖြစ်ကြောင်း  
==========

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပါက နိုင်ငံရေးမှ တပ်မတော်ထွက်ခွာမည်


နိုင်ငံရေး၌ တပ်မတော်သည် အဓိက အခန်းကဏ္ဍတွင်ပါဝင်နေမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများရှိနေသည့်အပေါ် ဗိုလ်ချုပ်စိုးနိုင်ဦးက "တည်ငြိမ်အေးချမ်းမှု  ရှိဖို့အတွက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမရှိတော့မှ တည်ငြိမ်အေးချမ်းမှာ၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်နိုင်မှာ။ အဲဒီအချိန်မှာအားလုံး အေးချမ်းသွားပြီဆိုရင် နိုင်ငံရေးလမ်းကြောင်းကနေ ဆုတ်ခွာပါမယ်ဆိုတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောထားတာလည်းရှိ ပါတယ်" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

=========

နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည်
ကျော်စွာမိုး 10 June 2019

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်အေးချမ်းသွားသည့်အချိန်တွင် တပ်မတော်က နိုင်ငံရေးမှစွန့်ခွာမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။


===========

▪️ ဒေါ်အောင်ဆန်းစုကြည်က "NUG ကို အားပေး ထောက်ခံတယ်"လို့ ပြောရင် မအလက အကြမ်းဖက်ဥပဒေနဲ့ အမှုဆင်မှာ ဖြစ်တယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆီက နွေဦးတော်လှန်ရေးနဲ့ ပက်သက်ရင် ဘာတွေ အချက်ပြနေသလဲ။ အတိတ်ကို ဆောင်ရင် ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင်ကို ဦးဉာဏ်ဝင်း တို့ သွားမေးတော့ ဗူးသီးတလုံးပါ လက်ဆောင်ပေးလိုက်တယ်။

နွေဦးတော်လှန်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ အချက်ပေးသလဲ။

✅ မအလက ရွေးကောက်ပွဲ မဝင်ရင် ပါတီဖျက်မယ် ခြိမ်းခြောက်တော့ " ပြည်သူရှိရင် ပါတီရှိတယ် " လို့ အသံပြုလိုက်တယ်။ ၂၀၁၀ တုန်းက သိန်းစိုး ရဲ့ ပါတီမှတ်ပုံတင် ဥပဒေအရ NLD ဟာ မအလ ဥပဒေမဝင် ပါတီ တခါ ဖြစ်ခဲ့ဖူးတယ်။

✅  ပါတီတွေ EAO တွေကိုပါ"အားလုံး ညီညွတ်ကြဖို့ " မကြာခဏ သတိပေးတယ်။ ကျန်းမာရေးကို အထူးတလည် သတိပေးတယ်။

✅ မအလ စွပ်စွဲတဲ့ အမှုတွေကို "အခြေအမြစ်ကင်းမဲ့တာတွေချည်းပဲ " လို့ ပြည်သူကို အသိပေးတယ်။ စိဉ္စာမာန လက်သစ် မအလ စွပ်စွဲတဲ့ မဲကိစ္စ၊ ငွေကိစ္စ၊ ရဟတ်ယဉ်ကိစ္စ၊ လျှို့ဝှက်ချက် ကိစ္စ အကုန်လုံးကို ဆိုလိုတယ်။

✅ ရှောင်တာနယ်က  " ပြည်သူတွေ ဒီမိုကရေစီအတွက် ခုခံ တွန်းလှန်နေတာနဲ့ Gen Z လူငယ်တွေကို ချီးမွမ်းတယ် " ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို   "အမှန်တရား" သိအောင် နိုင်ငံတကာသို့ ပြောပေးဖို့  တောင်းဆိုခဲ့တယ်။

✅ အပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဟာ မှန်ကန်ကြောင်း အလုပ်နဲ့ သက်သေပြလိုက်တယ်။  ဒေါ်စန္ဒာမင်း ဦးတိုးလွင် က " NLD ရွေးကောက်ပွဲ ဝင်ရေး " သွားပြောတယ်။ " ( သိန်းစိုး ကော်မရှင်မှာ ပါတီမှတ်ပုံတင် ပြီး) NLD ရုံးခန်းဖွင့်'ဖို့ " ပြောတယ်။  

ဒါဟာ " ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်ခိုင်းတာ၊ NUG ကို တရားဝင်မှု ဖျက်ခိုင်းတာ၊ NLD ကို အသစ်ပြန်ဖွဲ့ခိုင်းတာ " ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်တာဟာ အပေါ်က အချက်တွေနဲ့ စုပေါင်းစဉ်းစားရင် " NUG ကို ထောက်ခံတယ်" လို့ သွယ်ဝိုက်ပြောနေတာပဲ။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် မပြောလည်း၊ သိရမယ့်  ထင်ရှားတဲ့  တချက် ရှိတယ်။ ကြည့်သောသူ မြင်၏


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား