နိုင်ငံတော်သမ္မတ ၏ ရာထူးသက်တမ်း သည် မည်မျှနည်း


▪️ နိုင်ငံတော်သမ္မတ   ၏ ရာထူးသက်တမ်း သည် မည်မျှနည်း

❇️ ပုဒ်မ ၆၁ (က ) နှင့် (ခ) မှာ " နိုင်ငံတော်သမ္မတ ၏ မူလ ရာထူးသက်တမ်းသည် (၅) နှစ် ဖြစ်ပါတယ်။  သို့သော် ...  နိုင်ငံတော်သမ္မတအသစ် ရွေးချယ် တင်မြှောက်ပြီးသည့် အချိန်အထိ  တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်" ဟု ပြဒါန်းထားပါတယ်။

သို့သော် ... သို့သော် ... သို့သော် ...

 ပုဒ်မ ၆၁ (င ) အရ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါက ...  အစားထိုး သူဟာ  မူလရာထူးသက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။

ဆိုတော့ကာ ... မြင့်ဆွေဟာ ဘာလဲ။ 

ယာယီ သမ္မတ ဆိုရင်

ပုဒ်မ ၇၃ (ခ) နဲ့ ၇၃ (င) အရ  ယာယီ သမ္မတ သက်တမ်းသည် ( ပြည်ထောင်စုလွှတ်တော် ကျင်းပ နေချိန် ဖြစ်လျှင် ၇ ရက်၊ ပြည်ထောင်စုလွှတ်တော် ကျင်းပ နေချိန် မဟုတ်လျှင် ၂၁ ရက် )  သာ တည်ရှိပါတယ်။ ၂၁ ရက်ကျော်ရင် ယာယီသမ္မတ မှ ပျက်ပြယ်ပါတယ်။    expired သက်တမ်းကုန်သွားပါပြီ။ 

 ( သူတို့အဆို) နိုင်ငံတော်သမ္မတ တာဝန်ကို အစားထိုး ယူထားလျှင် လည်း၊   မူလ ရာထူးသက်တမ်း (၅) နှစ် မှာ သက်တမ်းကုန်ပြီ။  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နေရာမှာ ၊ ... အစားထိုး တာဝန်ယူတဲ့ မြင့်ဆွေဟာ .... ၂၀၂၁ ဧပြီလ မှာ တာဝန် ကုန်ဆုံးပြီး ဖြစ်ပါတယ်။ 

=== ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ====

၆၁။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည်၊

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ် တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊ 

(ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ် ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရ၊ 

(ဃ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ကြားဖြတ်တာဝန်ယူရ သည့်ကာလကို ရာထူးသက်တမ်းတစ်ခုဟု မသတ်မှတ်ရ၊

(င) အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်း သည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

-------------

၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၂၁ မတ်လ တွင် တရားဝင် ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ CRPH  သည် ကမ္ဘာ့ အသိအမှတ်ပြု ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူမှ လွှတ်တော်၊ လွှတ်တော်မှ ကိုယ်စားပြုကော်မတီ သို့  ပြည်သူ့ဆင့်လွှဲ အချုပ်အခြာ အာဏာ အပ်နှင်းထားသော အဖွဲ့ဖြစ်ပါတယ်။

အောက်ဖော်ပြပါ အချက်များဟာ အင်္ဂလိပ်အစိုးရလက်ထက်မှ ယနေ့တိုင် တည်ဆဲ ဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁( ဃ) အရ နိုင်ငံတော်ပုန်ကန်မှု မြောက်သော အချက်များကို မှတ်တမ်းပြုစုထားခြင်းသာ ဖြစ်ပါတယ်။


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား