ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲ။

NUG တွေ PDF တွေ အသာထားဦး၊ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် အကြီးမားဆုံး ပြဿနာက  Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ဖြစ်တယ်။ အဲဒီအဆင့်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ မကျော်ဖြတ်ပဲ၊ NUG ကိစ္စ၊ PDF ကိစ္စ၊ ဖက်ဒရယ် ဒီမိုကရေစီ ကိစ္စ ဆီကို လက်လှမ်းလို့ မရဘူး။

လူအများစုဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ပြီး ရင်ကြားစေ့တယ် လို့ အပေါ်ယံ ပြောဆိုနေကြတယ်။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နားမလည်ပဲ ဝေဖန် နေကြတာ ဖြစ်တယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်လမ်းကြောင်းကို ရွေးတဲ့အခါ အရေးကြီးဆုံး စကားတခွန်းကို အမြဲပြောတယ်။ အဲဒါ Rule of Law ပဲ။  အဲဒီမှာ လူအများစု က နဝေတိမ်တောင် ဖြစ်ရပြန်တယ်။ Rule of Law  ကို တရားဥပဒေစိုးမိုးရေး လို့ အလွယ်တကူ မြန်မာဘာသာပြန် ကြတယ်။ ၂၀၀၈ အခြေခံဥပဒေ စိုးမိုးရေးလို့ ထင်ကြတယ်။ ဒီနိုင်ငံမှာ  အဲဒီဝေါဟာရတွေ ရှင်းရတာ အလုပ်တခု။ 

(၂) ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး လို့ အမြဲတမ်း ပြောတယ်။ အဲဒီမှာ လူအများစု NLD နဲ့ စစ်တပ်နဲ့ ရင်ကြားစေ့တာလို့ မြင်ကြတယ်။ တကယ့် ရည်ရွယ်ချက်က တိုင်းရင်းသား အချင်းချင်း ရင်ကြားစေ့ရေး၊ စစ်တပ်အချင်းချင်း ရင်ကြားစေ့ရေး ဖြစ်တယ်။ 

ဒါပေမယ့် ပြသနာ ပထမအရင်းခံက မအလစစ်တပ် ဖြစ်တယ်။ ဒုတီယ အရင်္ငးခံက EAO တွေ ဖြစ်တယ်။ အဲဒီ လက်နက်ကိုင် တွေဟာ ဝိုင်းကြီးပတ်ချာ လှည့်၊ မတည့်ကြဘူး။    အဲဒီ လက်နက်ကိုင်  ပြဿနာက ရှေ့တန်းရောက်ပြီး၊ တကယ်ဖြေရှင်းရမယ့် ဖက်ဒရယ်ရေး ဒီမိုကရေစီက နောက်တန်းရောက်နေတယ်။

၁၉၄၇ ပင်လုံညီလာခံမှာ စစ်တပ်တွေ တခုမှ မပါဘူး။ ၂၁ ပင်လုံညီလာခံမှာ လက်နက်ကိုင် တွေပဲ ကြီးစိုးနေတယ်။ တရသ ပြည်သူကိုယ်စားလှယ်တွေက အရံခုံ မှာ ထိုင်ရတဲ့ လူတွေဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ " မအလစစ်တပ်ရော တရသလနက တွေပါ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း ကို လိုက်နာကြရင်  ရင်ကြားစေ့ပေး" လို့ ရနိုင်ကောင်းရဲ့ ဆိုပြီး "ပွဲစား" ဝင်လုပ်တယ်။ သူမရဲ့  အားနည်းချက်က စိတ်ကူးယဉ် မေတ္တာနိုင်ငံရေး ဖြစ်တယ်။ နောက်တချက်က သူမရဲ့ ပင်ကိုယ် ဗီဇဟာ "ညှိနှိုင်းဆွေးနွေးတဲ့ ပွဲစား မဟုတ်။ သင်ကြားပြသပေးတဲ့ ဆရာ " ဖြစ်နေတယ်။ ငြိမ်းချမ်းရေး စကားဝိုင်းတွေ live တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အံဝင်ဂွင်ကျ အလုပ်မဟုတ်ဘူး။ သူမဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ဩဝါဒ ပေးတဲ့ နေရာမှာပဲ နေသင့်ခဲ့တယ်

သူမဟာ "၂၀၀၈ ခြေဥကို ပြင်ဆင်မယ်။ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း နဲ့  ထိန်းချုပ်ထားရင် မအလစစ်တပ်ဟာ အာဏာပြန်မသိမ်းတန်ကောင်းရဲ့ " လို့ ယုံကြည်တယ်။ နေဝင်းမောင်လို လော်ဘီတွေကလည်း " ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကို မလိုက်ပဲ၊ ခေါင်းမမာပဲ စစ်တပ်ရဲ့ Exit Strategy နိုင်ငံရေးက တဖြည်းဖြည်း ဆုတ်ခွာနေမှုကို နားလည်ပါ။ ပြည်တွင်းစစ် လိုအပ်ချက်ကြောင့် စစ်တပ်က လွှတ်တော်နဲ့ အစိုးရထဲ အရေးကြီးတဲ့ နေ ရာတွေကို ချုပ်ကိုင်ထားတာ ဖြစ်တယ်။ တဖက်က ချော့မြူ လက်ဆုပ်ဖြေဆက်ဆံရေး၊ တဖက်က NCA နဲ့  EAO တွေကို BGF လုပ်ရေး အဆင်ပြေရင် စစ်တပ်က နိုင်ငံရေးက ထွက်မယ်" လို့ ဆိုကြတယ်။ အမေရိကန်နဲဲ့ နိုင်ငံတကာကလည်း ပေးထားချက်ကို လက်ခံစေချင်တယ်။။ ဟိုဘက် ဒီဘက် လော်ဘီပေါင်းစုံကလည်း  ၂၀၀၈ ခြေဥကို ပြင်ဆင်နိုင်မယ်လို့ အကြံပြုကြတယ်။ EAO တွေကလည်း  ၂၀ဝ၈ ခြေဥကို ညောင်နှစ်ပင်တက်ရေးထားလို့ " ပါးစပ်က ၂၀ဝ၈ မကြိုက်ဘူး၊ စိတ်က သံယောဇဉ်တွယ်" နေကြတယ်။ NCA ကို အစထောင်ပြီးမှ   NCA အပေါက်ဝရောက်ခါမှ "သားမှားပြီ" ဆိုပြီး နောက်ပြန်ပြေးသူတွေ  သိန်းစိန် နဲ့ EAO ၇ ဖွဲ့ NCA ထိုးပြီးခါမှ ချီးထုပ်ကြီးကို ဒေါ်စုလက်ထိုးအပ်သူတွေ။ ( စကားချပ်။ အခုအချိန်အထိ ၂၀ဝ၈ ခြေ/ဥ နဲ့ NCA ကို လက်မခံကြောင်း ဘယ်အဖွဲ့မှ မကြေညာဘူး။ NLD ကို ပြောသလိုလို စကစကို ပြောသလိုလို  အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတဲ့ ယေဘုယျသဘောပဲ ကြေညာတယ်။ )

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA) ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့) ၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး ) ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် - PNO / PNA) ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် - PLSP) ၊ ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း - ပန်ဝါ NDA- K) ၊ ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA) ၊ ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်) ၊ ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF ) ၊ ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP - ဘီစီကုန်း) ၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊ မွန်ပြည်သစ်ပါတီ (NMSP/ MNLA) ၊ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊ ၊ ဟောင်သရော အထူးဒေသအဖွဲ့၊လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်  ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊ ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)၊ ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊ ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့ ၊ မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊ မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊ မွန်(ခွဲထွက်) - နိုင်စိုက်ချမ်းအဖွဲ့နှင့် ရခိုင်တပ်မတော် - (အေအေ)အဖွဲ့ 

ဒေါ်အောင်ဆန်းစုကြည်က မအလတပ်နဲ့ EAO တွေရေးထားတဲ့  ၂၀၀၈ ခြေဥကို ပြင်ပေးလိုက်ရင် သူတို့  လိုက်နာ မှာပဲ ဆိုပြီး Rule of Law အားကိုးနဲ့  ရင်ကြားစေ့ရေး လုပ်တယ်။ ၂၀၁၂ - ၂၀၂၀ ကာလ တလျောက်လုံး ဒေါ်အောင်ဆန်းစုကြည်က rule of law ပြောလိုက်၊ ရွှေမန်းက no one above the law ပြောလိုက်၊ မအလက အခြေခံဥပဒေကို လိုက်နာပါမယ် ပြောလိုက်နဲ့ .. သူတပြန် ကိုယ်တပြန် .... ကတိတွေ ပေးနေကြတာ။ 

၂၀၂၁ ဖေ ၁ လည်းရောက်ရော မအလတပ်က rule of law ကို ရိုက်ချိုးပြီး အာဏာသိမ်းလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မူမဲ့ ရင်ကြားစေ့  မဟုတ်။ မူမဲ့ သင်ပုန်းချေ  မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူက rule of law  ဆိုတဲ့ ပြိုင်ပွဲစည်းကမ်း နဲ့  ပြိုင်ပွဲ ဝင်တာ။ ပြိုင်ပွဲ စည်းကမ်းဖေါက်တဲ့ ကစားကွင်းထဲ ဘယ်ကစားသမားက ထပ်ကစားကြမှာလဲ။ 

ဒီနေရာမှာ rule of law  ဆိုတာ ( အုပ်စိုးသူက စိတ်ကြိုက် ဥပဒေတွေ ထုတ်၊ အုပ်စိုးခံက မတရားလည်း အတင်းအကြပ် လိုက်နာကြ ၊ အုပ်စိုးသူ အလိုကျ ရေးချင်တာ ရေး၊ ပြင်ချင်တဲ့အခါ ပြင်) ဆိုတဲ့ ဥပဒေနဲ့ ဖိနှိပ်စိုးမိုးခြင်း မဟုတ်။   rule of law  ဆိုတာ အုပ်စိုးသူရော၊ အုပ်စိုးခံရော ဥပဒေကို လိုက်နာကြတာ၊ အဲဒီဥပဒေကလည်း  အုပ်စိုးခံတွေက ရေးဆွဲပြဒါန်းပြီး အုပ်စိုးသူကို တာဝန် ပေး ခိုင်းထားသလို၊ တာဝန်ခံဖို့  ချည်နှောင်ထားတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ဘာဖြစ်မလဲ။

(NUG တွေ PDF တွေ အသာထားဦး) ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် အကြီးမားဆုံး ပြဿနာက  Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ကို ဘယ်တုန်းကမှ မလိုက်နာပဲ၊ 

အကြိမ်ကြိမ်အခါခါ ချိုးဖောက်တဲ့၊ ကစားပွဲ မနိုင်ရင် ပွဲဖျက်ပစ်တဲ့ ၊ ယုတ်မာညစ်ပတ် ကောက်ကျစ်တဲ့  မအလရဲ့ ပြစ်မှုတွေကို .......

တရားဥပဒေစိုးမိုးရေး သမား ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သဘောထားမလဲ ဆိုတာ သူမအတွက် အဖြေရှိပြီး ဖြစ်ရမယ်။ အဖြေမှားရင် သူမဟာ Rule of Law  လမ်းက လွင့်စင်ပြီး၊  မြောင်းထဲ ကျသွားမယ့် အန္တရာယ်ရှိတယ်။

မအလရဲ့ ပြစ်မှုတွေတွေက သိပ်မများပါဘူး

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၁ (ဃ) နိုင်ငံတော် ပုန်ကန်မှုက စတင်ပြီး စစ်ရာဇဝတ်မှုတွေ တန်းစီနေတာပဲ။

တဖက်က  ရာဇဝတ်ကြောင်း ပြစ်မှုတွေ နဲ့  နောက်တဖက်က သစ္စာမဲ့ခြင်း ယုံကြည်ခြင်းငှါ မထိုက်တန်တဲ့ နာမည်ပျက် black list ဝင်သွားတဲ့ မအလတပ်ကို  . ..  ဘယ်လို မှ Rule of Law အရ တာဝန်ယူမှု ၊တာဝန်ခံမှု တွေ ပြောရင်း ထပ်မံ ရင်ကြားစေ့လို့ မရနိုင်တော့ဘူး ... ဆိုတာ 

  နိုင်ငံရေး  လေ့လာကြသူတိုင်း သိပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား