ရခိုင့်သမ္မတလောင်း တဦးနဲ့ မေးမြန်းခြင်း
သမ္မတလောင်း။ ။ အေး .. ငါတို့က သာကီဝင်မင်းမျိုးက ဆင်းသက်လာတာ ဆိုတော့ လူတိုင်း မင်းမျိုးတွေပဲ ... ဟဲ ဟဲ
မေး ။ ။ ရက္ခ နဲ့ ယက္ခ အသံထွက် ဆင်တူတယ်နော်
သမ္မတလောင်း။ ။ ငါဟဲ့ ဘီလူး .... အဲလေ ယောင်လို့ ... ဘာတွေ မေးနေတာလဲ ..။ ဒီဒေသက ဘီလူးတွေကို နှိမ်နင်းအောင်မြင်တော်မူပြီး အုပ်ချုပ်တာ ။
မေး ။ ။ ဦး - တို့က ဇာတိသွေး ဇာတိမာန် ကြီးတယ်နော်
သမ္မတလောင်း။ ။ အေး.. အမျိုး သီလ နှစ်ဌာနကို စောင့်လို့ ရက္ခိတ လမ်းစဉ်လို့ ခေါ်တာ ကွဲ့
မေး ။ ။ ဦးက အမျိုးစောင့်တယ်သာ ပြောတယ်။ မြန်မာစစ်တပ်ထဲ ဗိုလ်ကတော်တွေက ရခိုင်တွေချည်းပဲ။ မင်းအောင်လှိုင် မိန်းမ က သံတွဲသူလေ။
သမ္မတလောင်း။ ။ မြန်မာလည်း သာကီ ၊ ရခိုင် လည်း သာကီ အမျိုးချင်း ထပ် မြတ်သဟဲ့... ငိငိ
မေး ။ ။ သီလ စောင့်တယ်သာ ပြောတယ် ဦးပြောသမျှ လိမ်တာ များတယ်နော်
သမ္မတလောင်း။ ။ ဟဲ့ ... ဒါက ပရိယာယ်လို့ ခေါ်တယ်။ နင်တို့ ငပိန်းတွေ နားမလည်ပါဘူးဟယ်
မေး ။ ။ ဦးကို ဘာလို့ သမ္မတလောင်းလို့ ခေါ်နေကြတာလဲ
သမ္မတလောင်း။ ။ ရခိုင်နိုင်ငံတော် ကြီးဟာ မကြာခင် လွတ်လပ်ရေး ရတော့မယ်။ အဲဒီအခါ ငါက သမ္မတ ဖြစ်မှာလေ ... ဟီဟိ။
မေး ။ ။ ရခိုင်နိုင်ငံတော် ဖြစ်အောင် ဘယ်လို လုပ်မတုံး
သမ္မတလောင်း။ ။ ငရို့မှာ ရခိုင်တပ်တော်ကြီး ရှိတယ်။ အင်အား ၁ သိန်းရှိတယ်။ တပ်တော်ကြီး ချီတက်လာရင် မြေမဟီ အလုံး တဝုန်းဝုန်း တသိမ့်သိမ့် တုန်တယ် ကွဲ့။
မေး ။ ။ ရခိုင်ဒေသကို ဘယ်သူတွေ အုပ်ချုပ်နေသလဲ
သမ္မတလောင်း။ ။ ရခိုင့်တပ်တော်ကြီးက ၇၅% နယ်မြေ စိုးမိုးထားတယ်။ မြန်မာစစ်တပ်က ၂၅% မြို့ကြီးတွေမှာပဲ ရှိတော့တယ်။ ရေခပ်ဆင်းရင်တောင် ရခိုင့်တပ်တော် ခွင့်ပြုမှ ရသဟဲ့။
မေး ။ ။ ရခိုင့်တပ်တော်က အဓိကပေါ့နော်
သမ္မတလောင်း။ ။ ဟုတ်သဟေ့... ရခိုင့်တပ်တော် ခွင့်မပြုရင် မြန်မာစစ်တပ် ဘာမှ မလုပ်နိုင်ဘူး။ တရားစီရင်ရေး ၊ အုပ်ချုပ်ရေး အတွက် ရခိုင်ပြည်သူ့အာဏာပိုင် အစိုးရတော်ကြီး လည်း ရှိသေးတယ်။
မေး ။ ။ ဒါနဲ့ မြန်မာစစ်တပ်က ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းနေတယ်နော်။ အဲဒီ ခြေဥက ပြည်သူ့ ဆန္ဒ ၊ ပြည်သူ့အာဏာနဲ့ ဖျက်သိမ်းလိုက်ပြီ မဟုတ်လား
သမ္မတလောင်း။ ။ ပြည်သူ့ ဆန္ဒ ၊ ပြည်သူ့အာဏာနဲ့ ဖျက်သိမ်းတာ ဟုတ်တယ်။ ဒါပေမယ့် မြေပြင်မှာ ပြည်သူက အလကားပဲ။ မအလတပ်က စိုးမိုးနေတာ။ ဒါကြောင့် ၂၀၀၈ ခြေဥကို မအလက ရှင်ချင် ရှင် သေချင် သေပေါ့။
မေး ။ ။ အဲဒါဆို ပြည်သူ့ဆန္ဒ အရ အုပ်ချုပ်တဲ့ ဒီမိုကရေစီ မဟုတ်တော့ဘူးပေါ့
သမ္မတလောင်း။ ။ အဲ ..... ( အတန်ကြာ အသံတိတ်သွား) ဒီမိုကရေစီ မဟုတ်ပေမယ့် နီးရာ ဓါး ကြောက်ရသဟဲ့။
မေး ။ ။ သာကီဝင် မင်းမျိုးက နီး ရာ ဓါး ကြောက်သလား
သမ္မတလောင်း။ ။ သဘောက်မသားရဲ့ ... သာကီဝင် မင်းမျိုး ဆိုတာ ဟန်ကိုယ့် ဖို့ ပြောတာ။ ငရို့ ကြောက်တာပေါ့။
မေး ။ ။ ၂၀၀၈ ခြေဥကို ကျားသေ အသက်သွင်းမယ့် ၂၀၂၃ မအလ ရွေးကောက်ပွဲ ဝင်ပြိုင်မှာလား
သမ္မတလောင်း။ ။ ရွေးကောက်ပွဲ ဝင်ရမယ်။ ငရို့ မဝင်ရင် ရခိုင် လွှတ်တော်ထဲ ထိုင်ခုံတွေ မှာ ကလားတွေ ၊ ကြံဖွတ်တွေ ဝင်ထိုင် ကုန်မှာပေါ့
မေး ။ ။ စောစောက ပြောတော့ ရခိုင်ပြည်သူ့အာဏာပိုင် အစိုးရတော်ကြီး ရှိတယ် ဆို။ မအလ လွှတ်တော်က ဘာလုပ်ဖို့လဲ
သမ္မတလောင်း။ ။ အဲ ... အဲဒါ ( ခေါင်း တချက်ကုပ်ပြီး စဉ်းစား)
မေး ။ ။ စောစောက ပြောတော့ ရခိုင်တပ်တော်ကြီးက စိုးမိုးတော်နေပြီဆို ။ ဘာကြောင့် မအလ ဓါးကို ကြောက်ရတာလဲ။
သမ္မတလောင်း။ ။ အဲ ... အဲဒါ ( အဝေးကို ငေးကြည့်နေ)
မေး ။ ။ စောစောက ပြောတော့ ရခိုင်နိုင်ငံတော် တည်ထောင်မယ် ဆို။ ဘာကြောင့် ၂၀၀၈ စစ်ကျွန် ခြေဥကို ကျားသေ အသက်သွင်းနေတာလဲ
သမ္မတလောင်း။ ။ အဲ ... အဲဒါ ( ခေါင်းငိုက်စိုက်လျက်)
မေး ။ ။ ရခိုင်ပြည်သူ့အာဏာပိုင် အစိုးရရှိတယ်။ ရခိုင့်တပ်တော်ရှိတယ်။ ရခိုင်ပြည်သူရှိတယ်။ ရခိုင်လွှတ်တော်ကို ရခိုင် မျိုးတွေက ကိုယ်အား ကိုယ်ကိုး မလုပ်နိုင်ဘူးလား။
ဘာကြောင့် မအလ ကို အားကိုးနေတာလဲ။ မအလ ဆီ လက်ဖြန့်တောင်းနေတာလဲ
သမ္မတလောင်း။ ။ .... ( မျက်ရည်များ စီးကျလျက် စကားမေး မရတော့ချေ)
မေး ။ ။ ရခိုင့်လွှတ်တော်ကို ရခိုင်တွေ တည်ထောင်ရင် ဘယ် ဖွတ် ၊ ဘယ်ကလား တက်လို့ရမလဲ ။ ဒါကို မတွေးမိဘူးလား။ ရက္ခိတ လမ်းစဉ် ဟာ သူများ အားကိုးတဲ့ အချောင်လမ်းစဉ်လား။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး စိတ် ရှိဖို့ လိုတယ်။
သမ္မတလောင်း။ ။ .... ( ထိုင်ရာက ထ လျက် ၊ ခေါင်းငိုက်ချရင်း အဝေးသို့ တဖြည်းဖြည်း ထွက်ခွါသွား)
----------
ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ်ကြီး ဦးအောင်ထူး နှင့် တွေ့ဆုံမေးမြန်းချက်AK Media Live News & Analysis
https://www.youtube.com/watch?v=ntjCWKyJ9J0
----------
၂၀ဝ၈ အခြေခံဥပဒေအရ မအလ အလီလီ အာဏာယူထားနိုင်ကြောင်း ဒေါက်တာအေးမောင် ပြော
https://www.facebook.com/ThePeopleUnion/videos/730293281845915/
တောင်ကုတ်မြို့အတွင်း ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလတုန်းက ဒေါက်တာအေးမောင်ရဲ့ ္ဂျီနိုဆိုက် ဟောပြောချက်
https://www.facebook.com/ana.s.htet.7/videos/111004984038304
လူနည်းစုတိုင်းရင်းသားတွေက လူများစု မြန်မာ (ဗမာ) မှားရင် ဝိုင်းအော်လေ့ရှိတယ်။ လူနည်းစုထဲက လူတွေ မှားနေရင် ရေငုံနေတတ်တယ်။ ဒါကြောင့် တိုင်းရင်းသား ၁၀၁ ပါးကို တပါးစီမျှခြေ စဉ်းစားရမလား။ လူနည်းစု လူများစု မျှခြေ အခြေခံရမလား တွေးစရာဖြစ်တယ်
Comments
Post a Comment