ပဒေသရာဇ်ခေတ်

ပဒေသရာဇ်ခေတ်မှာ  ဘုရင်တွေက အချုပ်အခြာ အာဏာပိုင်တယ်။ ပြည်သူတွေက ကျွေးတာ စား ထားရာနေ စေရာ သွား ကျေးကျွန်တွေ ဖြစ်တယ်။ လူမျိုးတမျိုး ပိုင်ဆိုင်တဲ့ နယ်မြေ ဆိုတာ မရှိဘူး။ ဘုရင်တွေဟာ မြေရှင်တွေ ဖြစ်တယ်။ အင်အားကြီးလာရင် ​နယ်မြေချဲ့ထွင်တယ်။ 

မြို့ပြနိုင်ငံလို့ ခေါ်တဲ့ နန်း၊ ကျုံး၊ မြောင်း ရှိတဲ့ မြို့ တမြို့ နဲ့ ၎င်းရဲ့ ဘေး ပတ်လည် ဟာ နိုင်ငံပဲ။  ဒါကြောင့်  လူမျိုးတူ အချင်းချင်း မှာ မြို့ပြနိုင်ငံ လေးတွေ ရှိတယ်။ 

ပဒေသရာဇ် ထုံးစံဟာ နယ်မြေချဲ့ထွင်တယ်။ နယ်မြေသစ် ရှာတယ်။ ဒါကို မတရားမှုလို့ အဲဒီကာလမှာ  ဘယ်နတ် ဘုရား၊ ဘယ် ပညာရှိ၊ ဘယ် တရာသူကြီးမှ မဆုံးမဘူး။ 

မြေရှင် ပဒေသရာဇ် နယ်ချဲ့ နယ်ရှာတဲ့ စနစ် မကောင်းဘူး မတရားဘူး ရက်စက်တယ်  အနိုင်ကျင့်တယ် လို့ ဗုဒ္ဓလည်း မဟော၊ ဂျီးဆက်ခရိုက်လည်း မဟော၊ မိုဟာမက်လည်း မဟော။ ခရစ်သျှန လည်း မဟော။ 

မြေရှင် ပဒေသရာဇ်တွေဟာ   လူမျိုးတူ၊ လူမျိုးကွဲ  ခွဲခြားပြီး နယ်ပယ် ချဲ့ထွင်တာ မဟုတ်။  နယ်မချဲ့ တဲ့ ဘုရင် ( မည်သည့်လူမျိုး ဖြစ်စေ)  ရယ် လို့ လည်း မရှိဘူး။

ဒါကို လူမျိုး နာမည်တွေ တပ်ပြီး  အမုန်းတရား အစွန်းရောက်ကြတာ ထိုခေတ် ဓမ္မတာနဲ့ ဆန့်ကျင့်တယ်။ ထိုခေတ်မှာ လူမျိုး တိုင်းက ပြည်သူတွေဟာ ကျွန်တွေပဲ။ သူတို့မှာ ဆုံးဖြတ်ခွင့် မရှိဘူး။ 

ပဲခူး ဘုရင် ကလည်း နယ်ချဲ့တာ အင်းဝ အထိ၊ ဓညဝတီ ဘုရင်က နယ်ချဲ့တာ ပဲခူး အထိ၊   မိုးညှင်းစော်ဘွားက နယ်ချဲ့ ပြည် အထိ။သူနိုင် သူယူ၊ ကိုယ်နိုင် ကိုယ်ယူပဲ။

နယ်ရှင် ဘုရင်ချင်း  စစ်ထိုးတမ်း ကစားကြတာ ရှုံးသူက ပေးရတာ ထုံးစံပဲ။ ဒီဓလေ့ ဒီထုံးစံကို မတရားဘူး ထင်ရင် ဘုရင် မလုပ်ကြရုံပဲရှိတယ်။

တကယ်လို့ -- ဒီမိုကရေစီ ထုံးစံ သာ ဒီကမ္ဘာပေါ်မှာ မပေါ်ခဲ့ရင် ... ကြွေတလှည့် ကြက်တခုန် ... နယ်မြေချဲ့ထွင်ပွဲတွေဟာ ရှိနေဦးမှာပဲ။ ကစားပွဲထဲ ဝင်ပြိုင်ပြီးမှ နိုင်ရင် မှိန်းနေမယ်။ ရှုံးရင် မျက်ရည်ချုမယ် ဆိုတာချည်းပဲ။

ထိုခေတ်က ကျေးကျွန်ဖြစ်ခဲ့တဲ့ လူမျိုးအသီးသီး ဟာ ကမ္ဘာတည်စက .. ဒီနေရာမှာ .. ဗြဟ္မာကြီး လေးဦး၊ အာဒံဧဝ က   ..  အစပြုခဲ့ကြတာ မဟုတ်ဘူး။ အခြားနေရာ တခုခုက ရေကြည်ရာ မြက်နုရာ ရှာရှာရင်း ဒီမြေကို ရောက်လာကြတာ ဖြစ်တယ်။  ဘယ်ဘုရင် ဘယ်လူမျိုးမှ .... ဒီမြေကြီးက ပေါက်ဖွား၊ ဖန်ဆင်းထားတဲ့ "မူလဘူတ " မြေပိုင်ရှင်တွေ မဟုတ်ဘူး။

ဝေဿ မျိုး၊ သုဒ္ဒမျိုးတွေဟာ ခတ္တိယမျိုးတွေရဲ့ သမိုင်းကို ပြန်ပြောင်းပြောရင်း အမုန်းတွေ၊ မာနတွေနဲ့ ဂုဏ်ဆာကြ မျက်ရည်ချူကြတယ်။ သူတို့ဟာ စင်စစ်တော့ လူမျိုးတူ လူမျိုးကွဲ ဘယ် ဘုရင်တက်တက် ကျွန်တွေချည်းပဲ။

ဒါကို အနာဖေးခွါပြီး စမြုံ့ပြန်နေတာ ခေတ်နောက်ဆွဲတွေ ဖြစ်တယ်။ ထိုခေတ်က လူရာမဝင်တဲ့ ကျေးကျွန်မျိုးတွေဟာ ခုခေတ်မှာ  ဖျင်ခေါင်းကျယ်ကြတယ်။


The King of Pegu let burn his opponents in 1604 Afbeeldinghe in whatever manner and King of Pegu sijn Peers, Superiors income does burn The king of Pegu let a group of his peers with their wives and children shackles and burning alive, for treason. 1604.

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း