လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နဲ့ နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်ရှိပါသလား။

 လွှတ်တော်ကိုယ်စားလှယ်  ဦးဝင်းမြင့် နဲ့  နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ  ဖြစ်ခွင့်ရှိပါသလား။  နိုင်ငံတော်သမ္မတ တာဝန်ယူထားသူက လွှတ်တော်ကိုယ်စားလှယ်   ၊ နိုင်ငံ့ ဝန်ထမ်း ဖြစ်ရင် နိုင်ငံတော်သမ္မတ  ရာထူး မှ ပျက်ပြယ်ပါသလား

▪️ ပုဒ်မ ၆၀ ( ဂ ) အရ "  ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ် များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်" ဟု ပြဒါန်းထားတဲ့ အတွက်  ... လွှတ်တော်ကိုယ်စားလှယ်  (ဦးဝင်းမြင့်) ၊ သာမန်အရပ်သား ( ဦးထင်ကျော်) ၊ နိုင်ငံ့ဝန်ထမ်း ( မင်းအောင်လှိုင်) ကို  ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် နိုင်တယ်။ 

▪️ ပုဒ်မ ၆၀ ( င) အရ  " ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယ သမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊" ဟု ပြဒါန်းထားတဲ့ အတွက်  ...   ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က ဒုတိယ သမ္မတသုံးဦးအနက်  နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်  ဦးဝင်းမြင့် နဲ့  နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ  ဖြစ်ခွင့်ရှိပါတယ်။

သို့သော် ... သို့သော် ... 

▪️ ပုဒ်မ ( ၆၃) အရ " နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည် ဟု မှတ်ယူရမည် " ..... ဟု ပြဒါန်းထားတဲ့ အတွက်

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နှင့် တပြိုင်နက် ... ထိုနေ့ ထို့ အချိန် မှာ ............

ဦးဝင်းမြင့် ဟာ လွှတ်တော်ကိုယ်စားလှယ်   အဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပါတယ်။ မင်းအောင်လှိုင်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အလိုအလျောက် ပျက်ပြယ်ပါတယ်။ 

ဒါကြောင့် ....

ဦးဝင်းမြင့်ဟာ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ် 

 ဒုတိယသမ္မတ ဖြစ်သည်နှင့် စက္ကန့်မခြားပဲ  ဦးဝင်းမြင့်ဟာ ၂၀၁၅ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က အလိုလို ပျက်ပြယ်ပါတယ်။

❇️

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်   တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ် 

သို့သော် ... ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကျမ်းကျိမ်ခြင်း ၊ တာဝန် ထမ်းဆောင်ခြင်း မပြုရသေးပါ။ 

▪️  ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အဖြစ်သည် ၊ ၂၀၁၅ ရွေးကောက်ခံ  အစိုးရနှင့် မည်သို့မှ ပက်သက်ခြင်း မရှိပါ။  "၂၀၁၅ ရွေးကောက်ခံ သမ္မတ သည် ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်မရှိ " ဟု ကန့်သတ်ချက် မရှိ။ 

▪️ အကယ်၍   စစ်ဖွတ်အပေါင်းတို့က  ဖျင်ပိတ် ငြင်းခုန် ကြလျှင်လည်း .... 

ပုဒ်မ ( ၆၃) အရ  " နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည် ဟု မှတ်ယူရမည် " ..... ဟု ပြဒါန်းထားတဲ့ အတွက်

​"နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည် ဟု မှတ်ယူရမည် " .ဟု တိတိပပ ပြဒန်းထားသော ပုဒ်မ (၆၃) သည် ကျန် ပုဒ်မ များအပေါ် အလိုလို ချေဖျက် ပေးပါလိမ့်မယ်။

❇️   

ဦးဝင်းမြင့်က ၂၀၀၈ ခြေဥကို ချိုးဖောက်ခြင်း မရှိ။ မရှိသည့်အတွက် ကုလသမဂ္ဂမှာ  ဦးဝင်းမြင့်ဟာ မြန်မာနိုင်ငံတော်သမ္မတ ဖြစ်နေဆဲ ဖြစ်တယ်။ နိုင်ငံတကာ နဲ့ ကုလသမဂ္ဂဟာ စစ်ဖွတ်တွေလို ချီးဘရိမ်းတွေ မဟုတ်။ ဥပဒေကျွမ်းကျင်သူချည်း ဖြစ်တယ်။ 

​သမ္မတ ရူး နေသော မင်းအောင်လှိုင်အဖို့ ပုဒ်မ (၆၃) သည် ကာချုပ်ရာထူးကို အလိုအလျောက် ပျယ်ဖျက်ပေးမည့်  ခဲဖျက်ကြီး ဖြစ်တယ် ဆိုတာ သိကြစေ။

❇️   

၂၀ဝ၈ စစ်ကျွန်အခြေခံဥပဒေအရ ပြောခြင်း ဖြစ်တယ်။   ၁၉၄၈ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း   နှင့် ၁၉၇၆  နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး ဆိုင်ရာနိုင်ငံတကာ ပဠိဉာဉ်အရ ပြည်သူက ရွေးချယ်ထားတာ မဟုတ်တဲ့   အတွက်  မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့် မရှိဘူး

=== ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ===

၆၀။ (က) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် နိုင်ငံတော်သမ္မတကို တင်မြှောက်ရမည်၊

(ခ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည် - 

(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက် ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊

(၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်း ကောင်း ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ (၃) ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့။

(ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီကဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ် များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်၊

(ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ၊မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး များနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ရမည်၊

(င) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယ သမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊

( စ ) ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့်ဥပဒေကို ပြဋ္ဌာန်းပေးရမည်။

၆၁။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည်၊

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ် တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊ 

(ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ် ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရ၊ 

(ဃ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ကြားဖြတ်တာဝန်ယူရ သည့်ကာလကို ရာထူးသက်တမ်းတစ်ခုဟု မသတ်မှတ်ရ၊

(င) အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်း သည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

၆၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ။

၆၃။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည် ဟု မှတ်ယူရမည်။

------------

၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၂၁ မတ်လ တွင် တရားဝင် ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ CRPH  သည် ကမ္ဘာ့ အသိအမှတ်ပြု ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူမှ လွှတ်တော်၊ လွှတ်တော်မှ ကိုယ်စားပြုကော်မတီ သို့  ပြည်သူ့ဆင့်လွှဲ အချုပ်အခြာ အာဏာ အပ်နှင်းထားသော အဖွဲ့ဖြစ်ပါတယ်။

အောက်ဖော်ပြပါ အချက်များဟာ အင်္ဂလိပ်အစိုးရလက်ထက်မှ ယနေ့တိုင် တည်ဆဲ ဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁( ဃ) အရ နိုင်ငံတော်ပုန်ကန်မှု မြောက်သော အချက်များကို မှတ်တမ်းပြုစုထားခြင်းသာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား