အေးမောင်၊ ကိုကိုကြီး ၊ စိန်ဝင်း ကို ရှုတ်ချခြင်း။

အေးမောင်၊ ကိုကိုကြီး ၊ စိန်ဝင်း ကို ရှုတ်ချခြင်း။ မောင်မြင့်နဲ့ ငါးမင်းဆွေကို စကားထဲ ထည့်မပြောပါ။ အစပထမထဲက ပြည်သူ့ရန်သူ များဖြစ်တယ်။ အေးမောင်၊ ကိုကိုကြီး ၊ စိန်ဝင်း တို့ကျတော့ ပြည်သူကို ဦးဆောင်မယ့် ဒီမိုကရေစီ၊ အမျိုးသားရေး လိုင်းပေါ်က လာတယ်။ ပြီးတော့ စစ်ဘောမတွေ ဖြစ်နေတယ်။ သူ့တို့က ပြည်တွင်းမှာ နေရလို့ မအလစစ်တပ် ဖမ်းမှာ ကြောက်လို့ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောနေသလိုမျိုး ဟန်ပန်မူယာ လုပ်ကြတယ်။ ဒါပေမယ့် မျက်နှာဖုံးကွာကျတဲ့ အချက်က ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်။ မအလဟာ အရေးပေါ်ကာလ (၂) နှစ်ပြည့်လုဆဲဆဲ မှာ အဲဒီ (၅) ယောက်က ၂၀၀၈ ခြေပျက် ကို ကိုင်ပြီး ဆွေးနွေးကြတယ်။ သူတို့ အားလုံးဟာ ဥပဒေ ပညာရှင် ယောင်ယောင်၊ ဥပဒေလေးစားလိုက်နာ သူတွေ ယောင်ယောင် ဟန်လုပ်နေကြတယ်။ ဥပဒေ ပုဒ်မတွေ ကိုင်ပြောနေပေမယ့် .... မအလဟာ အခြေခံ ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်မှု ကျူးလွန်နေတာကို အစွန်း အစတောင် မပြောရဲဘူး - ရာဇသတ်ကြီး ပုဒ်မ ၁၂၁(ဃ)
သာမန်ပြည်သူက မပြောရဲရင် နားလည်ပေးလို့ရတယ်။ ပြည်သူကို ဦးဆောင်နေပါတယ်ဆိုတဲ့ ရခိုင့် ဦးဆောင် အေးမောင်၊ ပြည်သူ့ ကိုကိုကြီး ၊ လယ်သမားအခြေခံ စိန်ဝင်း ဆိုတဲ့ ...လူတွေက ဥပဒေ အမှန်တရားကို မပြောရဲတာ အင်မတန် ရှက်စရာ ကောင်းတယ်။ ပြည်သူ့ဆီက ဆန္ဒမဲတွေ လိမ်ညာယူကြသူတွေပဲ ဖြစ်တယ်။ ပြည်သူ့ကိုယ်စား ပြောပေးမလား ထင်မှတ်မိခဲ့တယ် ... အလကား ဖွတ်ကျားတွေ ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြည်ညိုတာ ဥပဒေကျကျ ပြောရဲတဲ့ ဒီအချက်ပဲ။

တိတိကျကျ ပြဒါန်းထားတဲ့ ပုဒ်မတွေကိုတောင် ( မအလ ချိုးဖောက်နေတာကို ) စကား တတ်လှတဲ့ အေးမောင်နဲ့ ကိုကိုကြီး မပြောရဲဘူး။ ဒီ ၂ ယောက်က စကားအရာမှာ ဝါးခြမ်းကို ဝါးလုံးဖြစ်အောင် ပြောတတ်တယ်။ ဒါပေမယ့် ( မအလ ကို နိုင်ငံတော် ပုန်ကန်မှု အထိ မပြောဝံ့ရင်တောင်၊ ဘယ် ပုဒ်မတော့ မညီညွတ်ဘူး ထင်တယ်နော် ) ဆိုတာလောက်တော့ ပြောရဲသင့်တယ်။
မအလ ဖမ်းမှာကြောက်လို့ မပြောရဲဘူး ဆိုရင်လည်း ( တခွန်းမှ မပြောပဲ ခေါင်းရှောင်နေသင့်တယ်။ ) မအလ အာဏာသိမ်းတာ ၂ နှစ် ပြည့်လို့ ကာ/လုံကို အာဏာအပ်ရမယ်လည်း ဆိုရော ... ဒီ စားဖားကြီးတွေဟာ မိုးဦးကျ ဖားခုံညင်းတွေ အုံ့အင်သံပေးကြတယ်။ အသံကလည်း တသံထည်း ထွက်လာတယ်။
ပထမဆုံး မောင်မြင့်က ပုဒ်မ ၄၂၁ ပါ " နိုင်ငံတော် သမ္မတသည် ကာ/လုံနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တကြိမ်လျှင် ၆ လအထိ ၂ ကြိမ် တိုးမြှင့်နိုင်သည်။ " ဆိုတဲ့ ပုဒ်မက " သာမန်အားဖြင့် " ဆိုတဲ့ စကားရပ်ကို အစဆွဲ ထုတ်ပြီး ​ ပြောတယ်။ သူ့နောက်က ငါးမင်းဆွေ၊ အေးမောင်၊ ကိုကိုကြီး ၊ စိန်ဝင်း က တစီတတန်းကြီး ဒီ အချက်ကိုပဲ နောက်လိုက်ပီသစွာ အင်တာဗျူး ပေးကြတယ်။
ပြည်သူလူထု ကို ဥပဒေ ပညာပေးချင်ရင်၊ ဥပဒေအကြောင်း ရှင်းပြချင်ရင် ... ဥပဒေကို ဟောဒီလို အစီအစဉ်ကျကျ ပြောရမယ်
▪️ မြင့်ဆွေဟာ ယာယီ သမ္မတ ဖြစ်တယ်။ ယာယီ သမ္မတ သက်တမ်းဟာ (၂၁) ရက်ပဲရှိတယ် - ပုဒ်မ ၇၃(င) ။ အခု (၂) နှစ် ဖြစ်နေပြီ။ သက်တမ်းလွန်သွားတဲ့အတွက် မြင့်ဆွေဟာ ယာယီ သမ္မတ မဟုတ်တော့ဘူး။
▪️ မြင့်ဆွေဟာ ဒု-သမ္မတ ဖြစ်တယ်။ ဒု-သမ္မတဟာ အရေးပေါ်အခြေအနေ ကြေညာခွင့် မရှိဘူး ၊ ထပ်တိုးခွင့်လဲ မရှိဘူး - ပုဒ်မ ၄၁၇။
▪️ ကာ/ လုံကို နိုင်ငံတော် သမ္မတက ဦးဆောင်ပြီး ကျင်းပရမယ် - ပုဒ်မ ၂၀၁ ။ မြင့်ဆွေဟာ ဒု-သမ္မတ ဖြစ်လို့ ကာ/လုံ ခေါ်ခွင့် မရှိဘူး။ မြင့်ဆွေ ကာ/လုံဟာ တရားမဝင်ဘူး။
▪️နိုင်ငံတော် သမ္မတကို ပြည်ထောင်စု လွှတ်တော်ကပဲ ဖြုတ်ချခွင့် ရှိတယ် - ပုဒ်မ ၇၁။ ဖမ်ဆီးးခွင့်မရှိဘူး - ပုဒ်မ ၂၁၅ ။ ဒါကြောင့် အကျဉ်းချထားတဲ့ ဦးဝင်းမြင့် တဦးထဲပဲ ကာ/လုံ ခေါ်ခွင့်ရှိတယ်။
▪️ နိုင်ငံတော် သမ္မတက ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်ရတယ် - ပုဒ်မ ၃၉၈(က) ။ မအလ ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် သိန်းစိုးကို ခန့်အပ်တာ တရားမဝင်ဘူး။ မအလ နဲ့ သိန်းစိုး ထုတ်ပြန်တဲ့ ဥပဒေ၊ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း တရားမဝင်ဘူး
▪️ ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် စကစ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ စကစဟာ သူကိုယ်တိုင် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာအပ်မယ် လို့ မျက်နှာပြောင်တိုက် ပေါ်တင်ပဲ ကြေညာထားတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေ (၂) နှစ် နောက်ပိုင်း မှသည် ... ရွေးကောက်ပွဲ ကျင်းပပြီးသည် အထိ ( ကာလုံ ကို အာဏာမအပ်ပဲ) သံသရာဆွဲဆန့်ပြီး. .... စကစ က အုပ်ချုပ်ဦးမယ် ဆိုတာပဲ။ ဒါဟာ PDF မပေါ်ခင်ထဲက တင်ကူး ကြံစည်ချက် ဖြစ်တယ်။ ထိုစဉ်က မအလဟာ လူတိုင်းစေ့ မှတ်ပုံတင် မရသေးလို့ ဆောင်ရွက်ရန် ကျန်သေးဟူသော ဆင်ခြေကို ကြိုတင် စကားဦးသန်းခဲ့တယ်။


စကစဟာ အရေးပေါ်အခြေအနေ (၂)နှစ်  ပြီးနောက် သာမန် အခြေအနေ မဟုတ်ဘူး လို့ ကြေညာတယ်။ သာမန် မဟုတ်လို့ အရေးပေါ် ကြေညာပြီးခါမှ သာမန် မဟုတ်ဘူး လို့ ဆိုပြန်တော့ ကူလားကြီးနဲ့ အရာကြီး အတူတူပါပဲ။ "အရေးပေါ်" ဆိုသော ဝေါဟာရ ကိုယ်တိုင်က " သာမန်မဟုတ်ခြင်း" ပဲ ဖြစ်တယ်။  သာမန်အရေးပေါ်၊ စပယ်ရှယ် အရေးပေါ် ရယ်လို့ မရှိဘူး

"သာမန်မဟုတ် အရေးပေါ်၊  ၁ နှစ် ၆ လတွေ " ဖာစကား ခြင်းကြားရေယို  စကားများနေကြတယ်။။ ချီးပုံထဲ ငရုပ်ဖတ်ရှာနေကြတယ်။။   အခြေခံပုဒ်မတွေ ချိုးဖောက်ပြီးမှတော့ .. မအလ လုပ်သမျှ ဘာမှ ဥပဒေနဲ့ မညီ၊ တရားမဝင်ဘူး။
မအလ အာဏာ ဆက်လု / ဆက်ခိုးဖို့  ရေလာမြောင်းပေး ပြောနေသူတွေဟာ ဥပဒေကို ဝါးခြမ်းက ဝါးလုံးဖြစ်အောင် လီဆည် ပေးနေတဲ့ ဘောမတွေ ဖြစ်တယ် ..  ဥပဒေပြု လွှတ်တော်ထဲ ဝင်ရောက်အရွေးခံချင်ကြသူတွေဟာ ဥပဒေ ရဲ့ အုပ်ချုပ်ရေး rule of law ကို လေးစားပြီး ဥပဒေပြဒါန်းချက်ကိုတောင် အမှန်အတိုင်း မပြောရဲကြဘူး ။ မပြောရဲလည်း ပါးစပ်ပိတ် မနေဘူး။ ဘောမဖို့ အကွက်ရရင် ချက်ချင်းပဲ ဖားအော်သံထွက်လာတယ် ဒီလိုလူတွေဟာ အနာဂတ် လွှတ်တော်နိုင်ငံရေးနဲ့ မထိုက်တန်ဘူး။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား