SSSP ဒုဗိုလ်မှူးကြီး စိုင်း နဲ့ မေးမြန်းခြင်း။

SSSP  ဒုဗိုလ်မှူးကြီး စိုင်း  နဲ့ မေးမြန်းခြင်း။
(သရော်စာ)
မေး။   စကစ နဲ့ ဘာတွေ ဆွေးနွေးသလဲ ...
စိုင်း ။  ၂၀၀၈ အခြေခံဥပဒေ ပြင်ဖို့ ....

မေး။   ဘယ်ပုဒ်မတွေ ပြင်မှာလဲ...
စိုင်း ။   မသိသေးဘူး၊ လွှတ်တော်ခေါ်ပြီးမှတဲ့ ...

မေး။   လွှတ်တော်ခေါ်တော့ SSPP တက်မှာလား...
စိုင်း ။   EAO တွေက တက်လို့ မရဘူးလေ ...

မေး။  အဲဒီတော့ ၂၀၀၈ ခြေဥကို ဘယ်လို ပြင်မှာလဲ...
စိုင်း ။    ကျနော်တို့  ဖြစ်စေချင်တာ လာပြောတာ ...

မေး။  ဘာဖြစ်ချင်တာလဲ ...
စိုင်း ။   ဗမာပြည်နယ် ဖွဲ့စေချင်တာ ...

မေး။   SSSP က ဗမာလား ...
စိုင်း ။   မဟုတ်ဘူး။ ရှမ်းပါ။ ...

မေး။   ဘာလို့ ဗမာပြည်နယ် ဖွဲ့စေချင်တာလဲ ...
စိုင်း။   ဗမာပြည်နယ်ဖွဲ့မှ ဖက်ဒရယ် ဖြစ်မှာဗျ ...

မေး။   ဗမာပြည်နယ် ဖွဲ့ဖို့ မအလက သဘောတူသလား ...
စိုင်း။  သဘော မတူဘူး ...

မေး။  မအလ သဘောမတူတော့ ဘာလုပ်မလဲ ...
စိုင်းဆု။  ဘာမှ လုပ်မရဘူး။ ဆက်ပြောနေရင် ငါ့ကို ထ, ထိုးလိမ့်မယ် ...

မေး။   ဗမာပြည်နယ် ဖွဲ့ဖို့ ဘယ်တုန်းက ပြောတာလဲ...
စိုင်း။   အရင် တွေ့ဆုံပွဲတုံးက ပြောတာ ...

မေး။   အဲဒါဆို အခု ဘာလာ လုပ်တာလဲ ...
စိုင်း။  အဲ  ...

မေး။   မအလ လုပ်မယ့် ရွေးကောက်ပွဲကို သဘောတူသလား ...
စိုင်း။  EAO တွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဗျ ...

မေး။   မအလက ရွေးကောက်ပွဲ လာလုပ်ရင် လုံခြုံရေး ယူပေးမလား ...
စိုင်း။  လုပ်တာ လုပ်ပါ။ ရဲတွေ စစ်သားတွေ လာတာ မကြိုက်ဘူးဗျ ...

မေး။   လက်ရှိ နိုင်ငံရေးကို ဘာပြောချင်သလဲ ...
စိုင်း။   နိုင်ငံရေး နည်းနဲ့   အဖြေရှာစေချင်တယ် ...

မေး။   စကစ နဲ့ NUG ကို ဘာပြောချင်သလဲ ...
စိုင်း။  ကျနော်တို့ ကြားနေပါလို့ ...

မေး။   ကြားနေရင် ဘာလို့ နေပြည်တော်လာသလဲ ...
စိုင်း။  အဲ ...

မေး။   PDF တွေကို ဘာပြောချင်သလဲ ...
စိုင်း။  လက်နက်ကိုင် ပြီး အဖြေရှာတာ မကောင်းဘူးလို့ ...

မေး။   SSPP က ဘာလို့ လက်နက်ကိုင်သလဲ ...
စိုင်း။  အဲ...

မေး။   တတိယအကြိမ် အထိ မအလနဲ့ ဆွေးနွေးတာ ဘာရသလဲ ...
စိုင်း။  ဘာမှ မရဘူး။ လူချင်း ရင်းနှီးတာပေါ့

မေး။   မအလ နဲ့ လူချင်းရင်းနှီးတော့ လက်တွေ့ ဘာဖြစ်သလဲ  ...
စိုင်း။  မအလက ငါတို့ကို လာ မတိုက်ဘူး၊ ငါ့တို့ အေးဆေး အဝှာလုပ်လို့ရတယ်

မေး ။ အဝှါ ဆိုတာ ဘာလဲ...
စိုင်း။  😡😡😡😤

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား