NUG ဟာ အစိုးရဖြစ်တယ်။ PDF ဟာ အစိုးရတပ် ဖြစ်တယ်။

" NUG ဟာ သူပုန်မဟုတ်ဘူး။ အစိုးရဖြစ်တယ်။ PDF ဟာ အစိုးရတပ် ဖြစ်တယ်။ အစိုးရတပ်တခုဟာ နယ်မြေ စိုးမိုးရေးအတွက် စစ်ရေးဆောင်ရွက်တာ ပုံမှန်ကိစ္စပဲ။ စကစဟာ လက်နက်ကိုင် အကြမ်းဖက်ပြီး နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ထားတဲ့ သူပုန်တပ်ဖြစ်တယ်။ အစိုးရတရပ်ဟာ သူပုန်ကို နှိမ်နင်းတာကို လက်နက်ကိုင် လမ်းစဉ်ဆိုတဲ့ အသုံးအနှုန်းနဲ့  မေးခွန်းထုတ်တာဟာ တမင် နာမ်နှိမ်ပြောတာဖြစ်တယ်။



အစိုးရတခုဟာ အနုနည်း၊ အကြမ်းနည်း သင့်လျော်သလို သုံးကြတာပဲ။ နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်း လည်း သုံးတယ်။ စစ်ရေးနည်းလည်း သုံးတယ်။ နိုင်ငံရေးနည်းလမ်းပဲ လုပ်ရမယ်လို့ ကန့်သတ်ချက် မရှိသလို၊ အစိုးရတရပ်ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်တာ ဘာတခုမှ မလုပ်ဘူး

ပြည်သူတွေ လက်နက်ကိုင်တာ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဥပဒေအရ လုပ်နေကြတာ ဖြစ်တယ်။ သမတကြီးလည်း စစ်ကြေညာထားတယ်။ ဥပဒေဘောင်ပြင်ပက လုပ်ကိုင်သူတွေရှိ ရင် အရေးယူရပါမယ်။ 

" ဒေါ်အောင်ဆန်းစုကြည်ကို သူပုန်တပ်က ပြန်လွှတ်လိမ့်မယ်လို့ မျှော်လင့် မထားဘူး။ လွှတ်ပေးရင်လည်း  ဒေါ်အောင်ဆန်းစုကြည်ဟာ rule of law ကို အဓိကထားသူ ဖြစ်လို့ စစ်တပ် ပုန်ကန်မှုကို ကျုးလွန်သူတွေကို အရေးယူဖို့က ပထမ ဦးစားပေး ဖြစ်လိမ့်မယ်။ 

အမျိုးသားရင်ကြားစေ့ရေး ပြည်သူ အချင်းချင်း ၊ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒါကို လုပ်ဆောင်မှာ သေချာတယ်။ 

၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ဆင့်လွှဲ အာဏာ ရှိပေမယ့် အကောင်အထည် မဖော်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ mandate ရပေမယ့် ပေးအပ်တဲ့ တာဝန်ကို မယူ ခဲ့ဘူး။ တာဝန်မခံခဲ့ဘူး။

 ၂၀၁၅ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ဆင့်လွှဲ အာဏာကို  တာဝန်ယူထားတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်က ဖြစ်စေ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်က ဖြစ်စေ၊   နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ယူထားတယ်

ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် အရင်လို လက်ဗလာနဲ့ မဟုတ်ဘူး။ နိုင်ငံတော် အတိုင်ပင်ခံ တာဝန်ကို ချက်ချင်း ထမ်းဆောင်ရမယ်။  

ကုလသမဂ္ဂက ဦးဝင်းမြင့်နဲ့ သူမကို " နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ " အဖြစ် အသိအမှတ်ပြု နေသရွေ့ ( ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ကြည့်ပါ) ၊ မအလ စီစဉ်သမျှ ဘယ်ဟာမှ တရားမဝင်ဘူး။ PR ရွေးကောက်ပွဲလည်း တရားမဝင်ဘူး။ စောမောင် သန်းရွှေ လက်ထက်လို "အာဏာ ဟာကွက် ဖြစ်နေတဲ့ အထဲ ဝင်တိုးလို့ ရတဲ့ "အခြေအနေမျိုး မအလ မှာ မရှိဘူး။

" အစိုးရကို ဖျက်သိမ်းပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်သိမ်းပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို  အပေါ် အခြေတည်ထားတဲ့ ၂၀၂၁ ပြည်ထောင်စုလွှတ်တော်၊ CRPH ၊ NUG အစိုးရ၊ အစိုးရတပ် PDF ကို ဖျက်သိမ်းပါတယ်၊ မအလ လုပ်သမျှ လက်ခံပါတယ် " လို့  ပြောပြီး သူတကာ တံတွေးခွက်ထဲ ခုန်ချမယ့် သူ မဟုတ်ဘူး။ Rule of Law အရ ဖျက်လို့ လည်း မရဘူး။ သိကြားမင်းဖျက်လည်း မပျက်ဘူး။

အမေရိကန် ပြည်သူတွေရဲ့  mandate နဲ့ CRPH၊ NUG ၊ PDF ကို တရားဝင် အဖွဲ့အစည်းတွေ အဖြစ် ဥပဒေပြဒါန်းထားတယ်။ အဲဒီ ဥပဒေဟာ ၂၀၂၇ အထိ တည်မြဲနေတယ်။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား