မြန်မာ့ရိုးရာ မျက်နှာဖုံးစွပ်အက

၂၀၀၈ ခြေဥအောက်က ဘဝဟာ ကြက်ခြင်းထဲက ကြက်ပဲ ဆိုတာ သိလို့ ... ၂၀၁၂ ထဲက နာမည်ရင်းနဲ့ ဖေ့ဘုတ်အကောင့် မသုံးခဲ့ဘူး ..  ဒါကို မသိတဲ့ လူတွေက " အကောင့်တု နဲ့ ရေးရင်ပဲ သတ္တိမရှိသလို " စစ်ဖွတ်တွေ လေသံ လိုက်ပြောကြတယ်။ အဲ့လိုပြောတဲ့ လူအများစုဟာ လိုင်းပေါ်မှာ မရှိတော့ဘူး 😄😄 အကောင့်တု နာမည်တွေ များလွန်းလို့ မေ့နေတယ်။ နာမည်များတာ ဖေ့ဘုတ်ကြောင့်ပါ။ နာမည်တူ အကောင့်သစ် ဖွင့်မရလို့ အသစ်တွေ ရွေးရင်း ဖောင်းပွနေတာပါ .. စာအရေးအသားကို ဖတ်ဖူးသူတိုင်း ဘယ်အကောင့်ပျက်လို့ ဘယ်အကောင့်မှာ ရေးနေပြီဆွာ ရိပ်မိိိနိုင်ပါတယ် 



မြန်မာ့ရိုးရာ မျက်နှာဖုံးစွပ်အက ရှိခဲ့ဖူးတယ် ..  ဒီအကရဲ့ သမိုင်းကို လေ့လာဖို့ လိုတယ် .  ဇင်းမယ်ဟာ မြန်မာပိုင် ဖြစ်ခဲ့တုန်းက မြန်မာမြို့စားမင်းသား တီထွင်ခဲ့တယ် လို့ ဆိုတယ် ..  တီထွင်တာ ဟုတ်ချင်မှ ဟုတ်မှာပါ အခြားက ကူးချတာလည်း ဖြစ်နိုင်တယ် .. ဘာပဲဖြစ်ဖြစ် " မြန်မာမျက်နှာဖုံးစွပ်အက " ဆိုပြီး ယနေ့ထိ ရှိနေတယ် ..  မြန်မာတွေ မသိတဲ့ မြန်မာ့ယဉ်ကျေးမှု ပါ။

အဲဒီ ယဉ်ကျေးမှုကို ဖေ့စဘုတ်ပေါ်မှာ စတင်ကြရအောင် ..  မြန်မာ့ရိုးရာ မျက်နှာဖုံးစွပ် က, ကြရအောင် ..  ကိုမင်းကိုနိုင်ရဲ့  သံစုံတီဝိုင်း ကြီးနဲ့ က , ကြရအောင်  .. "အကုန် ထ, ကြ၊ အကုန် ထ, က "


...............

တော်လှန်ပြည်သူတစ်ယောက် … တော်လှန်အကောင့်တစ်ခု — မရွှေမိုး-ကိုရီးယား
♥️
အကြမ်းဖက်စစ်ကောင်စီရဲ့ (ကကကွန်)က အမိန့်၊ ငွေကြေး၊ လူအင်အားတွေကိုသုံးပြီး လူမှုကွန်ယက်တွေကို လွှမ်းမိုးဖို့ ကြိုးစာနေပြီ။
လူမှုကွန်ယက်တွေကို ကျမတို့ ပြန်လုရမယ်။ဒါ့ကြောင့် ကျမတို့ One Person One Account Campaign လုပ်မှဖြစ်တော့မယ်။ ဒါဟာ လူမှုကွန်ယက်ကို ပြန်လည်စိုးမိုးရေးလှုပ်ရှားမှုဖြစ်ပါတယ်။
‘ပြည်သူ့အသံ’ ကိုကြောက်တဲ့ စစ်အုပ်စုဟာ တော်လှန်ရေးအစပိုင်းမှာ တော်လှန်ရေးမှာတစ်နည်းနည်းနဲ့ပါဝင်ကြတဲ့ Facebook Account တွေကို တန်းစီ Print ထုတ်ပြီး အမှုဖွင့်၊ဖမ်းဆီး၊စစ်ကြောရေးမှာနှိပ်စက်၊ ထောင်ချခဲ့ကြတယ်။
ဒီလို ဖိစီးနှိပ်စက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ Facebook Account Lock ချတာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေ မတင်တော့တာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေကို မ Share ရဲတော့တာ၊ Like မလုပ်ဖြစ်တော့တာ၊ Comment မရေးတော့တာတွေ ဖြစ်လာခဲ့တယ်။
ဒါတွေရဲ့ အကျိုးဆက်အဖြစ် လူမှုကွန်ယက်တွေမှာ တော်လှန်ရေးဆိုင်ရာ ပို့စ်တွေ တော်တော်လေးနည်းလာတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
NUG က ၂၀၂၃ ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” လို့ သတ်မှတ်ပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမယ့်အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ အသံ တလောကလုံးမှာ ပြန်ပြီး လျှံတက်ဆူညံလာစေရမယ်။
▪️ကိုယ်နှစ်သက်တဲ့ အခြားနာမည်တစ်ခုနဲ့ Facebook အကောင့်သစ်တစ်ခုဖွင့်ကြမယ်။
▪️အပြင်ထွက်ရင် ယူမသွားတဲ့ ဖုန်းတစ်လုံးနဲ့သုံးမယ်။
▪️အသုံးပြုတဲ့အခါတိုင်း VPN ခံသုံးမယ်။
▪️တော်လှန်ရေးဆိုင်ရာ ပို့စ်တွေကို အရင်လိုပဲပြန်တင်ကြမယ်၊ Like တွေပြန်ပေးမယ်၊ Share လုပ်ကြမယ်။
▪️ဒီသတင်းစကားကို သူငယ်ချင်း (၅) ယောက်ဆီ လျှို့ဝှက်ပြီး ပို့ကြမယ်။
အခုပဲ စလိုက်ကြရအောင်ပါ။
“မီးလျှံကြားက ဖီးနစ်ငှက် ပြန်လည်ရုန်းထပျံတက်သလိုမျိုး လူမှုကွန်ယက်တွေကို ပြန်စိုးမိုးကြပါစို့”
စစ်ခွေးနိဂုံး— နှစ်ထောင့်နှစ်ဆယ့် |||
အရေးတော်ပုံ အောင်ကိုအောင်ရမည်။
မရွှေမိုး-ကိုရီးယား
January 1st,2023.


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား