NLD အစိုးရဟာ စစ်တပ်အပေါ် အမိန့်ပေးလို့ မရပါဘူ

၂၀၁၅- ၂၀၂၀ ကာလအတွင်း NLD အစိုးရဟာ စစ်တပ်အပေါ် အမိန့်ပေးလို့ မရပါဘူး။ " ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးလို့ ဘာလုပ်တယ် " ၊ " သမ္မတက အမိန့်ပေးလို့ ညာလုပ်တယ်" ဆိုတာတွေရဲ့ နောက်ကွယ်မှာ  အမွှေဇယားတွေ ရှိတာ သေချာပါတယ်။ 

ဘာကြောင့်လဲ ဆိုတော့...  ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ  " ၂၀။ ( ခ ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်" လို့ ပြဒါန်းထားတဲ့အတွက် ... 

▪️ ရဟတ်ယာဉ် သုံးတာ မသုံးတာ သမ္မတ မကလို့ သီတဂူက ပြောပြော ... မအလပဲ နောက်ဆုံး ဆုံးဖြတ် အမိန့်ပေးတာပဲ။ ဦးဝင်းမြင့်က ရဟတ်ယာဉ် မသုံးနဲ့ ပြောလည်း မအလ သုံးရင် ဘာမှ မတတ်နိုင်ဘူး။ သီတဂူက ရဟတ်ယာဉ်သုံးစမ်းကွာ လို့ ပြောလည်း မအလ မသုံးရင် ဘာမှ မတတ်နိုင်ဘူး။

" ပုဒ်မ ၂၀။  (ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်" လို့ ပြဒါန်းထားတဲ့ အတွက် .... 

▪️ စစ်တိုက်ဖို့ ၊ စစ်ရပ်ဖို့ အမိန့်ဟာ မအလ လက်ထဲမှာသာ ရှိတယ်။ နိုင်ငံတကာ စံနှုန်းက သမ္မတဟာ စစ်သေနာပတိချုပ် ( ကာချုပ်) ဖြစ်ရမှာ ဖြစ်ပေမယ့်၊ ၂၀၀၈ ခြေဥမှာ မအလမှာသာ တာဝန်ရှိတယ်။ ဒါကို နားမလည်ရင် သမ္မတ အမိန့်ပေးလို့ တိုက်တယ်လို့ အထင်မှားကြတယ်။ တချို့ကလည်း NLD ကို နဂိုမုန်းစွဲရှိလို့ နားမလည်ချင်ယောင်ဆောင်ပြီး ထိုးချကြတာပါ။

" ပုဒ်မ ၃၃၈။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှု အောက်တွင်ရှိရမည်။" လို့ ပြဒါန်းထားတဲ့ အတွက် ....

▪️ စစ်တပ်သာမက ရဲတပ်ဖွဲ့ကလည်း မအလ လက်အောက်မှာပါ။ "ရဲက ပစ်ခတ်လို့ ဘယ်မြို့မှာ ဘယ်နှစ်ယောက် ​ေtay တယ်။ NLD အစိုးရမှာ တာဝန်ရှိတယ် " လို့  ပြောသူတွေဟာ - မအလကို တိုက်ရိုက် မပြောဝံ့လို့ - မအလ အပြစ်ကို ဖုံးကွယ်ပေးဖို့  - NLD ကို လူအထင်လွဲစေဖို့ စေတနာဆိုးတွေနဲ့ ပြောကြတာ ဖြစ်တယ်။ 

" ပုဒ်မ  ၃၄၃။ စစ်ဘက်တရားစီရင်ရာတွင် - (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။" လို့ ပြဒါန်းထားတဲ့ အတွက် ....

▪️ စစ်ရာဇဝတ်မှုတွေ G နိုစိုက် အမှုတွေအတွက် စစ်တပ်ရဲ့ ကျူးလွန်မှု မအလက တရားစီရင် ဆုံးဖြတ်ရမှာ ဖြစ်တယ်။ " မြန်မာစစ်တပ်မှာ သီးခြား တရားစီရင်ရေး ရှိပါတယ်၊ အရပ်ဘက် တရားရုံးက ပြုလုပ်ခွင့် မရှိပါ" လို့ ICJ မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်ပေးတာ ဒီပုဒ်မ ကို ကိုးကားတာပါ။ ဒါကြောင့် မအလဟာ စိတ်ဆိုးပါတယ်။ 

" ပုဒ်မ ၆။ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။ ၃၃၉။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်" လို့ ပြဒါန်းထားတဲ့ အတွက် ....

▪️ တနိုင်ငံလုံးမှာ စစ်တပ် ကျူးလွန်သမျှ စစ်ပွဲတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် မအလမှာသာ တာဝန်ရှိတယ်။ ကျူးလွန်သမျှ အပြစ်တွေကို ထမင်းရေပူလာ လျှာလွှဲပြီး ပုံချခံရတာက NLD အစိုးရ ဖြစ်တယ်။ "အရပ်သား အစိုးရက မည်မျှပင် ငြိမ်းချမ်းရေး လိုလားပါစေ၊ မအလ လုပ်ချင်တာ လုပ်မယ် " ဆိုတဲ့  ဒီလို မင်းမဲ့ စရိုက် စာအုပ်ကြီးကို ဖက်တွယ်ကြဦးမလား ။ NLD အစိုးရ သာမက သိန်းစိန် အစိုးရတုန်းကလည်း မအလ ကဖျက်ယဖျက် လုပ်ခဲ့တာကို ဟန်လေးရဲ့ ကာတွန်းတခုမှာ သမိုင်းသက်သေကျန်ရစ်ပါတယ် 

" ဥပဒေ စာအုပ်တွေ ငါတို့ မဖတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၊အစိုးရ အမိန့်မပေးပဲ စစ်တပ်က ဘယ်လုပ် မလဲ " ဆိုတဲ့ နဂို ရိုးအသူတွေ၊ ရူးချင်ယောင်ဆောင်နေသူတွေဟာ ၂၀၂၁ အလွန် မှာ ဒီစကားကို ထပ်မံ မပြောသင့်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့

▪️ စစ်တပ်က သမ္မတ ၊ အတိုင်ပင်ခံ ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အမတ်များကို တန်းစီ ဖမ်းပြီး ထောင်ထဲ ပစ်ထည့်လိုက်တဲ့ ဖြစ်ရပ်ကြီးက စစ်တပ်ကို အစိုးရက အမိန့်ပေးနိုင်သလား၊ မအလက အမိန့်ပေးနိုင်သလား  အဖြေက ဘွားဘွားကြီး ပေါ်ထွက်နေလို့ပါပဲ။

" AA ကို အကြမ်းဖက်အဖွဲ့ ကြေညာတာ စစ်တပ်လား ၊ NLD အစိုးရလား " ဆိုတဲ့ အနီး သမိုင်း ဖြစ်စဉ်တခုကို  မဝေဖန် မပိုင်းခြားတတ်ဘူး ဆိုရင် ၊ အဝေးသမိုင်း ဖြစ်စဉ်ကို ပိုလို့တောင် အမှားအမှန် မဝေဖန်တတ်မှာ သေချာတယ်။ 

▪️ AA ကို အကြမ်းဖက် တံဆိပ်ကပ်ဖို့ ဘယ်လို တပ်မတော်သတင်းစာရှင်းပွဲတွေ နဲ့  စတင်ပြီး၊ ဘယ်လို  NCA (၄) နှစ်ပြည့် ညီလာခံမှာ မအလက ဟိန်းဟောက်တယ်၊ ဘယ်လို ကာချုပ် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲ အဆိုတင်တယ်၊ ဘယ်လို မအလ လက်ကိုင်ဒုတ် ယခင်နဲ့ ယခု ပြည်ထဲရေးဝန်ကြီး စိုးထွဋ် က ကြေညာတယ် ဆိုတာ ရက်စွဲ စဉ်သမိုင်း ဗီဒီယိုက သက်သေပြနေပါတယ်။

👉 https://www.facebook.com/ThePeopleUnion/videos/324378383112457/





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား