ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင်

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင် ...

( NUG တွေ PDF တွေ အသာထားဦး၊ ) ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် အကြီးမားဆုံး ပြဿနာက  Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ဖြစ်တယ်။ 

လူအများစုဟာ " ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ပြီး ရင်ကြားစေ့တယ် " လို့ အပေါ်ယံ ပြောဆိုနေကြတယ်။

(၁) ဒေါ်အောင်ဆန်းစုကြ
ည် လွှတ်တော်လမ်းကြောင်းကို ရွေးတဲ့အခါ အရေးကြီးဆုံး စကားတခွန်းကို အမြဲပြောတယ်။ အဲဒါ Rule of Law ပဲ။ အဲဒီမှာ လူအများစု က နဝေတိမ်တောင် ဖြစ်ရပြန်တယ်။
 


Rule of Law ကို တရားဥပဒေစိုးမိုးရေး လို့ အလွယ်တကူ မြန်မာဘာသာပြန် ကြတယ်။ ၂၀၀၈ အခြေခံဥပဒေ စိုးမိုးရေးလို့ ထင်ကြတယ်။ ဒီနိုင်ငံမှာ အဲဒီ သောက်တလွဲ ဝေါဟာရတွေ ရှင်းရတာ အလုပ်တခု။

(၂) ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အမျိုးသားရင်ကြားစေ့ရေး ..
ရည်ရွယ်ချက်က-
"တိုင်းရင်းသား အချင်းချင်း ရင်ကြားစေ့ရေး၊ စစ်တပ်အချင်းချင်း ရင်ကြားစေ့ရေး "ဖြစ်တယ်။

ပြသနာ ပထမအရင်းခံက မအလစစ်တပ် ဖြစ်တယ်။ ဒုတီယ က EAO တွေ ဖြစ်တယ်။ မအလစစ်တပ် "EAO တွေရှိလို့ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်နေရတယ် "လို့  အကြောင်းပြတယ်။


လက်နက်ကိုင်အဖွဲ့တွေမရှိမှ တပ်မတော်က နိုင်ငံရေးကနေ ထွက်သွားမည်
https://www.rfa.org/burmese/news/military-press-conference-02232019080422.html

အဲဒီ လက်နက်ကိုင် ပြဿနာက ရှေ့တန်းရောက်ပြီး၊ တကယ်ဖြေရှင်းရမယ့် ဖက်ဒရယ်ရေး ဒီမိုကရေစီက နောက်တန်းရောက်နေတယ်။ ၁၉၄၇ ပင်လုံညီလာခံမှာ စစ်တပ်တွေ တခုမှ မပါဘူး။ ၂၁ ပင်လုံညီလာခံမှာ လနကတွေပဲ ကြီးစိုးနေတယ်။ တရသ ပြည်သူကိုယ်စားလှယ်တွေက အရံခုံ မှာ ထိုင်ရတဲ့ လူတွေဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ " မအလစစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်တွေပါ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း ကို လိုက်နာကြရင်  ရင်ကြားစေ့ပေး" လို့ ရနိုင်ကောင်းရဲ့ ဆိုပြီး "ပွဲစား" ဝင်လုပ်တယ်။ သူမဟာ "၂၀၀၈ ခြေဥကို ပြင်ဆင်မယ်။ Rule of Law ဥပဒေရဲ့ အုပ်ချုပ်ခြင်း နဲ့  ထိန်းချုပ်ထားရင် မအလစစ်တပ်ဟာ အာဏာပြန်မသိမ်းတန်ကောင်းရဲ့ "လို့ ယုံကြည်တယ်။ 

၂၀၂၁ ဖေ ၁ လည်းရောက်ရော မအလတပ်က rule of law ကို ရိုက်ချိုးပြီး အာဏာသိမ်းလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မူမဲ့ ရင်ကြားစေ့တာ မဟုတ်။ မူမဲ့ သင်ပုန်းချေ
တာ မဟုတ်။ 

ဒီနေရာမှာ rule of law  ဆိုတာ ( အုပ်စိုးသူက စိတ်ကြိုက် ဥပဒေတွေ ထုတ်၊ အုပ်စိုးခံက မတရားလည်း အတင်းအကြပ် လိုက်နာကြ ၊ အုပ်စိုးသူ အလိုကျ ရေးချင်တာ ရေး၊ ပြင်ချင်တဲ့အခါ ပြင်) ဆိုတဲ့ ဥပဒေနဲ့ ဖိနှိပ်စိုးမိုးခြင်း မဟုတ်။  

rule of law  ဆိုတာ အုပ်စိုးသူရော၊ အုပ်စိုးခံရော ဥပဒေကို လိုက်နာကြတာ၊ အဲဒီဥပဒေကလည်း  အုပ်စိုးခံတွေက ရေးဆွဲပြဒါန်းပြီး အုပ်စိုးသူကို တာဝန် ပေး ခိုင်းထားသလို၊ တာဝန်ခံဖို့  ချည်နှောင်ထားတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မအလက လွှတ်ပေးလိုက်ရင်  ....

Rule of Law (ဥပဒေရဲ့ အုပ်ချုပ်ခြင်း)  ကို ဘယ်တုန်းကမှ မလိုက်နာပဲ၊  အကြိမ်ကြိမ်အခါခါ ချိုးဖောက်တဲ့၊ ကစားပွဲ မနိုင်ရင် ပွဲဖျက်ပစ်တဲ့ ၊ ယုတ်မာညစ်ပတ် ကောက်ကျစ်တဲ့  မအလရဲ့  ...
ပြစ်မှုတွေကို ....

တရားဥပဒေစိုးမိုးရေး သမား ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သဘောထားမလဲ ဆိုတာ သူမအတွက် အဖြေရှိပြီး ဖြစ်ရမယ်။ အဖြေမှားရင် သူမဟာ Rule of Law  လမ်းက လွင့်စင်ပြီး၊  မြောင်းထဲ ကျသွားမယ့် အန္တရာယ်ရှိတယ်။

မအလရဲ့ ပြစ်မှုတွေတွေက ..
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၁ (ဃ) နိုင်ငံတော် ပုန်ကန်မှုက စတင်ပြီး စစ်ရာဇဝတ်မှုတွေ တန်းစီနေတာပဲ။

တဖက်က ရာဇဝတ်ကြောင်း ပြစ်မှုတွေ နဲ့ ...

နောက်တဖက်က ...
သစ္စာမဲ့ခြင်း ယုံကြည်ခြင်းငှါ မထိုက်တန်တဲ့ နာမည်ပျက် black list ဝင်သွားတဲ့ မအလတပ်ကို . ..

ဘယ်လို မှ Rule of Law အရ တာဝန်ယူမှု ၊တာဝန်ခံမှု တွေ ပြောရင်း ထပ်မံ ရင်ကြားစေ့လို့ မရနိုင်တော့ဘူး ... ဆိုတာ ...

ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့၊ နိုင်ငံရေး ကို ရိုးသားစွာ လေ့လာကြသူတိုင်း သိပါတယ်။

လက်ရှိနိုင်ငံ့ပြဿနာက ၂ ပိုင်းရှိတယ်။  

(၁) ၁၉၆၂ ၊ ၂၀၂၁  မှာ ၂ ကြိမ်  ... ပေါ်တင် .. အခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ မြန်မာ့တပ်မတော်ဟာ  rule of law ဥပဒေရဲ့ အုပ်ချုပ်မှုကို မခံယူပဲ ၊  ဥပဒေမဲ့ မင်းမဲ​့ သောင်းကျန်းနေတဲ့ မြန်မာစစ်တပ်ကို  ... ဖျက်သိမ်း ပစ်ရမှာ အလုပ်တခု

(၂) ဖက်ဒရယ် ဒီမိုကရေစီ ခြေ/ဥကို မြန်မာစစ်တပ် မပါပဲ ရေးဆွဲရမှာ အလုပ်တခု။ 
 
အခြေခံဥပဒေကိုတောင် ဖောက်ဖျက်ပြီး  တရားဝင် အစိုးရကိုတောင် ဥပဒေမဲ့ ဖမ်းဆီးပြီး  အာဏာသိမ်းသေးတာပဲ။  EAO တွေနဲ့ ချုပ်တဲ့ NCA က ဘာမို့လို့  ကတိတည်မယ် ထင်နေသလဲ ။ ဒီလို "rule of law ဥပဒေရဲ့ အုပ်ချုပ်ခံခြင်း" မရှိတဲ့ မအလတပ်ကို  EAO တွေက ခြေ/ဥ ပြင်ဖို့ ကိစ္စ သွားပြောနေတာ နောက်ထပ် အကြိမ် တထောင် အာဏာသိမ်းတာ မြင်ချင်လို့လား။ 

၂၀ဝ၈ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ကြသော တိုင်းရင်းသားလက်နက်ကိုင်များ

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA) ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့) ၊ ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား ) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး ) ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် - PNO / PNA) ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် - PLSP) ၊ ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း - ပန်ဝါ NDA- K) ၊ ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA) ၊ ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်) ၊ ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF ) ၊ ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP - ဘီစီကုန်း) ၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊ မွန်ပြည်သစ်ပါတီ (NMSP/ MNLA) ၊ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊ ၊ ဟောင်သရော အထူးဒေသအဖွဲ့၊လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်  ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊ ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)၊ ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊ ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့ ၊ မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊ မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊ မွန်(ခွဲထွက်) - နိုင်စိုက်ချမ်းအဖွဲ့နှင့် ရခိုင်တပ်မတော် - (အေအေ)အဖွဲ့ 
==============

 တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိသမျှ တပ်မတော် နိုင်ငံရေးက မထွက်
By ငြိမ်းငြိမ်း 2 March 2019
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်ငြိမ်းချမ်းသွားသည့် အချိန်တွင် တပ်မတော်က နိုင်ငံ ရေး လမ်းကြောင်းမှ စွန့်ခွာမည်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားထားပြီး ဖြစ်ကြောင်း  
==========

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပါက နိုင်ငံရေးမှ တပ်မတော်ထွက်ခွာမည်


နိုင်ငံရေး၌ တပ်မတော်သည် အဓိက အခန်းကဏ္ဍတွင်ပါဝင်နေမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများရှိနေသည့်အပေါ် ဗိုလ်ချုပ်စိုးနိုင်ဦးက "တည်ငြိမ်အေးချမ်းမှု  ရှိဖို့အတွက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမရှိတော့မှ တည်ငြိမ်အေးချမ်းမှာ၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်နိုင်မှာ။ အဲဒီအချိန်မှာအားလုံး အေးချမ်းသွားပြီဆိုရင် နိုင်ငံရေးလမ်းကြောင်းကနေ ဆုတ်ခွာပါမယ်ဆိုတာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောထားတာလည်းရှိ ပါတယ်" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

=========

နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည်
ကျော်စွာမိုး 10 June 2019

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်အေးချမ်းသွားသည့်အချိန်တွင် တပ်မတော်က နိုင်ငံရေးမှစွန့်ခွာမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား