မအလပါတီမှတ်ပုံတင် အမိန့်

မကြာခင်က ထုတ်ပြန်တဲ့ မအလပါတီမှတ်ပုံတင် အမိန့် ( ဥပဒေချိုးဖောက် ထားသူတွေ ထုတ်ပြန်လို့ ဥပဒေဟု မသုံးပါ) ကို ပြည်နယ်တွေအတွက် သုံးသပ်ပါမယ်
▪️  SNLD ကတော့ 
တိုင်းရင်းသား ပါတီတွေဟာ
ပါတီဝင် ၁ သိန်း၊ အပေါင်ငွေ သိန်း ၁၀၀၀ မရှိတဲ့အတွက် ...
ပြည်ထောင်စု အဆင့် ပါတီ ဘဝက လျောကျပြီး ပြည်နယ်အဆင့် ပါတီ ဖြစ်သွားတယ်။ ကချင်၊ ကယား စတဲ့ အခြား ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ပြည်နယ်ကျော် ဝင်ပြိုင်ခွင့် မရတော့လို့ စိတ်ပျက်နေပါတယ်။

▪️ SNLD ထုတ်မပြောတဲ့ အချက်က 
ယခင် ပြည်ထောင်စုအဆင့် မျိုးညစ် ဘောမ ပါတီ ၉၀ ကျော်ဟာ 
ပါတီဝင် ၁ ထောင်၊ အပေါင်ငွေ သိန်း ၁၀၀ ရှိရင် ..
ပြည်နယ်နဲ​့ တိုင်း ဒေသတွေမှာ ဝင်ရောက်ပြီး အမွှေဇယား ခင်းကြပါမယ်။ အဲဒီအခါ .. တိုင်းရင်းသားအမည်ခံပါတီတွေဟာ .. မိမိ အိမ်ကွင်းမှာ မဲ ပေးသူ ၁၀၀ ရှိရင် ... ကြံဖွတ် က ( ပွတ်ကာသီကာ ) မဲရှူံးဦးတော့ အနည်းဆုံး ၃ဝ ခွဲတမ်းကို အချိုးကျ ရပါမယ်။ မျိုးညစ် ဘောမ ပါတီ တွေက .. အမတ် ၁ နေရာစီပဲ ရဦးတော့ .. ပြည်နယ် လွှတ်တော်တွေမှာ အမှိုက်တွေ ရှုပ်ပွလာပါမယ်။ ကြံဖွတ် မပြောချင်တဲ့ .. စကား မျိုးညစ် ဘောမ အမတ် တွေက .. အစထောင် ၊ အဆိုတင်ကြပါမယ်။ မအလက ပြည်နယ်လွှတ်တော်မှာ ဥပဒေပြဒါန်းခွင့် တိုးပေးဦးတော့ .. စစ် ၂၅% + ကြံဖွတ် + ဘောမ % ကို ထည့်ပေါင်းရင် ...
တိုင်းရင်းသား ပါတီတွေက xxxx  တို့ဟာ .. ပြည်နယ်လွှတ်တော်မှာ အိမ်ဖြည့်ခံ ဘဝနဲ့ ငုပ်တုပ်မေ့ပါမယ်။ သူတို့ လေလုံထွားတဲ့  xx  ချုပ်အခြာ အာဏာ၊   
ပြည်နယ်ခြေ/ဥ ဆိုတာ .. ဆောင်းတွင် အိပ်မက် ကယောက်ကတတ် ဖြစ်သွားပါမယ်။   " ပေးထားချက် " ဆိုတာ ခွေးစား ထညက်လို လုံးပါးပါး ပါမယ်။ မအလက ပေးတဲ့ အခွင့်အရေးကို အရှိတရားလို့ မြင်ပြီး ၊ ပြည်သူလူထုသွေးထဲသားထဲက တော်လှန်ရေး အရှိတရားကို မျက်ကွယ်ပြုနေမှုကြောင့် .. ကျားသေ အသက်သွင်းတဲ့ မိုက်ပြစ်ကြောင့် .. လူသားဖြစ်တည်မှုက ပေးတဲ့ လူ့အခွင့်အရေးကို ဆုံးရှုံးနေကြရတယ်။


နိုင်ငံရေး ပါတီ ထူထောင်တာဟာ ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာ ကို ကိုယ်စားပြု နိုင်ဖို့ ရွေးကောက်ပွဲဝင်ကြတာ ဖြစ်တယ်။ မိမိပါတီဟာ ဘယ်လို မူဝါဒ၊ ဘယ်လို လမ်းစဉ်၊ ဘယ်လို မဟာဗျူဟာနဲ့ ဆောင်ကျဉ်းပေးမယ် ဆိုတာကို ပြည်သူလူထုကို ချပြပြီး ကိုယ်စားပြုခွင့် တောင်းခံရတာ ဖြစ်တယ်။
ဒါပေမယ့် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ အများစုဟာ မိမိပါတီ လွှတ်တော် အမတ် ဖြစ်ရေး၊ ခေါင်းဆောင်တွေဟာ မိမိ ဝန်ကြီးချုပ် ဖြစ်ရေးအတွက် ပထမဦးစားပေးပြီး ၊ အဲဒီ ရည်ရွက်ချက်ကို အပေါ်ယံ ရွှေမှုံကြဲဖို့ လန်ကြုတ် မျှော်လင့်ချက်တွေ ပေးနေကြတယ်။ အခြားအချိန်မှာ မသိသာပေမယ့် တကယ့် သမိုင်းဝင် အချိုးအကွေ့တွေမှာ မျက်နှာဖုံးတွေ ကွာကျကုန်တာပဲ။
မအလစစ်တပ်ဟာ NLD ရဲ့ နိုင်ငံရေးအင်အားကို လျော့ချပစ်ဖို့ အခြားပါတီတွေကို မျက်နှာသာ ပေးခဲ့တယ်။ ပြည်နယ်တွေမှာ NLD အမတ်အင်အား လျော့ချဖို့ တိုင်းရင်းသားပါတီတွေကို မြှောက်ပေးခဲ့တယ်။ တိုင်းရင်းသား ပါတီတွေဟာ NLD နဲ့ အပြိုင် လွှတ်တော်တက်ရေး တခုပဲ အာရုံစိုက်ခဲ့ကြတယ်။
NLDကလည်း လွှတ်တော်ထဲ မဲကွဲသွားရင် ခြေ/ဥ ပြင်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဝေစားမျှစား မလုပ်ခဲ့ဘူး။ NLD က ၂၀၀၈ ခြေ/ဥ ဟာ စစ်တပ်အာဏာ မသိမ်းချင်လို့ အာဏာယူထားတာ ဆိုတဲ့ ဂျင်းကို စားမိတယ်။ အာဏာသိမ်းခဲ့ရင် ဆိုပြီး ရှေ့ မဟာဗျူဟာ လုံးဝ မရှိခဲ့ဘူး။ NLDဟာ သမိုင်းမှာ စစ်တပ် အလိမ် ၂ ခါ ခံရတယ်။ အဲဒီပါတီတွေက စစ်အာဏာရှင် လက်ဝေခံ တွေ ဆိုတာ အခုသိရပြန်တော့ NLD ဝေစားမျှစား မလုပ်တာ မှန်နေရော။
တိုင်းရင်းသားပါတီတွေကလည်း အမတ်နေရာ ရရေး ၊ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ရေးအတွက် NLD ကို ရန်သူလို သဘောထားကြတယ်။ NLD ရှိလို့ သူတို့ အနေချောင်တာ မသိကြဘူး။ NLD ဆီက အမတ် နေရာတွေကို ခွဲယူဖို့ အကြံထုတ်ကြတဲ့ နေရာမှာ အချိုးကျ ကိုယ်စားပြုစနစ်ကို မြွေမကြောက် ကင်းမကြောက် ထောက်ခံကြတယ်။ စစ်တပ်က ၂၅% ယူထားတာကို မကြောက်ကြဘူး
၂၀၂၃ မှာ NLD က ရွေးကောက်ပွဲ မဝင်ဘူးလည်း ဆိုရော တိုင်းရင်းသားပါတီတွေ ကိုယ်ရှူး ကိုယ်ပက်ကြတယ်။ အချိုးကျ ကိုယ်စားပြုစနစ်ကြောင့် ကြံဖွတ်တွေဟာ ပြည်နယ်လွှတ်တော်ထဲ ရောက်လာပြီး စစ်တပ် ၂၅% နဲ့ ပေါင်းတဲ့ခါ တိုင်းရင်းသားပါတီတွေဟာ မဲခွဲတိုင်း ရှုံးကြတော့မယ်။ မအလစစ်တပ်က မကြာခင် ပါတီမှတ်ပုံတင် ဥပဒေ (အသစ်) နဲ့ ပါတီတွေ ဖျက်သိမ်းခံရတဲ့အခါ ၊ စစ်အာဏာသိမ်းတာ ထောက်ခံတဲ့ ၃၄ ပါတီရော၊ တိုင်းရင်းသားပါတီတွေပါ အကုန်လုံး မြောင်းထဲရောက်ကြတော့မယ်။ NLD ရှိလို့ ပစားပေးထားတာကို လည်လှပြီ ထင်တလုံးနဲ့ မာန် တက်ကြတဲ့ ရလာဒ်ကို မကြာမီ မြင်ကြရတော့မယ်။
ဒီထက်ပိုဆိုးတာက ပါတီမှတ်ပုံတင် ဥပဒေ (အသစ်) နဲ့ လွတ်ကင်းရင်တောင် ၂၀၀၈ ခြေဥကို ကျားသေ အသက်သွင်းမိတဲ့ သမိုင်းတရားခံ ဖြစ်ကြတော့မယ်။ ပေးထားချက် အရှိတရား ဆိုတဲ့ သခင်ကျွေးတဲ့ ထန်းလျက်လုံး ကို လျက်ရင် း အိမ်ခွေးလုံးလုံး ဖြစ်ကြတော့မယ်။ လောကက ပေးထားတဲ့ လွတ်လပ်ခြင်း ဆိုတာ ဘာလဲ မသိ၊ မိမိဘာသာ အစာ ရှာ မစားတတ်တဲ့ ဘဝ ရောက်နေကြတယ်။ "ပေးထားချက် ၊ အရှိတရား "ဆိုတာ "ကျွေးတာ စား၊ ထားရာနေ၊ စေရာသွား " ဆိုတဲ့ ဘောင်ခတ်ထားတဲ့ ကျွန် အတွေးအခေါ် ကို စားလုံး လှလှပပ ရေးထားတာ ဖြစ်တယ်။

တကြိမ် အလိမ် ခံရရင် လိမ်တဲ့ သူ အပြစ်
နှစ်ကြိမ် အလိမ် ခံရရင် အလိမ်ခံတဲ့သူ အပြစ်
ရိုးအချင်ယောင်ဆောင်နေတာတွေ ရပ်တန်းက ရပ်ကြဖို့ လိုပြီ


 


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား