ကြည့်သောသူ မြင်၏

▪️ ဒေါ်အောင်ဆန်းစုကြည်က "NUG ကို အားပေး ထောက်ခံတယ်"လို့ ပြောရင် မအလက အကြမ်းဖက်ဥပဒေနဲ့ အမှုဆင်မှာ ဖြစ်တယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆီက နွေဦးတော်လှန်ရေးနဲ့ ပက်သက်ရင် ဘာတွေ အချက်ပြနေသလဲ။ အတိတ်ကို ဆောင်ရင် ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင်ကို ဦးဉာဏ်ဝင်း တို့ သွားမေးတော့ ဗူးသီးတလုံးပါ လက်ဆောင်ပေးလိုက်တယ်။

နွေဦးတော်လှန်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ အချက်ပေးသလဲ။

✅ မအလက ရွေးကောက်ပွဲ မဝင်ရင် ပါတီဖျက်မယ် ခြိမ်းခြောက်တော့ " ပြည်သူရှိရင် ပါတီရှိတယ် " လို့ အသံပြုလိုက်တယ်။ ၂၀၁၀ တုန်းက သိန်းစိုး ရဲ့ ပါတီမှတ်ပုံတင် ဥပဒေအရ NLD ဟာ မအလ ဥပဒေမဝင် ပါတီ တခါ ဖြစ်ခဲ့ဖူးတယ်။

✅  ပါတီတွေ EAO တွေကိုပါ"အားလုံး ညီညွတ်ကြဖို့ " မကြာခဏ သတိပေးတယ်။ ကျန်းမာရေးကို အထူးတလည် သတိပေးတယ်။

✅ မအလ စွပ်စွဲတဲ့ အမှုတွေကို "အခြေအမြစ်ကင်းမဲ့တာတွေချည်းပဲ " လို့ ပြည်သူကို အသိပေးတယ်။ စိဉ္စာမာန လက်သစ် မအလ စွပ်စွဲတဲ့ မဲကိစ္စ၊ ငွေကိစ္စ၊ ရဟတ်ယဉ်ကိစ္စ၊ လျှို့ဝှက်ချက် ကိစ္စ အကုန်လုံးကို ဆိုလိုတယ်။

✅ ရှောင်တာနယ်က  " ပြည်သူတွေ ဒီမိုကရေစီအတွက် ခုခံ တွန်းလှန်နေတာနဲ့ Gen Z လူငယ်တွေကို ချီးမွမ်းတယ် " ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို   "အမှန်တရား" သိအောင် နိုင်ငံတကာသို့ ပြောပေးဖို့  တောင်းဆိုခဲ့တယ်။

✅ အပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဟာ မှန်ကန်ကြောင်း အလုပ်နဲ့ သက်သေပြလိုက်တယ်။  ဒေါ်စန္ဒာမင်း ဦးတိုးလွင် က " NLD ရွေးကောက်ပွဲ ဝင်ရေး " သွားပြောတယ်။ " ( သိန်းစိုး ကော်မရှင်မှာ ပါတီမှတ်ပုံတင် ပြီး) NLD ရုံးခန်းဖွင့်'ဖို့ " ပြောတယ်။  

ဒါဟာ " ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်ခိုင်းတာ၊ NUG ကို တရားဝင်မှု ဖျက်ခိုင်းတာ၊ NLD ကို အသစ်ပြန်ဖွဲ့ခိုင်းတာ " ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်တာဟာ အပေါ်က အချက်တွေနဲ့ စုပေါင်းစဉ်းစားရင် " NUG ကို ထောက်ခံတယ်" လို့ သွယ်ဝိုက်ပြောနေတာပဲ။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် မပြောလည်း၊ သိရမယ့်  ထင်ရှားတဲ့  တချက် ရှိတယ်။ ကြည့်သောသူ မြင်၏



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား