PRF ကို အဆင့်မြင့်တင်ဖို့

PRF ကို အဆင့်မြင့်တင်ဖို့ NUG ကို အကြံပေးခဲ့တာ နှစ်ပေါက်နေပြီ။  

https://minthitburma.blogspot.com/2022/03/blog-post_31.html  ။ action  မရှိဘူး။ အကြံဉာဏ်ကို အလေးမထားဘူး။  အကြံက ဒီလိုပါ။  ပြည်ပရောက် အိမ်အကူတွေ အလုပ်သမားတွေဟာ ငွေသား cash နဲ့ ရန်ပုံငွေ ထည့်ကြတယ်။ ဒါဟာ သူတို့အတွက် အလွယ်ကူဆုံးပဲ။ အိုင်ရင်းဟာ ဒီနည်းနဲ့ ရန်ပုံငွေတွေ ရနေတာ ဖြစ်တယ်။

NUG အနေနဲ့ ငွေသားနဲ့ ရန်ပုံငွေ လက်ခံတဲ့ စနစ်တခု လုပ်ဖို့ လိုတယ်။ ဒါပေမယ့် ငွေသားနဲ့ လက်ခံပြီး စာရင်း ပျောက်လို့ မရဘူး။ လှူဒါန်းသူဟာ ပြန်ပြီး စစ်ဆေးလို့ရမယ့် စနစ်ရှိရမယ်။ QR code နဲ့ စစ်ဆေးလိုက်ရင် အလှူရှင် မှတ်တမ်းဟာ ပေါ်လာရမယ်။ ဒါမှ ငွေသားလက်ခံသူ၊ အလှူရှင်၊ NUG နဲ့ PDF အကြား ပွင့်လင်းမြင်သာမယ်။  အာစိဏ္ဏကံ နဲ့ လစဉ်လှူသမျှ ဟာ တကြိမ်ထဲ တလုံးတခဲထဲ လှူတာထက် ပိုများနေတတ်တယ်။ တော်လှန်ရေးပြီးတဲ့အခါ ဒီလူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ဖို့လိုတယ်

ဒီစနစ်ကို NUG က အကောင်အထည် မဖော်ပဲ ဖင့်နွဲ့နေတယ်။ ဒီစနစ်ကို မွန်ပြည်လွတ်မြောက်ရေးတပ်မတော် ( မွန်ထောက်ပံ့ရေးအဖွဲ့) က လုပ်ပြလိုက်တယ်။



သူတို့ QR က လောလောဆယ်မှာ အလှုရှင် ၊ အဖွဲ့ဝင် နံပါတ်၊ ရက်စွဲ ပဲ ဖော်ပြပေမယ့် ၊ နောင်အခါ ပရိုပရမ်ကို တိုးချဲ့ လိုက်ရင် လှူဒါန်းငွေ ပမာဏကိုပါ ဖော်ပြနိုင်တယ်

NUG ဟာ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရလို့ ဆိုပြီး ဆင်ခြေတွေပေးနေတတ်တယ်။ PDF ကို လနတပ်ဆင်တာ နှောင့်နှေးတာကို ပြည်တွင်း အနေအထား၊ မအလ နှောက်ယှက်မှုကြောင့် ဆိုရင် လက်ခံပေးလို့ရတယ်။ ပြည်ပမှာ လုပ်ရတဲ့ ကွန်ပြူတာ နဲ့ ပညာရှင်ရှိ ရင် ရေးလို့ ရတဲ့ စနစ်တခုကို မလုပ်နိုင်တာ ကို ကြည့်ရင် .. NUG ဟာ ကိုယ်တိုင် နဂို ဖျင်းတဲ့ အချက်လေး​ေတွ ရှိတယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား