အာဏာသိမ်းတာလား၊ အာဏာ ထိန်းတာလား
အာဏာသိမ်းတာလား၊ အာဏာ ထိန်းတာလား
အာဏာသိမ်းတာ ဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ က ပြည်သူ့ ဆင့်လွှဲ အာဏာနဲ့ ဖွဲ့စည်း ထူထောင်ထားတဲ့ နိုင်ငံတော်အစိုးရ တခုလုံး ကို လက်နက်ကိုင် အကြမ်းဖက် ပြီး ဖမ်းဆီး တဲ့ အတွက် အာဏာသိမ်းတာ ဖြစ်တယ်။ နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်။ ဦးဝင်းမြင့် ရဲ့ အစိုးရသက်တမ်းဟာ (၅) နှစ် ဖြစ်တယ်။ ၅ နှစ် သက်တမ်းဟာ ၂၀၂၁ ဧပြီ ၁ အထိ ဖြစ်တယ်။ ဒီကြားကာလမှာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံသည် ဖြစ်စေ၊ မခံသည်ဖြစ်စေ ( စစ်တပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံထားပြီး ဖြစ်တဲ့အတွက် ) ဦးဝင်းမြင့် အစိုးရကို လက်နက်ကိုင် အကြမ်းဖက် ဖြုတ်ချတာဟာ နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်။ အာဏာထိန်းတာ မဟုတ်ဘူး။

ပုဒ်မ ၄၁၇ နဲ့ ညီညွတ်သလား ၊ ချိုးဖောက်သလား။
ချိုးဖောက်တယ်။
ပုဒ်မ ၄၁၇ - “နိုင်ငံတော် အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းတွေ့ရှိလျှင် နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်၀န်းလုံး ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်း ဖေါ်ပြရမည်။” လို ပြဒါန်းထားတယ်။

(၁)နိုင်ငံတော် အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်း .. ကို
( စစ်တပ်ကိုယ်တိုင် လက်ခံ ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပြည်သူ့အာဏာရ ) ဦးဝင်းမြင့် အစိုးရသည် ကျူးလွန်ခြင်း မရှိပါ။ ဦးဝင်းမြင့်က .. ဦးဝင်းမြင့် ဆီက အာဏာ မလုပါ။ မအလ ဦးဆောင်သော စစ်တပ်က ဦးဝင်းမြင့် ဆီက အာဏာလုယူမှုကို အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ကျူးလွန်ခြင်း ဖြစ်ပါသည်။

(၂) ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ...
( စစ်တပ်ကိုယ်တိုင် လက်ခံ ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပြည်သူ့အာဏာရ ) ဦးဝင်းမြင့် အစိုးရသည် ကျူးလွန်ခြင်း မရှိပါ။

https://www.facebook.com/ThePeopleLibrary/videos/515528742756260

ပုဒ် မ ၃၉၉ မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC ) ရဲ့ တာဝန် ကို အတိအကျ ပြဒါန်း ထားပြီး ပုဒ်မ ၄၀၂ မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လူပ်ငန်းများ နှင့် ရွေးကောက်ပွဲ ခုံအဖွဲ့များ ၏ ဆုံးဖြတ်ချက် နှင့် ဆောင်ရွက်ချက်သည် "အပြီးအပြတ်" အတည်ဖြစ်ရမည် လို့ ပြဒါန်းထားတယ်။

မအလ ရဲ့ ပါတီမှတ်ပုံတင်ဥပဒေမှာလည်း UEC ရဲ့ ဆုံးဖြတ်ချက် နှင့် ဆောင်ရွက်ချက်သည် " အပြီးအပြတ်" အတည်ဖြစ်ရမည် လို့ ရေးလာပြန်တယ်။ ဒီနေရာမှာ နိုင်ငံတော် သမ္မတက UEC ဥက္ကဌနဲ့ အဖွဲ့ဝင် ၅ ဦးကို ခန့်အပ်ရမည် ဆိုတဲ့ ပုဒ်မ ၃၉၈ (က) ကို ချိုးဖောက်ပြီး ကာချုပ် မအလ က လက်မှတ်ထိုး ခန့်အပ်ထားတဲ့ သိန်းစိုး ဥက္ကဌ UEC ဟာ ဥပဒေနဲ့ မညီညွတ်ပါ။ တရားမဝင်ပါ။ ၎င်းတို့ ထုတ်ပြန်သော ဥပဒေအမည်ခံ အမိန့် များ၊ ကျင်းပသော အတုအယောင် ရွေးကောက်ပွဲများသည် ဥပဒေမဲ့၊ အဓမ္မမှုများ ဖြစ်ပြီး တရားမဝင်ပါ။
မဲစာရင်း ပုံစံ (၁) ဆိုသည်မှာ ကနဦး မဲရုံမှာ ကပ်တဲ့ "မဲပေးခွင့်ရှိသူ စာရင်း " ဖြစ်ပါတယ်။ လဝက၊ ထွေအုပ်အဆက်ဆက် အသုံးမကျမှု၊ ဖွား/ သေ / ရွေ့ပြောင်း သူများ စာရင်း မငြိမ်သဖြင့် ရွေးကောက်ပွဲနေ့ မတိုင်ခင် ပထမအကြိမ်၊ ဒုတိယအကြိမ် စသည်ဖြင့် ပြည်သူကို စစ်ဆေးခိုင်းသော စာရင်းဖြစ်တယ်။ မအလ ကိုင်ပြောနေတဲ့ မဲစာရင်း ပုံစံ (၁)ဟာ သန်းရွေ၊ သိန်းစိန် အစိုးရအဆက်ဆက် အစထဲက အမြဲတမ်း မှားနေတဲ့ စာရင်းတွေ ဖြစ်တယ်။
မအလဟာ ... လက်သန်းမှင်တို့ မဲပေးပြီး မဲရုံကိုယ်စားလှယ်တွေ လက်မှတ်ထိုး အတည်ပြုထားတဲ့ တကယ့် "မဲစာရင်း " ပုံစံ (၁၆) ကို ... ထုတ်မပြောရဲဘူး။ အခုလောက်ဆို ဖျောက်ဖျက်ပစ်လိုက်ပြီ ထင်တယ်။
ပုဒ်မ ၃၉၉ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC ) ဟာ မဲမသမာမှု တိုင်ကြားချက်တွေကို ခုံရုံးဖွဲ့ စစ်ဆေးပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။ မအလဟာ UEC ရဲ့ တာဝန် ဝတ္တရား မထမ်းဆောင်ခင်မှာပဲ အာဏာသိမ်းတာ ဖြစ်တယ်။ မဲမသမာမှု စွပ်စွဲချက်တွေကို UEC က စစ်ဆေးပြီးမှ မကျေနပ်တယ် ဆိုရင်လည်း အကြောင်း ယုတ္တိတန်ပါသေးတယ်။

(၁) NLD အစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ်၊ ဝန်ကြီး၊ မြို့တော်ဝန်များကို ဖမ်းဆီးခြင်း
(၂) NLD ပါတီကို သောင်ပြို ကမ်းပြို မနိုင်စေရန် အချိုးကျ ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးခြင်း
(၃) NLD ပါတီကို ဖျက်သိမ်းရန် မူလ ပါတီမှတ်ပုံတင် ဥပဒေကို ဖျက်သိမ်းပြီး မအလ စိတ်ကြိုက် အသစ်သတ်မှတ်ခြင်း
(၄) NLD ပါတီဝင်များကို ရန်သူဟု သတ်မှတ်ပြီး ဖမ်းဆီး tတ်ဖြတ် ခြင်း၊ ပါတီရုံးများ ကို ဖျက်ဆီးခြင်း
အကွက်ချ ယုတ်မာကောက်ကျစ်မှုကို ပေါ်လွင်ခြင်း (၂) ရပ်
(၁) မူလ UEC ဥက္ကဌ ဦးလှသိန်းကို ပြန်လွှတ်ပေးခြင်း ၊ ဒုတိယအကြိမ်လွှတ်တော်ကို ခေါ်မပေးတဲ့ တီခွန်မြတ်၊ တရားရုံးချုပ်မှာ စာချွန်တော်ကို ေရွှ့ဆိုင်းထားခဲ့တဲ့ ထွန်းထွန်းဦးတို့ ဘေးမဲ့ပေးထားခြင်း၊
(၂)) ၂၀၂၁ မတိုင်ခင် ၊ ရခိုင်အရေးအခင်း အကြောင်းပြကာ၊ ကာလုံ ခေါ်ခိုင်းပြီး အရေးပေါ်အခြေအနေ ကြေညာခိုင်းရန် ကြံစည်ခဲ့ခြင်း။

(၃) နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) နှင့် ညှိနှိုင်းခဲ့ပါသလား

(၄) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာခဲ့သလား။
တရားဝင် အာဏာ မအပ်နှင်းခံရတဲ့ စစ်သူပုန် တွေ ကြေညာချက်သည် ဥပဒေ တန်း မဝင်ပါ။ ကြေညာချက် သက်သက်မျှသာ ဖြစ်တယ် ။ အရေးပေါ်အခြေအနေ ကြောင့် အာဏာသိမ်းတာ မဟုတ်ပဲ၊ အာဏာသိမ်းလိုက်လို့ တကယ့် အရေးပေါ်အခြေအနေ ဟာ ဖြစ်ပေါ်လာတာ (၂) နှစ် ရှိပါပြီ။

မှတ်ချက်။ ။
၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၂၁ မတ်လ တွင် တရားဝင် ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ CRPH သည် ကမ္ဘာ့ အသိအမှတ်ပြု ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူမှ လွှတ်တော်၊ လွှတ်တော်မှ ကိုယ်စားပြုကော်မတီ သို့ ပြည်သူ့ဆင့်လွှဲ အချုပ်အခြာ အာဏာ အပ်နှင်းထားသော အဖွဲ့ဖြစ်ပါတယ်။

ပမာဆောင်ရသော် ၊ ဗြိတိသျှ လက်အောက် ၁၉၃၅ မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ပုံ အက်ဥပဒေ ကို အခြေခံပြီး ကျင်းပသော ၁၉၄၆ ရွေးကောက်ပွဲ တွင် ပြည်သူက နှင်းအပ်သော " ဒီမိုကရေစီ" ပြည်သူ့အာဏာ အရ တိုင်းပြုပြည်ပြု လွှတ်တော် ကျင်းပကာ၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲပြီးနောက်၊ ယင်း ခြေ/ဥ ၏ တရားဝင် ပြဒါန်းချက်အတိုင်း လွတ်လပ်ရေး ရရှိခဲ့တယ်။

ဖော်ပြပါ ၂၀၀၈ ခြေ/ဥ အချက်များဟာ အင်္ဂလိပ်အစိုးရလက်ထက်မှ ယနေ့တိုင် တည်ဆဲ ဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁( ဃ) အရ နိုင်ငံတော်ပုန်ကန်မှု မြောက်သော အချက်များကို မှတ်တမ်းပြုစုထားခြင်း၊ ပြည်သူလူထုကို နိုင်ငံတော် သစ္စာေဖောက် မအလ နှင့် အပေါင်းအပါများ၏ လုပ်ရပ်ကို အသိပညာ ပေးခြင်း သာ ဖြစ်ပါတယ်။
----
နောက်ဆက်တွဲ အသိပညာ ဖြန့်ဝေခြင်း
မြင့်ဆွေ/ မအလ သူပုန်လော်ဘီတွေရဲ့ ယုတ္တိ ကင်းမဲ့သော ဆင်ခြေ (၁) တခုကို အလင်းပြခြင်း။
မေးခွန်း ။ ။ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နဲ့ နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်ရှိပါသလား။ နိုင်ငံတော်သမ္မတ တာဝန်ယူထားသူက လွှတ်တော်ကိုယ်စားလှယ် ၊ နိုင်ငံ့ ဝန်ထမ်း ဖြစ်ရင် နိုင်ငံတော်သမ္မတ ရာထူး မှ ပျက်ပြယ်ပါသလား

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နှင့် တပြိုင်နက် ... ထိုနေ့ မှာ ...
ဦးဝင်းမြင့် ဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း၊ မင်းအောင်လှိုင်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လည်းကောင်း #အလိုအလျောက် ပျက်ပြယ်ပါတယ်။ နုတ်ထွက်/အငြိမ်းစားယူပြီးဟု မှတ်ယူကြပါမယ်။
ကောက်ပင်တို့ကို လက်ဆုပ်ထဲတွင် အားလုံး စုစည်းပြီးမှ လှီးဖြတ်သည့် "ကောက်ပင် ရိတ်လှီး" နည်းဖြင့် ပုဒ်မ (၆၃) ကို ပြဒါန်းထားတယ်။ မည်သို့ပင် ဆိုစေ၊ ဖြစ်စေ " နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည် ဟု မှတ်ယူရမည် " ။
လက်တွေ့ သာဓကမှာ ..
၂၀၁၅ ရွေးကောက်ခံ ပွဲ။ ။ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ် ။ ဒုတိယသမ္မတ ဖြစ်သည်နှင့် စက္ကန့်မခြားပဲ ဦးဝင်းမြင့်ဟာ ၂၀၁၅ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က အလိုလို ပျက်ပြယ်ပါတယ်။
၂၀၂၀ ရွေးကောက်ခံ ပွဲ ။ ။ ဦးဝင်းမြင့်ဟာ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ် ။ သို့သော် ... ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကျမ်းကျိန်ခြင်း ၊ တာဝန် ထမ်းဆောင်ခြင်း မပြုရသေးပါ။

သမ္မတ ရူး နေသော မင်းအောင်လှိုင်အဖို့ ပုဒ်မ (၆၃) သည် ကာချုပ်ရာထူးကို အလိုအလျောက် ပယ်ဖျက်ပေးမည့် ခဲဖျက်ကြီး ဖြစ်တယ် ဆိုတာ သိကြစေ။

Comments
Post a Comment