ခိုင်မဟာသုခ နဲ့ စကားစမည်။

ခိုင်မဟာသုခ နဲ့ စကားစမည်။

ခိုင်မဟာသုခက ပြောတယ်။ "အချိုးမညီ ဖက်ဒရယ် လိုချင်တယ်" တဲ့။

▪️ " ဘာလဲဟ အချိုးမညီ ဖက်ဒရယ် ..ဆိုတာ။ မင်းတို့ပြောတော့ ပြည်နယ်တွေဟာ တန်းတူ ရှိရမယ် ဆို။ အခုတော့ အချိုးမညီ လို့ ပြောပြန်ပြီ။" လို့ မေးတော့

ခိုင်မဟာသုခက " အဲဒါ စစ်အင်အား မရှိ၊ ရှိလည်း မအလနဲ့ မတိုက်ရဲတဲ့.. အချောင်လိုက်နေတဲ့ xxx  က ပြောတာ။ ငါရို့လို နယ်ခြားစောင့် စခန်းတော်ကြီးတွေကို သိမ်းပိုက် နိုင်တော်မူထသော AA တပ်​တော်ကြီး နဲ့ တန်း ညှိစရာလား " လို​့ ဖြေတော်မူတယ်။

▪️ ဒါနဲ့ " အဲ့ဒီ အချိုးမညီ ဖက်ဒရယ် ဆိုတဲ့ တန်းမတူ ညီမမျှ တဲ့ ဖက်ဒရယ်ကို အကျယ်ရှင်းပြပါ" လို့ တောင်းပန်တော့ ..

ခိုင်မဟာသုခက " ဒီလိုလေကွာ... ရခိုင်က ကွန်ဖက်ဒရိတ်လုပ်မယ်။ ကျန်တဲ့ ပြည်နယ်တွေက ဖက်ဒရယ် လုပ်... အဲဒါကို ပြောတာ" တဲ့။

▪️ "အဲ့တော့ ရခိုင်က ဘာအကျိုးရှိသလဲ။ အခြားပြည်နယ်တွေကရော  ဘာအကျိုး ရှိသလဲလို့ "မေးမိတယ်။ 

 ခိုင်မဟာသုခကြီးက " ဒီလို့ ကွဲ့ .. ဖက်ဒရယ်မှာ ပြည်ထောင်စု အစိုးရက တိုင်းတွေ၊ပြည်နယ်တွေဆီက သယံဇာတရောင်းရငွေ၊ ဝင်ငွေခွန်၊ ကားခွန်၊ ဘာခွန် ညာခွန် ကောက်တယ် မလား။ ပြီးတော့ တိုင်းတွေ၊ ပြည်နယ်တွေကို  ဖွံဖြိုးရေး စီမံကိန်းတွေ ရေးဆွဲပြီး ဘက်ဂျက် မျှဝေပေးတယ် မလား။  " 

လေတချက် ရှူသွင်းလိုက်ပြီး . .. " မင်းရို့ ဗမာတွေက လူများတော့ အခွန်များများ ရသကွာ၊ ကျန်တဲ့ ပြည်နယ် သယံဇာတ တွေက သန်းရွှေ သိန်းစိန် မအလက xxx တွေနဲ့ လက်ဝါးရိုက် ရောင်းစားလို့  ပြောင်နေပြီ။ ငါရို့ ရခိုင်ပဲ ဓာတ်ငွေ့ ကျန်တာ။ "
▪️ "တော်တော် လေကြောရှည်တဲ့ လူကြီး ၊ တိုတိုတုတ်တုတ် လိုရင်းပြောစမ်းပါ" လို​့ပြောတော့..

ခိုင်မဟာသုခက  " အေးလကွယ် ... အဲဒီတော့ မင်းတို့ ဗမာတွေ ပေးသမျှ အခွန်တွေကို မင်းတို့ချည်း မသုံးရဘူး။ ပြည်နယ်တွေကို မျှပေးရမယ်။ အဲဒါ ဖက်ဒရယ်ပဲ။  အဲ... ရခိုင်ကတော့ "အချိုးမညီ ဖက်ဒရယ်" ဆိုတော့ ..." 

နှစ်နှစ်ခြိုက်ခြိုက် တချက်ပြုံးပြီး " ဖက်ဒရယ်စနစ်အရ ဘက်ဂျက်ခွဲတမ်း တစု ငါရို့ရမယ်ကွာ။ ".....

 ပိုင်ပြီိဆိုသော မျက်နှာပေးနဲ့ ... " ဒါပေမယ့် .......  ကွန်ဖက်ဒရိတ် ရခိုင်က ပြည်ထောင်စုဘက်ဂျက်ထဲ ရန်ပုံငွေ ထည့်စရာ မလိုဘူး... ဟဲဟဲ .. ဝ ကို ကြည့်လကွာ ... ဗဟိုအစိုးရကပဲ ထောက်ပံ့ငွေ ပေးတာ၊  ဘဘပေါက်က တပြားမှ ဗဟိုအစိုးရကို မပေးဘူး .. မပိုင်လား ဟဲဟဲ "

▪️ " ဟုတ်ပါ့ဗျာ ... အကြံပိုင်ချက်ပဲ" လို့ မြှောက်ပေးလိုက်ရင်း  " ဒါနဲ့ ဘင်္ဂလီတွေက လူဦးရေ များတယ်နော်။ ရုရှ-ယူကရိမ်းကို အတုယူပြီး ကျူးကျော်ရင် ကုလသမဂ္ဂလည်း ဘာမှ မတတ်နိုင်ဘူး။ စိုးရိမ်ပါတယ်တဲ့ ပြီးမှာ ။ အဲဒီတော့ AA တပ်တော်က ကာကွယ်နိုင်ပါ့မလား" လို​့  မေးလိုက်တယ်။

ခိုင်မဟာသုခက  မေးကြောကြီး တင်း၊ လေသံပြင်းပြင်းနဲ့ .." ငါရို့ AA တပ်တော်ဟာ ဆိုရင် တူမီးကြောက် လေကြောင်းသုံး စွသုံးမကျ မအလတပ်ကို နိုင်တော်မူတာကွဲ့ .. ...။  ဘင်္ဂလီတပ်က ... အဲ အဲ ...  "
အသံပျောက်သွား၊ ..... 

" အေး.. ဟိုဟာကွာ ..  "    ...  တဖန် အသံပျောက်သွား.. 

 ခါယမ်းနေသော လေသံတိုးတိုးနဲ့ ..  " အဲဒီတော့ ဖက်ဒရယ်တပ်ပေါင်းစု က ကာကွယ်ပေးမှာပေါ့ကွာ" 

▪️ " ဒီမယ်.. ခိုင်မဟာသုခ ငဲ့ ... ဖက်ဒရယ်တပ်က ကာကွယ်ရအောင် ရခိုင်က ဖက်ဒရယ်ဘက်ဂျက်ထဲ ဖွတ်ကလိ ဒင်္ဂါး တပြားမှ မထည့်ဝင်ဘူး။ ငါရို့က .. နွားတွေ မို့  လာတိုက်ပေးရမှာလား " လို့ မေးတော့

ခိုင်မဟာသုခက တော်တော်ကြာကြာ ငြိမ်သက်သွားတယ်။ သက်ပြင်းတချက် ချလိုက်တယ် .. 

အတန်ကြာမှ အသက်မပါသော လေသံနဲ့  ....

" ၂၀၁၂ က ငါရို့ ပြောဖူးတယ်လေကွာ။  ၇ခိုင်ပြိုရင် ဗမာငိုရမယ် လို့ ။   မင်းတို့  မကူရင် ရိုးမတခုလုံး နောင်တော် ဘင်္ဂလီတပ်က ဒုံးကျည်စခန်းတွေ လာဆောက်မှာ မကြောက်ဘူးလား " လို့  ပြောရင်း ရှိုက်သံတချက် သဲ့ကနဲ ကြားလိုက်ရတယ်။

နေကာမျက်မှန်ကြီး တပ်ထားတော့ မျက်လုံးအိမ်တို့ကို မမြင်ရ၊ အအေးပက်လို့ နှာမွှန်နေတယ် ထင်တာပဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား