တန်းတူရေး

သရေခေတ္တရာ မှာ စကားတွေ ချဲ့ကားပြီး ပြည်ပျက်ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ "ကရင်တကျပ် ဗမာတကျပ်"။ ကိုလိုနီခေတ်မှာ မျက်နှာဖြူတွေက အခွင့်အရေး တမျိုး၊ မြန်မာတွေက အခွင့်အရေးတမျိုး ရှိတယ်။ ရထားစီးရင် သီးသန့်၊ ကလပ်တက်ရင် သီးသန့်၊ လစာရိက္ခာ မတူ။ ခံစားခွင့် မတူ။ ရာထူးရရှိရေး မတူ။ အခွန်မတူ။ ခွဲခြားထားတယ်။
ဒါကို ဗိုလ်ချုပ်က ကိုယ်တွေ့ခံစားခဲ့ရလို့ ၊ လွတ်လပ်ရေးရရင်ဖြင့် မင်းတို့ ကရင်တွေ ဗမာတွေ စားသလို စားရမယ်၊ ဗမာတွေ ရာထူးရသလို ရရမယ်၊ ဗမာတွေ အခွန်ဆောင်တဲ့ ပမာဏ အတိုင်းဆောင်ရမယ်။ ဗမာတွေကို ထောက်ပံ့ကြေး တ ကျပ်ပေးရင် ကရင်လည်း တကျပ်ရမယ်လို့ ဆိုလိုတယ်။
သခင်နဲ့ ကျွန်လို ခွဲခြားမှု မရှိ၊ တဦးက တဦးကို ကျွန်ပြုမှုမရှိ။ ကိုလိုနီမလုပ်။ မြန်မာ( ဗမာ) အမျိုးသားနဲ့ ကရင်အမျိုးသားဟာ "သခင်" တွေ ဖြစ်တယ်၊ လွတ်လပ်တယ် ဆိုတဲ့ နိုင်ငံရေး အဆင့်အတန်း တူညီတာကို ဆိုလိုတယ်။ အမျိုးသားအချင်းချင်း တန်းတူရေး ဖြစ်တယ်။




ဒါကို ကရင် တွေက မြန်မာစကား နားမလည်တာလား၊ နားလည်ရက်သားနဲ့ အထအန ကောက်ပြီး လိုရာစွဲတာလား မသိ။

"ကရင်ပြည်နယ် ချက်ချင်းပေး၊ ကရင် တကျပ် ဗမာတကျပ် ချက်ချင်းပြ" တဲ့။ ကရင်တွေက ရှမ်းတွေ ကချင်တွေလို မဟုတ်ဘူး။ အင်္ဂလိပ်စစ်ဗိုလ်တွေ၊ သာသနာပြုတွေ ၊ ကွန်ဆာဗေးတစ်တွေ ဂျင်းထည့်တဲ့ "အင်္ဂလိပ်က သီးခြားလွတ်လပ်ရေး မယ်တဲ့ " ဆိုတဲ့ ကောလဟာဠကို တကယ် ဟုတ်မဟုတ် လေဘာပါတီ အစိုးရကို အထိ တက်ပြီး ကရင်ပြည် တောင်းဆိုခဲ့တာ။ (မရခဲ့ဘူး။ )အခုလော်ဘီတွေ ပြောသလို ဗိုလ်ချုပ်က ၈ ပြည်နယ် သဘောတူတယ် ဆိုရင် အဲဒီထဲက ကရင်ပြည်နယ် ပေးပြီးပြီ။ (မပေးဘူး။ ) မပေးလို့ စောဘဦးကြီးက ဖဆပလ နုတ်ထွက်တာ။
( ဘာကြောင့် ဗိုလ်ချုပ်က မပေးသလဲ ဆိုတာ အကြောင်းရှိတယ်။ ဂျူဗလီဟော မိန့်ခွန်းမှာ လူမျိုးဆိုတာ ဘာလဲ၊ ပြည်နယ် ဖွဲ့တယ် ဆိုတာ ဘာလဲ ရှင်းပြတဲ့ မိန့်ခွန်းရှိတယ် )

၈၈ မှာ တောခိုရင်း EAO တဖွဲ့မှာ ခိုလှုံနေရတဲ့ ကာတွန်းဟန်လေးက ဖားလျားပြီး၊ လူမျိုးရေးပြဿနာ ကြီးထွားလာစေတဲ့ ကရင် တကျပ်၊ ဗမာတကျပ် ကာတွန်းကို ရေးဆွဲခဲ့တယ်။



သူက နေဝင်းတပ်ဟာ တိုင်းပြည် သယံဇာတကို တပ်ပိုင်၊ ဦးပိုင်၊ အဘပိုင် လုပ်နေတာကို ပြချင်တာ။ ရိုရိုး မပြပဲ၊ ဗမာတွေကို ဆွဲထည့်တယ်။ ဗမာတွေက ကျန် တရသ တွေဆီက ဖျံကျသလိုလို ရေးဆွဲထားတယ်။
ဒီကာတွန်းက ဂယက်ထမယ် ထင်ခဲ့မှာ မဟုတ်ဘူး။
 ဒါပေမယ့် နဂိုထဲက အိပ်ရာဝင် ဗမာမုန်း ပုံပြင်တွေ၊ တရသ ဂျင်းသမိုင်းတွေနဲ့ ကြီးလာသူတွေက ဒါကို မြင်တာနဲ့ မစဉ်းစား မဆင်ခြင်ပဲ တခါထဲ စိတ်ထဲ စွဲမြဲသွားကြတယ်။ 

ဒီထက် ပိုဆိုးတာက CSO တွေ၊ စာတတ်ပေတတ်တွေက လူနည်းစု အခွင့်အရေး လှုပ်ရှား လုပ်စား ရင်း အရှိန်လွန်ပြီး အလွန်အကျွံ ဇာတ်နာပြကြတယ်။ မြန်မာ လော်ဘီတွေပါ မျက်ရည်ချုပွဲထဲ ဝင်ပြီး ကုန်းဆင်းကြတော့ ....   နဂိုထဲက ငိုချင်ရက် လက်တို့ ဖြစ်နေတဲ့ တရသတွေက  ...  ဗမာပြည်နယ် မဖွဲ့ရင် ၊ ဗိုလ်ချုပ်ပြောတဲ့ စကားကို ဆန့်ကျင်တယ်၊ တန်တူးရေး မရှိဘူး လို့ ဇွတ်အတင်း နိုင်ငံရေး အကြပ်ကိုင် လုပ်ကြတော့တယ်။
 
ဗိုလ်ချုပ် ပြောတဲ့ တန်းတူရေး ဆိုတာ ပြည်ထောင်စု အဝှမ်း ပြည်မ မြို့ရွာတွေမှာပါ ယှဉ်တွဲနေထိုင်ကြတဲ့ လူမျိုး အချင်းချင်းတန်းတူရေး၊ လူတန်းစား တန်းတူရေး ဖြစ်တယ်။ 

အရှိတရားနဲ့ မကိုက်ညီပဲ ဖိနပ်နဲ့ မတော်လို့ ဖနောင့်လှီးပြီး လူမျိုးစွဲ ပြည်နယ်တွေ ဖွဲ့ခိုင်းတဲ့ တန်းတူရေးမဟုတ်ဘူး။ 

ဗိုလ်ချုပ်ပြောတဲ့ တန်းတူရေး ကို သွားမယ် ဆိုရင် "  ပြည်သူ့ဒီမိုကရေစီ စနစ် "အထိ သွားရမယ်။
ဒီမိုကရေစီသစ် ရမှပဲ ဗိုလ်ချုပ်ပြောတဲ့ တန်းတူရေး ရှိတယ်။



အမျိုးသား တန်းတူရေး ဆိုတာ
လူမျိုးနာမည်နဲ့ ပြည်နယ်တွေ မဆုံးနိုင်အောင် ဖွဲ့နေတာ မဟုတ်ဘူး။
ဘယ်ပြည်နယ်၊ ဘယ်တိုင်း၊ ဘယ်မြို့နေနေ၊ ဗမာ တကျပ် အခွင့်အရေး ရရင် ၊ ကရင် တကျပ်ဖိုး ရရမယ်လို့ ဆိုလိုတယ်။ ကရင်ပြည်နယ်က ကရင်ပဲ အခွင့်အရေး ရတာ မဟုတ်၊ ရန်ကုန်တိုင်းက ကရင်လည်း အခွင့်အရေး ရရမယ်။

နိုင်ငံရေး တန်းတူရေး ဆိုတာ
လူမျိုးနာမည်နဲ့ ပြည်နယ်တွေ မဆုံးနိုင်အောင် ဖွဲ့နေတာ မဟုတ်ဘူး။
ဗမာက သခင်၊ ကရင်က ကျွန် ၊ ကိုလိုနီ ၊ ဒိုမီနီယံ၊ ဓနသယာယ၊ အစောင့်အရှောက်ခံ၊ ပဏ္ဏဆက် ၊ ဩဇာခံ ဖြစ်တယ် ဆိုတာမျိုး မဟုတ်ပဲ။ နိုင်ငံရေး အဆင့်အတန်း တန်းတူ ဖြစ်တယ်လို့ ဆိုလိုတယ်
ဩစတြေးလျားဟာ ယနေ့အထိ ဗြိတိသျှ ဘုရင် ချားလ်ကို head of state နိုင်ငံဦးသျှောင်ထားနေရတယ်။ ဒါမျိုး မိမိ နိုင်ငံရေး ဂုဏ်သရေ နိမ့်ကျစေတဲ့ သခင် ကျွန် ခွဲခြားမှု ဒီပြည်ထောင်စုမှာ မရှိဘူး။

လူတန်းစား တန်းတူရေး ဆိုတာ

မျိုးရိုး ၊ ဓနဥစ္စာ၊ အာဏာ၊ ဘွဲ့ဒီကရီ၊ ရာထူး အဆင့်အတန်း မခွဲခြားပဲ၊ အလုပ်လုပ်တဲ့ မိသားစုတွေဟာ စား ဝတ် နေရေး ၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာရေး တန်းတူ ရရှိခံစားရမယ် လို့ ဆိုလိုတယ်
ကင်ဆာဖြစ်ရင် ငွေရှိမှ အထူးကုဆေးရုံမှာ ပါရဂူက ခွဲစိတ် ကုသပေးတယ်။ ငွေမရှိရင် မြို့နယ်ဆေးရုံမှာ သေဖို့ စောင့် ဆိုတာ မရှိရဘူး။ ငွေရှိမှ TTC၊ အင်တာနေရှင်စကူးတက်လို့ရတယ် ငွေမရှိရင် ဓမ္မစကူးလ် နဲ့ အထက တက်ဆိုတာ မရှိရဘူး။

ဒီလိူ လူတန်းစားတန်းတူရေးကို "တန်းတူရေး" စကားပြောတဲ့ ဘယ်လော်ဘီ ၊ ဘယ်တရသ အဖွဲ့ မှ တခွန်းမှ မဟဘူး။ သူတို့ပြောတဲ့ တန်းတူရေး ဆိုတာ EAO ၊ E P ရေပေါ် ဆီ အီလစ် တွေ အာဏာ၊ ရာထူး၊ ဓနအတွက် လိုရာစွဲပြောနေကြတာ ဖြစ်တယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား