ဘာသာပြန်အလွဲအမှား နဲ့ ကာလ အလွဲအမှား ကြောင့် ပြည်ထောင်စု ပြိုကွဲနိုင်ခြင်း



ဘာသာပြန်အလွဲအမှား နဲ့ ကာလ အလွဲအမှား ကြောင့် ပြည်ထောင်စု ပြိုကွဲနိုင်ခြင်း


ဘာသာပြန်အလွဲအမှား ဆိုတာ Division ကို "တိုင်း" ဟု ဘာသာ မပြန်ပဲ "ခရိုင်" ဟု လွဲမှားစွာ ဘာသာပြန်ခဲ့ကြသောကြောင့် မြန်မာ့သမိုင်းကို လေ့လာသူများသည် အင်္ဂလိပ်က အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီး စမှာပင် Division ဟုခေါ်သော "တိုင်း" ဒေသကြီးများ ခွဲခြားအုပ်ချုပ်ခဲ့သည်ကို မသိကြတော့ပဲ တိုင်း ၇ တိုင်းကို နေဝင်းက သတ်မှတ်သည်ဟု လွဲမှားစွာ ထင်မြင်ကြလေတော့သည်။ ထို့အပြင် Division ကို "ခရိုင်" ဟု လွဲမှားစွာ ဘာသာပြန်သော်လည်း Subdivision ကိုမူ ဆပ်ဒီဝီဇံဟု မှန်ကန်စွာ ဘာသာပြန်ထားသည်ကို တွေ့ရသည်။ စင်စစ် Division ကိုလည်း "ဒီဝီဇံ" ဟု မှန်ကန်စွာ ဘာသာပြန်သင့်သည်။



ဒုတိယ အလွဲမှာ ယင်း မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်သော ကာလသည် အင်္ဂလိပ်အုပ်ချုပ်ရေး အခြေမခိုင်မီ ၁၈၈၆ မှ ၁၈၉၇ အထိ ၁၀ နှစ်တာ ကာလမျှသာ ဖြစ်ပြီး နောင်အခါ မြန်မာပြည်ဘုရင်ခံက အုပ်ချုပ်သည်။ ထိုအခါ လက်ရှိ မြန်မာပြည်နယ်နိမိတ်အတွင်း "တိုင်း" Division များ ထပ်မံ ခွဲခြားသည့်အပြင် ချင်း၊ ကချင်၊ ရှမ်း ဒေသများသည် ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်ရေး အက်ဥပဒေအရ အစိုးရတခု၊ နိုင်ငံတခု၊ နယ်နိမိတ်တခု အောက်တွင် အုပ်ချုပ်ရေးပုံစံ ကွဲပြားသော ဒေသများ ဖြစ်လာသည်။

စကားဆက်စပ်၍ ပြောရသော်

၁၉၄၇ အောင်ဆန်း အက်တလီစာချုပ်နှင့် ပင်လုံစာချုပ်တို့သည် 1935 Government of Burma Act ဟုခေါ်သော ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်ရေး အက်ဥပဒေကို ရည်ညွန်းထားသည်။ ထို့ကြောင့် ပင်လုံစာချုပ်သည် သီးခြား လွတ်လပ်စွာတည်ရှိသော နိုင်ငံများ ပေါင်းစည်းသော စာချုပ် မဟုတ်။ နဂိုမူလထဲက Burma မြန်မာနိုင်ငံအတွင်းရှိ ကွဲပြားသော စနစ်ရှိသော အုပ်ချုပ်သူအချင်းချင်း သည် လွတ်လပ်ရေးကို ယူမည်၊ ကိုလိုနီအဖြစ် ဆက်မနေပါဟု ဆုံးဖြတ်ပြီး အနာဂတ်တွင် မည်သို့ ပူးတွဲအုပ်ချုပ်မည်ကို သဘောတူကြသော စာချုပ် ဖြစ်သည်။

ထို့ကြောင့် ပင်လုံစာချုပ်တွင် မည်သည့် မြန်မာပြည်မနှင့် မည်သည့် သီးခြား ဒေသ ပူးပေါင်းသည့် စာပုဒ်တပုဒ်မှ မပါရှိပဲ ရှိရင်းစွဲ ဒေသကို ပြည်နယ်အဆင့်သို့ တိုးမြှင့် ပေးရန် ၊ ထိုဒေသများရှိ ပြည်ထဲရေးကို (ကိုလိုနီ လက်ရှိ အခြေအနေအတိုင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန်၊ ထိုဒေသများကို ထောက်ပံ့ပေးရန် ၊ ထိုဒေသရှိ ပြည်သူများ ဒီမိုကရေစီ ခံစားခွင့်ပေးရန် စသော စီမံအုပ်ချုပ်ရေး အချက်များသာ ပါရှိသည်။

အင်္ဂလိပ်အုပ်ချုပ်ရေးကာလတွင် Division "တိုင်း" များရှိနေဆဲကို သိရှိကြသော သူတို့သည် မည်သူမျှ ဗမာပြည်နယ် သတ်မှတ်ပေး၊ ၈ ပြည်နယ်လုပ်မယ်ဟု အရူးထကြခြင်း မရှိကြပေ။ ထိုအရူးထခြင်းသည် နောင် ၁၃ နှစ် အကြာတွင် နေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်တွင် စော်ဘွားအာဏာ စွန့်လွှတ်လိုက်ရသော ရှမ်းစော်ဘွားတို့က မစားရသည့် အမဲ သဲနှင့် ပက်သော လုပ်ရပ်သာဖြစ်သည်။



အကယ်၍ ၈ ပြည်နယ်ကို ဗိုလ်ချုပ်အောင်ဆန်းက သဘောတူသည် ဆိုသည်မှာလည်း လန်ကျုတ်ဇာတ်မျှသာ။ ဗိုလ်ချုပ်အောင်ဆန်းသည် ၈ ပြည်နယ် မဆိုနှင့် ချင်းဒေသကို ချင်းဝိသေသတိုင်း အဖြစ်သာ ထားသည်။ ကရင်က ပြည်နယ်တောင်းသော်လည်း မပေး။ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်လည်း မစဉ်းစား။ စင်စစ် " ဗမာပြည်နယ်၊ ၈ ပြည်နယ်" ဆိုသော အရူးထမှုသည် ၁၉၄၇ ဝန်းကျင်က မည်သူမျှ ခေါင်းထဲ မရှိခဲ့။ စကားအဖြစ်ပင် မပြောခဲ့။ လူမျိုးစွဲပြည်နယ် အစား တောင်တန်းသားတို့ ခေါင်းsဆောင် ညောင်ရွှေစော်ဘွားကြီးက အမေရိကန်ပြည်ထောင်စုလို ဖက်ဒရယ် လိုချင်ကြောင်း ပြောခဲ့သည်သာ ရှိသည်။















Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား