၈ ပြည်နယ်မူ ခေါ် ရှမ်းမူ အကြောင်း အိတ်သွန်ဖာမှောက်
၈ ပြည်နယ်မူ ခေါ် ရှမ်းမူ အကြောင်း အိတ်သွန်ဖာမှောက်
=========
သမိုင်းလှန်ရသော် - ကိုလိုနီခေတ်မှာ နယ်ခြားဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး မရရှိကြဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး အင်္ဂါရပ်တွေဖြစ်တဲ့ ရွေးကောက်ပွဲ၊ လွှတ်တော်၊ အစိုးရ ၊တရားရုံးတွေ မရှိပဲ အုပ်ချုပ်ရေး အဆင့် နိမ့်ကျတယ်။ နိုင်ငံရေး တန်းတူမှု မရှိခဲ့ဘူး။အင်္ဂလိပ်က နယ်ခြားဒေသဟာ လူမှု စီးပွား နိမ့်ကျလို့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ မသင့်တော်သေးပဲ မြန်မာပြည်ဘုရင်ခံ လက်အောက်ခံ ခေတ်ဟောင်း ပဒေသရာဇ်တပိုင်း ဒူဝါ၊ ရမ်အုပ် (ရွာစားမင်း) စော်ဘွား (မြို့စားမင်း) အဖြစ် ဆက်လက်ထားရှိတယ်။ ပြည်ထဲရေးနဲ့ ဘဏ္ဍာရေးကိုပဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထားတာ ဖြစ်တယ်။ ဒါကြောင့်လည်း ၁၉၃၀ မှာ စော်ဘွား ၅ ဦးအင်္ဂလန်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရေး တောင်းဆိုဖို့ ထွက်ခဲ့ကြတယ်။ ဖေ၊ပု၊ ရှိန်လိုပဲ ။
ဒုတိယ ကမ္ဘာစစ် အစမှ အိန္ဒိယနိုင်ငံာ ဆင်းမလားကို စစ်ပြေးနေတဲ့ အင်္ဂလိပ်တွေဟာ စစ်အပြီးမှာ ဆင်မလားမှာ ရေးဆွဲလာတဲ့ စက္ကူဖြူစီမံကိန်းကို ကိုင်ပြီး မြန်မာပြည်ကို အုပ်ချုပ်တယ်။ ဆာဒေါ်မန်စမစ်ဟာ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ မြန်မာပြည် နယ်ခြားဒေသကို တိုက်ရိုက်အုပ်ချုပ်ပြီး၊ မြန်မာ ပြည်မကို ဝန်ကြီးများအဖွဲ့နဲ့ အုပ်ချုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက " အင်္ဂလိပ်က အက်တလန်တိတ်ချာတာဟာ အိန်ဒိယနဲ့ ဗမာပြည်ဟာ နဲ့ မသက်ဆိုင်ဘူးလို့ ဆိုတယ် " လို့ မိန့်ခွန်းမှာ ဖော်ထုတ်တယ်။ အင်္ဂလိပ်ဟာ ကိုလိုနီနယ်တွေကို လွတ်လပ်ရေးမပေးပဲ၊ ပြည်မကို ပြန်လည်ထူထောင်ရေး ၅ နှစ် လုပ်ပါရစေ၊ ပြီးမှ လွတ်လပ်ရေးယူ ပါ။ နယ်ခြားကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် အဆင့်မမီ အင်္ဂလိပ်အောက် ဆက်နေပါလို့ လှည့်ဖျားနေတယ်။ နေသူရိန် လူထုအစည်းအဝေးပွဲမှာ လွတ်လပ်ရေး ချက်ချင်းပေးဖို့ တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်တယ်။
ဒုတိယ ကမ္ဘာစစ် အစမှ အိန္ဒိယနိုင်ငံာ ဆင်းမလားကို စစ်ပြေးနေတဲ့ အင်္ဂလိပ်တွေဟာ စစ်အပြီးမှာ ဆင်မလားမှာ ရေးဆွဲလာတဲ့ စက္ကူဖြူစီမံကိန်းကို ကိုင်ပြီး မြန်မာပြည်ကို အုပ်ချုပ်တယ်။ ဆာဒေါ်မန်စမစ်ဟာ ၁၉၃၅ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ မြန်မာပြည် နယ်ခြားဒေသကို တိုက်ရိုက်အုပ်ချုပ်ပြီး၊ မြန်မာ ပြည်မကို ဝန်ကြီးများအဖွဲ့နဲ့ အုပ်ချုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက " အင်္ဂလိပ်က အက်တလန်တိတ်ချာတာဟာ အိန်ဒိယနဲ့ ဗမာပြည်ဟာ နဲ့ မသက်ဆိုင်ဘူးလို့ ဆိုတယ် " လို့ မိန့်ခွန်းမှာ ဖော်ထုတ်တယ်။ အင်္ဂလိပ်ဟာ ကိုလိုနီနယ်တွေကို လွတ်လပ်ရေးမပေးပဲ၊ ပြည်မကို ပြန်လည်ထူထောင်ရေး ၅ နှစ် လုပ်ပါရစေ၊ ပြီးမှ လွတ်လပ်ရေးယူ ပါ။ နယ်ခြားကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် အဆင့်မမီ အင်္ဂလိပ်အောက် ဆက်နေပါလို့ လှည့်ဖျားနေတယ်။ နေသူရိန် လူထုအစည်းအဝေးပွဲမှာ လွတ်လပ်ရေး ချက်ချင်းပေးဖို့ တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်တယ်။
( စာရေးသူ။ ။ အတ္တလန္တိတ်ချာတာဆိုတာ ဂျင်း၊ တိုင်းရင်းသားတွေကို သီးခြားလွတ်လပ်ရေးပေးမယ် ဆိုတာ ဂျင်း၊ လက်ရှိပြည်နယ်တွေဟာ သီးခြား နိုင်ငံတွေ ရှိခဲ့တယ် ဆိုတာ ဂျင်း၊ အဲဒါတွေ အားလုံး အလိမ်အညာတွေ ချည်းပဲ။ )
၁၉၄၆ ပုလိပ်တွေက စပြီး အထွေထွေသပိတ်ကြီးမှောက်တယ်။ ဗကပနဲ့ ပြည်သူ့ရဲဘော်က သူပုန်ထတော့မယ်။ ဆာဒေါ်မန်စမစ် ဝမ်းတော်လားတယ် ဆိုပြီး ပြေး၊ ဆာဟူးဘက်ရန့်က မြန်မာပြည် ဘုရင်ခံဖြစ်၊ ဖဆပလကို ကြားဖြတ် အစိုးရ ဖွဲ့ခိုင်းရတယ်။ ဖဆပလ လွတ်လပ်ရေး ၁ နှစ် အတွင်းပေးဖို့ တောင်းဆို၊ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သွား၊ စာချုပ်ချုပ်။ ၁၉၄၆ ရွေးကောက်ပွဲလုပ်၊ တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့။ ကရင်တွေကလည်း စစ်ပြီးရင် ကရင်ပြည် ပေးမယ်ဆိုလို့ စောဘဦးကြီး အင်္ဂလန်ကို ကရင်ပြည်တောင်း၊ မရ။ ကရင်သူပုန်ထဖို့ ပြင်တယ်။
အင်္ဂလိပ်က ပြည်မကို လွတ်လပ်ရေး ပေးတော့မယ် ဆိုတော့ ရှမ်းပညာတတ်တွေ၊ ရှမ်းလူထုတွေက လွတ်လပ်ရေး လှေကြုံစီးချင်တယ်။ ရှမ်းမြို့စားမင်း စော်ဘွားတွေက နိုင်ငံရေးအဆင့် တန်းတူ ဒီမိုကရေစီ ဖြစ်လာရင်၊ လက်ရှိအာဏာလေး လက်လွတ်ရမှာ ကြောက်တယ်။ လက်ရှိ ဗဟိုအစိုးရက ထောက်ပံ့ပေးနေတဲ့ဘက်ဂျက်တွေ မရတော့မှာ ကြောက်တယ်။ ကချင်ရွာစားမင်းတွေက ပြည်နယ်အဆင့်လိုချင်တယ်။ ချင်းရွာလေးတွေက ပြည်နယ်အဆင့်မရနိုင်၊ ဝိသေသတိုင်းတော့ လိုချင်တယ်။ ရှမ်းပြည်သူတွေက ပဒေသရာဇ် စနစ်မလိုချင် ဒီမိုကရေစီ လိုချင်တယ်။ ဒါတွေအားလုံး ပင်လုံစာချုပ်မှာ ထည့်သွင်းရေးသားပြီး " တို့လည်း လိုက်မယ် ချန်မထားနဲ့ " ဆိုပြီးလွတ်လပ်ရေး ယူဖို့ လုပ်တယ်။
၁၉၄၇ ပင်လုံစာချုပ် ချုပ်တယ်။ လူမျိုးစုလွှတ်တော်မှာ စော်ဘွားတွေ ဒူဝါတွေ ပါလာတယ်။ ၁၉၄၇ အခြေခံဥပဒေရေးတယ်။ မပြီးခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတယ်။
ပင်လုံစာချုပ် ချုပ်ဆိုအပြီး ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးရတဲ့အခါ ၁၉၄၇အခြေခံ ဥပဒေအရ - နယ်ခြားဒေသ မှာ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ကရင်နီ ပြည်နယ်နဲ့ ချင်းဝိသေသတိုင်း သာ ရှိပါတယ်၊ ပြည်မမှာ - ရခိုင်တိုင်း အပါအဝင် တိုင်း ၈ တိုင်း ရှိတယ်။
၁၉၄၈ အောက်တိုဘာ ၅ မှာ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင် ကိုဖွဲ့စည်းခဲ့တယ်။ လွတ်လပ်ရေး ရတာနဲ့ အတူ "ပြည်နယ်သစ်" ပြဿနာ ပေါ်လာတယ်။ ၁၉၄၇ အခြေခံဥပဒေပုဒ်မ ၁၉၉ ၊ ပုဒ်မ၂၀၀ အရ - ပြည်နယ်အသစ်တွေ ဖွဲ့စည်းခွင့်ပြုထားတယ်။
၁၉၄၉မှာ ကရင်က သီးခြားပြည်နယ် မပေးလို့ လက်နက်ကိုင်တယ်။ ရခိုင် ဘုန်းကြီး ဦးစိန္ဒရာနဲ့ မူဂျာဟစ်က သူပုန်ထတယ်။ ဗမာ့တပ်မတော် BIA BDA PBF စစ်မှုထမ်းဟောင်း ပြည်သူ့ရဲဘော်တွေက တောခိုတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက အင်္ဂလိပ်အရင်းရှင်တွေက စီးပွါးရေးချုပ်ကိုင်ထားဆဲ၊ အလုပ်သမား လယ်သမား မြေယာ အရေး တိုးတက်မှု မရှိ လို့ တောခိုတယ်။ ပြည်တွင်းစစ်မီးတောက်ပြီး ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင် လုပ်ငန်းတွေ ကြန့်ကြာကာ ၁၉၅၂ ရောက်မှ အစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့ပါတယ် ။
၁၉၅၁ သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့တယ်။ ၁၉၅၂ စက်တင်ဘာ သံလွင်ခရိုင်နှင့် သထုံခရိုင်မှ ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ တောင်ငူခရိုင်မှ သံတောင်မြို့နယ် ၁၉၅၅၊ ဇူလိုင် ကျိုက္ခမီခရိုင်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့နယ် ၁၉၆ဝ၊ မတ် တွင် မြဝတီအား သီးခြားမြို့နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်ထဲ ထ့ည့်ပေးတယ်။
" ရခိုင်ပြည်နယ် နဲ့ မွန်ပြည်နယ် တောင်းဆိုမှု" ဖြစ်ပေါ်လာတယ်။ ၁၉၅၈ ဖဆပလ နှစ်ခြမ်းကွဲပြီး ဆွေငြိမ်းအုပ်စု နဲ ့ နုတင်အုပ်စု ဖြစ်လာချိန်မှာတော့ ပါလီမန်လွှတ်တော် အတွင်းမှာ အပြိုင်အဆိုင် စည်းရုံးကြပါတယ် ။
နုတင်အုပ်စုက အနိူင်ရခဲ့ရင် မွန်ပြည်နယ်ဖွဲ့စည်းဖို့ သဘောတူသူများပါက ဖွဲ့စည်းခွင့်ပေးမယ်၊ ပြည်နယ်အခွင့်အရေးတွေရဖို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အတွက် ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု) ကထောက်ခံမဲပေးတယ်။ ရခိုင်ပြည်နယ် ဖွဲ ့စည်းပေးမယ်လို ့ ထပ်မံ ကတိပြုခဲ့တဲ့ အတွက်ပါလီမန်မှာ အမတ် ၆နေရာရထားတဲ့ ရတည (ရခိုင် စည်းလုံး ညီညွတ်ရေး ပါတီ) က နုတင်အုပ်စုကို ထောက်ခံခဲ့ပါတယ် ။
၁၉၅၈ ဇွန်လ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ဦးဗဆွေက " ဦးနုဟာ အရင်က . ပြည်နယ်တွေ အသစ်ဖွဲ ့ခွင့်မပေးဘူးလို့ ပြောခဲ့ပေမယ့် ၊ အခု သူအာဏာတည်မြဲဖို့ အတွက်ပြည်နယ်အသစ်တွေ ခွင့်ပြုပေးခဲ့တယ်" လို့ ပြောဆိုရင်း အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့တယ်။ ဒါပေမယ့် ပမညတ နဲ့ ရတည ရဲ့ ကန့်ကွက်မဲတွေကြောင့် နုတင်အုပ်စုက အနိူင်ရရှိသွားခဲ့ပါတယ်
၁၉၆၀ ဧပြီ ၂၉ မှာ ဦးနု အစိုးရဟာ ပြည်နယ်အသစ်တွေ ဖွဲ့စည်းဖို့ ဒေါက်တာဘဦးခေါင်းဆောင်တဲ့ ငါးဦး အကြံပေးကော်မရှင် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ် ။ ဒီကော်မရှင်က ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် အသစ်တွေ ဖွဲ့စည်းဖို့ နဲ့ ချင်းဝိသေသတိုင်းကို ပြည်နယ် အဖြစ်တိုးမြှင့်ပေးဖို့ စုံစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ် ။
ရခိုင်ပြည်နယ် ဖွဲ့စည်းဖို့ စုံစမ်းချိန် မှာ - သံတွဲ ပြည်သူတွေက သံတွဲကို ပုသိမ်ခရိုင်ထဲထည့်ဖို့ တောင်းဆိုကြတယ်။ ဘူးသီးတောင် မောင်တော ပြည်သူတွေက ရခိုင်ပြည်နယ်ထဲ မထည့်ရန်၊ မေယုခရိုင်က ကျေးရွာ ၂၉ ရွာကို ရခိုင်ပြည်ထဲ ထည့်ဖို့ ပြည်သူ့ဆန္ဒခံယူးပေးရန်၊ ရခိုင်ပြည်က ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ် ဆိုသော ပြဌာန်းချက်တွေကို ထည့်သွင်းဖို့ တောင်းဆိုကြပါတယ် ။
မွန်ပြည်နယ် ဖွဲ့စည်းဖို့ စုံစမ်းချိန် မှာ - ပဲခူးခရိုင် ပြည်သူတွေက မွန်ပြည်နယ်ထဲ ပဲခူးခရိုင်ကို မထည့်ဖို့ ကန့်ကွက်တယ်။ ထားဝယ် နဲ့ မြိတ်ခရိုင်က မွန်ပြည်နယ်ထဲ မပါလိုဟု ပြည်သူတွေက တောင်းဆိုကြတယ်။ မော်လမြိုင် နဲ့ သထုံကို မွန်ပြည်နယ်ထဲ မထည့်ဖို့ တောင်းဆိုကြပြန်တယ်။ ကရင်ပြည်နယ်ထဲရောက်နေတဲ့ မွန်ကျေးရွာ ၅၈ ရွာကို မွန်ပြည်ထဲ ပြန်ထည့်ပေးဖို့တောင်းဆိုကြတယ်။
ချင်းပြည်နယ် တိုးမြှင့်ရေး စုံစမ်းချိန်မှာ - ယောနယ်က လူထုက ယော ဒေသကို ချင်းပြည်ထဲ မထည့်ဖို့ တောင်းဆိုကြတယ်။
အဲဒီလို ရခိုင်၊ မွန်၊ ချင်း ပြည်နယ်သစ် ၃ ခု ဖွဲ့စည်းရေးတောင်းဆိုမှုတွေဟာ တပြိုင်နက် ပေါ်ထွက်လာတယ်။ ထိုအချိန်မှာပဲ ရှမ်းမှာ နောက်ထပ်ပြဿနာတခု ပေါ်ပေါက်လာပြန်တယ်။
၁၉၆၀ နိူဝင်ဘာ ၇ ရက် တောင်ကြီးမြို့မှာ ရှမ်းပြည်အစိုးရက အခြေခံဥပဒေ ပြင်ဆင်ရေးအစည်းအဝေး တစ်ခု ကျင်းပခဲ့ပါတယ် ။ ရှမ်းပြည်က အမတ်တွေနဲ ့ တသီးပုဂ္ဂလများ နိူင်ငံရေးသမားများ တက်ရောက်ကြတယ်။ အစည်းအဝေးက အဖွဲ ့ဝင် ၂၅ဦး (နောင် - ၃၂ ဦး) ပါဝင်တဲ ့ "၁၉၄၇ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီ (ရှမ်းပြည်နယ်) " ကို ဖွဲ ့စည်းခဲ့ပါတယ် ။ ၁၉၆၁ ဇန်နဝါရီ ၂၄ရက်မှာ အဲဒီ ရှမ်းကော်မတီကနေ မူ ၅ ချက် ချမှတ်ပါတယ် ။ ၁။ ဗမာပြည်နယ် ဖွဲ့စည်းရေး။ ၂။ လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေး။ ၃။လူမျိုးစုလွှတ်တော် သို့ ပြည်နယ်အလိုက် ကိုယ်စားလှယ်အညီအမျှ စေလွှတ်ရေး။ ၄။ နိူင်ငံခြားဆက်သွယ်ရေး ၊ ကာကွယ်ရေး ၊ဘဏ္ဍာရေး ငွေစက္ကူထုတ်ရေး ၊ စာတိုက် နှင့်ကြေးနန်း၊ မီးရထား၊လေကြောင်း၊ ရေကြောင်း ပြည်ထောင်စု တရားစီရင်ရေး ပင်လယ်ဆိပ်ကမ်းခွန် စသော ကဏ္ဍများကလွဲပြီး - ကျန်ကိစ္စအားလုံး ပြည်နယ်များကို အာဏာနှင့် အခွင့်အရေး လွှဲအပ်ရေး ။ ၅။ ပြည်ထောင်စု ဘဏ္ဍာကို မျှတစွာ ခွဲဝေရေး စတဲ့ အချက်တွေ ဖြစ်တယ်။ ဒါကို အခြေခံပြီး အခြေခံဥပဒေပြင်ဆင်ရေး စာတမ်းကို ၁၉၆၁ ဖေဖော်ဝါရီ ၂၅ မှာ တောင်ကြီးမှာကျင်းပတဲ ့ ညီလာခံကြီးက အတည်ပြုခဲ့ပါတယ် ။
ရှမ်းပြည် အစိုးရဟာ ၁၉၆၁ ဇွန်လ ၈ရက်နေ့ တောင်ကြီးမြိုမှာ ပြည်နယ်ပေါင်းစုံ ညီလာခံကြီးကို စတင်ကျင်းပတယ် ။ ညီလာခံကို ဖိတ်ကြားခံရသူ ၂၂၆ ဦးနဲ ့ လေ့လာသူ ၁၀၄ ဦးတက်ရောက်တယ် ။ ရှမ်းပြည် က ကိုယ်စားလှယ် ၁၃၀ ဦးပါဝင်ပါတယ် ။ ပြည်နယ်ဝန်ကြီးတွေထဲက ကယားဝန်ကြီး စပ်ဝဏ္ဏ တစ်ဦးတည်းသာ တက်ရောက်ပြီး ကျန်ဝန်ကြီး နှစ်ဦးကခရီးလွန်နေပါတယ် ။ ကချင်ဝန်ကြီး ဆမားဒူးဝါးဆင်နောင် နဲ ့ ချင်းဝန်ကြီး ဦးဇာရဲလျန်တို ့က ရှမ်းမူကို မထောက်ခံတဲ ့အတွက် ညီလာခံ ပထမပိုင်းမှာ လာမတက်ပါဘူး ။နောက်ပိုင်းရက်တွေမှသာ ရောက်လာခဲ့ပါတယ် ။ ဒီ ညီလာခံကို ဗမာကိုယ်စားလှယ်တွေကိုလုံးဝမဖိတ်တဲ ့အပြင် အမတ် ၄ နေရာရ ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် (ရပလဖ) ကိုလဲ လုံးဝ မဖိတ်ပါဘူး ။
ညီလာခံကို ၉ရက်ကြာ ကျင်းပခဲ့ပြီး ၊ ၁၉၆၁ ဇွန်လ ၁၉ရက်မှာ အချက်၅ချက် ပါတဲ့ကြေငြာချက်တစ်ခုကို ထုတ်ပြန်ပါတယ် ။ အဲဒီအချက်တွေထဲမှာ ယခုဆွေးနွေးတဲ့ ရှမ်းမူကိုအခြေခံပြီး အခြေခံဥပဒေကို ပြင်ပေးဖို ့ ပြည်ထောင်စုအစိုးရကို တောင်းဆိုတဲ့ အချက်တစ်ချက်လဲ ပါဝင်ပါတယ် ။ ဒီလို တောင်းဆိုတဲ့ အချက် ကို ညီလာခံကို တက်ရောက်ခဲ့တဲ့ ဆမားဒူဝါဆင်ဝါးနောင် ဦးဇာရဲလျန်နှင့် ဦးအေစိုးမြင့်တို ့က မထောက်ခံ ခဲ့ကြပါဘူး ။
၁၉၆၁ ဇွန်လ ၂၆ ရက်မှာ ကြိုးကိုင်ကော်မတီက ခေါင်းဆောင်တွေဟာ ရန်ကုန်မြို ့ကိုရောက်ရှိလာတယ်။ ရှမ်းမူနဲ ့ ပတ်သက်လို့ နိုင်ငံရေးသမားကြီးတွေကို လိုက်လံ တွေ့ဆုံရှင်းပြခဲ့ပါတယ် ။
ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ် (ရပလဖ) က ဦးထွန်းအေး နမ့်ခမ်း နဲ့ အဖွဲ့ကလည်း ရန်ကုန်ကို ရောက်လာခဲ့ပြီး ဒီ ရှမ်းမူဟာ " ဖက်ဒရယ်မူ မျက်နှာဖုံးစွပ်ထားတဲ ့ စော်ဘွားမူ" သာဖြစ်ပြီး စော်ဘွားတွေနဲ့ အပေါင်းအပါတွေဟာ ပြည်ထောင်စုက ခွဲထွက်ဖို့ လုပ်နေတာကိုထောက်ခံအားပေးတဲ့ မူသာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ခဲ့ပါတယ် ။
ကြိုးကိုင်ကော်မတီက လိုက်လံတွေ့ဆုံတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်အသီးသီးက ဖြေကြားချက်တွေမှာ -
• ပထစအဖွဲ့ အတွင်းရေးမှူးဟောင်း သခင်ကျော်ထွန်းက " ပြည်နယ်များ၏ မကျေနပ်မှုများသည် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး ဖြစ်လာသည်ဟု မိမိယူဆတယ်။ အခြေခံဥပဒေကို ပြင်စရာမလိုကြောင်း မိသားစု စိတ်ဓာတ်ဖြင့် ဖြေရှင်းလျင် ပြေလည်သွားနိုင်တယ်" ၊
• ပြည်သူ ့ရဲဘော်ခေါင်းဆောင်မှ ဗိုလ်ဖိုးကွန်း ၊ဗိုလ်စန်းမောင် ဗိုလ်အုန်းတင် ၊ ဗိုလ်အောင်နိူင်တို ့က " ပြည်နယ်ပြည်မ သွေးစည်းရေး လိုအပ်တယ်။ လက်ရှိဖွဲ့စည်းပုံသည်လက်တွေ့တွင် အခက်အခဲရှိသဖြင့် ပြည်နယ်ပေါင်းစုံ သမ္မတနိူင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းသင့်တယ်"၊
• သမ္မတကြီး ဦးဝင်းမောင်က " ဆွေးနွေးရာတွင် မိသားစုအသွင်ဖြင့် စိတ်ရှည်လက်ရှည် ဆွေးနွေးစေလိုတယ်"၊
• ဗိုလ်မင်းခေါင် ၊ ဗိုလ်လက်ယျာတို့က " စိတ်ရှည်လက်ရှည် ဆွေးနွေးကြပါ" ၊
• ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက " ရှမ်းက မှားသည်ဖြစ်စေ ဗမာက မှားသည်ဖြစ်စေ သင်ပုန်းချေပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ကြပါ"
• ဗိုလ်မှူးချုပ် ကျော်ဇောက " လူမျိုုးစု တန်းတူရေးနှင့် အခွင့်အရေးရရေး တောင်းဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် နယ်ချဲ့ရန်ကို သတိထားရှောင်ဖို့ လိုပါတယ်။ ရှမ်းပြည်တွင် တရုတ်ဖြူနှင့် ဆီးတိုးတို့ ဝင်ရောက်နှောက်ယှက်မှု ရှိနေပါတယ်။ ထိုသူများနှင့် ပူးပေါင်းနေသော ရှမ်းလက်နက်ကိုင် များကိုလည်း ဆန့်ကျင်ဖို့ လိုပါတယ်။ ရှမ်းဗမာ မုန်းတီးမှုဖြစ်လာမည်ကို မိမိ စိုးရိမ်မိပါတယ်" ၊
• ဦးနု က " တောင်ကြီးညီလာခံ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အမျိုးသား ညီလာခံ ခေါ်လို ခေါ်ပေးနိုင်ပါတယ်။ ဒေါက်တာ ဘဦးခေါင်းဆောင်သော အကြံပေး အဖွဲ့ကို ရှမ်းမူကိစ္စ တာဝန်ပေးထားပြီးပါပြီ။"
• ဘဏ္ဏာရေးဝန်ကြီးသခင်တင်က " ရှမ်းပြည်မှ အခွန်ရငွေသည် ကျပ်သိန်း ၆ဝမျှသာ ရှိပြီး ပြည်မက နှစ်စဉ် ထောက်ပံ့ငွေ ၁၂၅သိန်းနှင့် အခြား ငွေလုံးငွေရင်းများ ပေးနေရပါတယ်။ ကျနော်ဟာ ၁၉ ၄၇ အခြေခံဥပဒေကို ကိုယ်တိုင်ပါဝင် ရေးဆွဲခဲ့သူတစ်ဦးဖြစ်ပါတယ်။ ရေးဆွဲစဉ်က ပြည်နယ်များသည် ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည်နိူင်သေးခြင်းကြောင့် ပြည်မက ထောက်ပံ့ပေးမည်ဟူသော စေတနာဖြင့် ဆွဲခဲ့ကြပါတယ်။ ပြည်မသည် ဗမာပြည်နယ် ဖြစ်သွားခဲ့လျှင် ဗမာပြည်နယ်က အခွန်ငွေတွေကိုအခြားပြည်နယ်များကို ထောက်ပံ့နိုင်တော့မှာ မဟုတ်ပါဘူး။ "၊
• ဦးဗဆွေက " မိမိ သဘောအရ ဖက်ဒရယ်မူကို သဘောကျပါတယ်။ ဒါပေမယ့် ရှမ်းမူ ဖန်တီးနေပုံကိုမူ သဘောမကျဘူး"
ဟု အသီးသီး ပြန်လည်ပြောကြားကြပါတယ်
ကြိုကိုင်အဖွဲ့မှ ရန်ကုန်သို ့ ရောက်ရှိကာ ၈ပြည်နယ်မူ ( ရှမ်းမူ )အား လိုက်လံရှင်းလင်းနေစဉ်တွင် သဘောမတူသူပေါင်းများစွာ ရှိခဲ့သည် ။ ယင်းသူများ အနေဖြင့် ပြည်နယ်များ၏အခွင့်အရေးနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန်သဘောတူကြသော်လည်း ၈ပြည်နယ်မူ ကိုမူ သဘောမတူကြပေ ။
သဘောမတူရသည့် အကြောင်းများတွင် ထိုအချိန်က ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေသောအချက်တခုလည်း ရှိနေတယ်။
၁၉၅၉ ဧပြီမှာ ရှမ်းပြည်နယ်အတွင်းရှိ စော်ဘွားများ အာဏာစွန့်ကြရပါတယ်။ စော်ဘွားအချို့မှာ ထိုကိစ္စအပေါ် လုံးဝ မကျေနပ်ကြပေ။ ဒါကြောင့် အာဏာမစွန် ့ရသေးမီကပင်ကြိုတင်ပြင်ဆင်မှုများ အများအပြား ပြုလုပ်လာခဲ့ကြတယ်။
၁၉၅၆ ဒီဇင်ဘာလ မန်းရယ်မြို ့တွင် စော်ဘွားအချို ့ ပါဝင်သော အစည်းအဝေးတစ်ခုကိုပြုလုပ်ကျင်းပခဲ့တယ်။ ယင်းအစည်းအဝေးက ရှမ်းပြည်နယ်အား ပြည်ထောင်စုမှ ခွဲထွက်ရန် စတင်ဆုံးဖြတ်ခဲ့ကြသည် ။ အစည်းအဝေး ကျင်းပသည့်နေရာမှာ ရှမ်းပြည်နယ်ကောင်စီဒုတိယ ဥက္ကဌ စဝ်မောင်၏ နေအိမ်တွင် ဖြစ်သည် ။ သဘာပတိမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်သူ ့လုပ်ငန်းဌာန ဝန်ကြီး ဦးဖိုးမှုံ ဖြစ်သည် ။ ( စဝ်မောင် ဟာ စဝ်ခွန်ချို၏ ရတစညဖ အဖွဲ့ဝင် ဖြစ်တယ်။ )
၁၉၅၆ ဒီဇင်ဘာလ မန်းရယ်မြို ့တွင် စော်ဘွားအချို ့ ပါဝင်သော အစည်းအဝေးတစ်ခုကိုပြုလုပ်ကျင်းပခဲ့တယ်။ ယင်းအစည်းအဝေးက ရှမ်းပြည်နယ်အား ပြည်ထောင်စုမှ ခွဲထွက်ရန် စတင်ဆုံးဖြတ်ခဲ့ကြသည် ။ အစည်းအဝေး ကျင်းပသည့်နေရာမှာ ရှမ်းပြည်နယ်ကောင်စီဒုတိယ ဥက္ကဌ စဝ်မောင်၏ နေအိမ်တွင် ဖြစ်သည် ။ သဘာပတိမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်သူ ့လုပ်ငန်းဌာန ဝန်ကြီး ဦးဖိုးမှုံ ဖြစ်သည် ။ ( စဝ်မောင် ဟာ စဝ်ခွန်ချို၏ ရတစညဖ အဖွဲ့ဝင် ဖြစ်တယ်။ )
ရှမ်းပြည်နယ်ကောင်စီ ဥက္ကဌ စပ်ခွန်ချို ဦးဆောင်သော စော်ဘွား အစည်းအရုံး အတွက် သီပေါမြို ့ ကျားဖြူ ပုံနှိပ်တိုက်မှ ရှမ်းဘာသာဖြင့် ထုတ်ဝေသော ခေတ်သစ်ရှမ်းပြည် ခေါ်ရှမ်းသတင်းစဉ်တွင် ဗမာမုန်းတီးရေး နှင့် ခွဲထွက်ရေးကို အကြီးအကျယ် လှုံ ့ဆော်လာကြတယ်။ ထိုစာစောင်အား တာဝန်ခံထုတ်ဝေသူမှာ စိုက်ပျိုးရေး အရာရှိဟောင်း ဦးကြာပု၏အကို ဦးအောင်ပ ဖြစ်သည် ။
၁၉၅၇ ခုနှစ်အတွင်း လားရှိုးမြို ့တွင် ကျင်းပသော ညောင်ရွှေမဟာဒေဝီ စဝ်ဟိန်ခမ်း ( နောက်ပိုင်းတွင် ရှမ်းပြည် လွတ်လပ်ရေးတပ်မတော် SSIA ကို ထူထောင်သူ ) နှင့် စော်ဘွားအချို ့တက်ရောက်သော အစည်းအဝေးမှလည်း ခွဲထွက်ရေးကို ထပ်မံ တည်ပြုခဲ့ကြသည်
၁၉၅၈ မေလ ၁၇ ရက်မှာ ရှမ်းပြည်နယ်ကောင်စီ ဥက္ကဌ ဝန်ကြီး မိုးမိတ်စော်ဘွား စပ်ခွန်ချို၏ နေအိမ်တွင် အစည်းအဝေးကျင်းပခဲ့ရာ " ဖဆပလ ကွဲသည့်ကိစ္စသည် အရေးကြီးကြောင်း ၊ မိမိတို ့အနေဖြင့် ပြည်နယ်များ၏ အခွင့်အရေး နှင့် လိုလားချက်များကိုကော်မတီဖွဲ့တောင်းဆိုသွားရမည်ဖြစ်ကြောင်း " ဆုံးဖြတ်ခဲ့ကြတယ်။
အာဏာမစွန် ့ရသေးမီ ကာလကပင် စော်ဘွားအချို ့သည် မိမိဒေသတွင်းရှိ နယ်အုပ်ချုပ်ရေး အရာရှိကြီးငယ်တို ့နှင့် လျှို ့ဝှက်စွာတိုင်ပင်ကာ လူသူ လက်နက်စုဆောငိး ခြင်းများကြိုတင်ပြုလုပ်ခဲ့ကြတယ်။ စော်ဘွားများ အာဏာစွန့်ပြီးနောက် ၁၉၅၉ နိူဝင်ဘာလတွင် ရှမ်းပြည်နယ် ခွဲထွက်ရေး သူပုန်ထမှု စတင်ပေါ်ပေါက်လာသည်
လက်နက်ခဲယမ်းများအား KMT ကူမင်တန် (တရုတ်ဖြူ) များထံမှ ဘိန်းနှင့်လဲလှယ်ခြင်းယိုးဒယားထံမှ ဝယ်ယူခြင်းတို့ဖြင့် ရရှိကြတယ်။ ရှမ်းလက်နက်ကိုင်ရှားမှုသည် လူမျိုုးရေး မုန်းတီးမှုကို အခြေခံပြီး ကျယ်ကျယ်ပြန် ့ပြန် ့စည်းရုံးကြတယ်။ ၁၉၆၂ နှစ်ဆန်းပိုင်းတွင် အင်အား၄၀၀၀ ခန် ့ထိရှိလာတဲ့အခါ " စော်ဘွားများအား အာဏာပြန်အပ်ရေး" ကို တောင်းဆိုခဲ့ကြတယ်။
လက်နက်ခဲယမ်းများအား KMT ကူမင်တန် (တရုတ်ဖြူ) များထံမှ ဘိန်းနှင့်လဲလှယ်ခြင်းယိုးဒယားထံမှ ဝယ်ယူခြင်းတို့ဖြင့် ရရှိကြတယ်။ ရှမ်းလက်နက်ကိုင်ရှားမှုသည် လူမျိုုးရေး မုန်းတီးမှုကို အခြေခံပြီး ကျယ်ကျယ်ပြန် ့ပြန် ့စည်းရုံးကြတယ်။ ၁၉၆၂ နှစ်ဆန်းပိုင်းတွင် အင်အား၄၀၀၀ ခန် ့ထိရှိလာတဲ့အခါ " စော်ဘွားများအား အာဏာပြန်အပ်ရေး" ကို တောင်းဆိုခဲ့ကြတယ်။
ရှမ်းမူ တောင်းဆိုမှု ရရှိပါက - " ၁၉၄၇ အခြေခံဥပဒေအရ ... လူမျိုးစုလွှတ်တော်မှာ ပြည်မ ၁ ချိုး၊ နယ်ခြား ၁ ချိုး မျှခြေ ထိန်း ထားတဲ့ ဟန်ချက်ဟာ ပြိုပျက်ပြီး ၊ ရှမ်းမူအရ ... ဗမာပြည်နယ် ၁ ချိုး ၊ အခြားပြည်နယ် ၇ ချိုး ဖြစ်လာမယ်။ လူနည်းစု အချင်းချင်း ရိုင်းပင်းတဲ့ ပြည်နယ် ၅ ခုက ထောက်ခံမဲ ရရင် ရှမ်းပြည်ကို ခွဲထွက်မယ်လို့ "လို့ကြံစည်ထားကြတယ်။
ရှမ်းစော်ဘွားတို့က ပြည်ထောင်စုမှ ခွဲထွက်ရန် အစီအစဉ်များ အသင့် ရှိပြီး ဖြစ်တယ်၊ ခွဲထွက်ခွင့်ရပြီး မြန်မာစစ်တပ်က ရှမ်းပြည်မှ ထွက်ခွာသွားပါက ရှမ်းလက်နက်ကိုင် အဖွဲ့များက ထိုနေရာတွင် တာဝန်ယူသွားမယ်။ တောင်ကြီး တာချီလိတ်လမ်းဖောက်ကာ ရှမ်းပြည်နယ်ထွက်ကုန်များအား ယိုးဒယားသို့ ရောင်းချမယ်။ လက်နက်နှင့် လိုအပ်သောပစ္စည်းများယိုးဒယားမှပင် တင်သွင်းမယ်။ ငွေကြေး အကူအညီအတွက် ဆီးတိုးစာချုပ်အဖွဲ့ နဲ့ယိုးဒယားနိုင်ငံတို ့နှင့် ချိတ်ဆက်ပြီးဖြစ်တယ် လို့ ဆိုတယ်။
၁၉၆၂ ဖေဖော်ဝါရီ ၂၄ မှာ ရန်ကုန်တွင် အမျိုးသား ညီလာခံကျင်းပတယ်။ တချိန်တည်းမှာပင် ညနေ၆နာရီ တွင် ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်တွင် ရှမ်းမူ ဆွေးနွေးပွဲကြီးကို တပြိုင်တည်းကျင်းပကြတယ်။ အခမ်းအနားတွင် ဦးနုက အဖွင့်မိန် ့ခွန်းပြောကြားပြီး စဝ်ခွန်ချိုက ၈ပြည်နယ်မူကို အဆိုတင်တယ်။
စဝ်ခွန်ချိုက ပြောကြားရာမှာ - " ပင်လုံ စာချုပ် မချုပ်ခင် ဆွေးနွေးကြတာမှာ
( ၁) တန်းတူညီမျှ အခွင့်အရေး ရှိခြင်း၊
(၂) တောင်တန်းသားဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိခြင်း၊
( ၃) လွတ်လပ်ရေးရရှိပြီးသည့်နောက် ခွဲထွက်နိုင်ခြင်း၊
စတဲ့ အခြေခံတရားသုံးရပ်အပေါ် သဘောတူခဲ့ကြပါတယ်။
၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် ဗိုလ်ချုပ် အောင်ဆန်းက
စတဲ့ အခြေခံတရားသုံးရပ်အပေါ် သဘောတူခဲ့ကြပါတယ်။
၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် ဗိုလ်ချုပ် အောင်ဆန်းက
(၁) အခြေခံ ဥပဒေသည် အချုပ်အခြာအာဏာပိုင် ရမယ်။
(၂) ပြည်ထောင်စုတွင် ပါဝင်လာသော ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာအပြည့်အစုံရှိမယ်။
(၃) အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမယ်။
(၄) လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အရုပ်အလတ်အမြတ်မရွေး တန်းတူညီ မျှမှု ရှိစေရမယ်။
(၅) လူနည်းစုကို အကာအကွယ် ပြုစေရမယ်။
(၆) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာစိုးမိုးအုပ်ချုပ်ရေးဆိုတာ ကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရှိစေရမယ်။
(၆) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာစိုးမိုးအုပ်ချုပ်ရေးဆိုတာ ကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရှိစေရမယ်။
(၇) ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ဘောင်တန်းလိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့ နိုင်ငံရေးတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမယ် လို့ အချက်(၇) ချက် လမ်းညွန် ခဲ့တယ်။
ဒီတော့ " တန်းတူညီမျှ အခွင့်အရေး ရှိခြင်း " ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် လူမျိုးစုတိုင်း ပြည်နယ်သစ်တွေ ဖွဲ့ရမယ်။ ဗမာပြည်နယ်လည်း ဖွဲ့ရပါတယ်။ ( စာရေးသူ ။ ။ ဘာမှလည်း မဆိုင်ဘူး။ လူအခွင့်အရေး တန်းတူရမယ် ပြောတာကို စဝ်ခွန်ချိုက လိုရာစွဲ ပြောတယ်)
" ပြည်ထောင်စုတွင်ပါဝင်လာသော ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာအပြည့်အစုံရှိမယ် " လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်။ လွတ် လပ်ရေးရရှိပြီးတဲ့နောက် ဒီဘက်ကာလမှာ မိမိကံကြမ္မာကို မိမိတို့ဖန်တီးရမယ် ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေပြည့်ပြည့်ဝဝမခံစားရသေးကြောင်း တွေ့ရှိကြရပါ တယ်။ ( စာရေးသူ။ ။ ဒီအချက်က မှန်ပါတယ်။ ဒါကို ပြင်ရပါမယ်။)
ပြည်နယ်များကတော့ ပြည်မနဲ့ ညီမျှမှု မရှိခဲ့တဲ့အတွက် စွမ်းအားရှိသလောက် လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့၊ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ( စာရေးသူ ။ ။ ဒါက ဘဏ္ဍာရေးနဲ့ ဆိုင်တယ်။ ညီတူညီမျှ ဆိုရင် ပြည်မ အခွန်ဝင်ငွေတွေက ဘက်ဂျက်တွေ တဖက်သပ်ထောက်ပံ့ပေးနေတာ ပယ်ဖျက်ရပါမယ်။ ရှမ်းပြည်နယ်လည်း ဗမာပြည်နယ် နည်းတူညီတူညီမျှ ပြည်ထောင်စု ရန်ပုံငွေ ထည့်ဝင်ရပါမယ်။ ဗမာပြည်နယ်က တနှစ် ဒေါ်လာ ၁ ဘီလီယံ ထည့်ရင် ၊ ရှမ်းပြည်နယ်က ဒေါ်လာ ၁ ဘီလီယံထည့်ရပါမယ်)
အခုတော့ ပြည်မလူထုအတွက် ပြည်နယ်တနယ်ဖွဲ့စည်းရေးကို မကြိုးစားဘဲ ပြည်မအဖြစ်ဆိုပြီးထားလေတော့ ပြည်မရဲ့အခွင့်အာဏာနဲ့ ပြည်ထောင်စုအာ ဏာ ရောထွေးစုပေါင်းပြီး စိုးမိုးအုပ်ချုပ်လာတော့ကာ ပြည်ထောင်စုအဖြစ်က လျော့ကျလာပြီး တပြည်ထောင်စိုးမိုးမှုစနစ်သို့ တရွေ့ရွေ့ ကူးပြောင်းလာတာ တွေ့ရှိရပါတယ်။ ( စာရေးသူ။ ။ ဒီအချက်ဟာပြည်နယ်တွေကို လူမျိုးနာမည်တွေ လျှောက်ပေးနေတာနဲ့ ဘာမျှ မဆိုင်၊ ကုစားလို့မရ။ အနာနဲ့ဆေး လွဲနေတယ်။ တောင်တန်းသားများ ညီညွတ်ရေး ဦးစီးကော်မတီ SCOUHP ဥက္ကဌ စဝ်ရွှေသိုက်ပြောသလို အမေရိကန်ပုံစံ ဖက်ဒရယ် လုပ်မှ မှန်ကန်ပါမယ်။ မဟုတ်ရင် ဆေးမှားတိုက်ပြီး လူနာ သေပါလိမ့်မယ်)
ဒါကြောင့် ကျွန်တော်တို့ပြည်နယ် များဟာ တနေ့တခြားတာဝန်ရှိတဲ့ ပြည်မက ပြည်မအစိုးရအပေါ်မှာ သံသယရှိ လာပါတယ်။
(၁) ပြည်မကို ပြည်နယ်တနယ် ဖွဲ့စည်းရေး၊
(၂) လွှတ်တော် (၂) ရပ် အာဏာတူပေးရေး၊
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်း ပြည်နယ်တိုင်း တူညီသော ကိုယ် စားလှယ်ပေးရေး၊
( ၄) ပြည်နယ်များက မိမိဆန္ဒအလျှောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးကို အဆိုတင်ပါတယ် " လို့ ဆိုပါတယ်။
စဝ်ခွန်ချို ရဲ့ အဆိုပြုချက်ကို ဒူဝါဇော်လွန်း ၊ ကပ္ပတိန် မန်းတုန်းနူန်း ဦးထွန်းမြင့် တောင်ကြီး နှင့် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြတယ်။
ဆွေးနွေးပွဲ ဒုတိယနေ ့ကို ၁၉၆၂ မတ်လ ၁ရက်နေ ့တွင် ဆက်လက်ကျင်းပရာ ပမညတကိုယ်စားလှယ် သခင်ချစ်မောင်နှင့် ဦးဖဆွေတို ့က အပြင်းအထန်ကန့်ကွက်ကြတယ်။ ဆွေးနွေးပွဲ တတိယနေ ့ ၁၉၆၂ မတ်လ ၇ ရက်နေ ့တွင် ဝန်ကြီး ဒေါက်တာဦးအေးမောင်က ပထစ၏ ရပ်တည်ချက် သဘောတရားကို ဆွေးနွေး တင်ပြသွားဖို့ စီစဉ်ထားတယ်။ သို ့သော် ထို တတိယနေ ့အစီအစဉ်မှာ ဖြစ်မလာတော့။ ချုံပုတ်ထဲက ချောင်းနေတဲ့ နေဝင်းက၁၉၆၂ မတ် ၂ မှာ အာဏာသိမ်းလိုက်တယ်။
မွန်နဲ့ ရခိုင်ကို ပြည်နယ် အသစ်တွေပေးဖို ့လုပ်တဲ ့ကိစ္စတွေဟာ ရပ်တန် ့သွားခဲ့ရပါတယ်
Comments
Post a Comment